မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖေဖော်ဝါရီ ၁
“ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်ဘာသာရှိကြတယ်။ ဘုရားသခင်ကိုဝတ်ပြုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ရွေးချယ်မှုဟာ ကိုယ်တော်အတွက် အရေးပါတယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၁၅:၉ ကိုဖတ်ပါ။] ဒီဆောင်းပါးမှာ ယေရှုဖော်ပြခဲ့တဲ့ စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်မှုနည်းလမ်းလေးခုကို သုံးသပ်ထားပါတယ်။” စာမျက်နှာ ၁၆ မှဆောင်းပါးကို ဖော်ပြပါ။
နိုးလော့ ဖေဖော်ဝါရီ
“မြန်မာနိုင်ငံဟာ အိမ်ထောင်တည်မြဲမှုကို အလေးထားတဲ့နိုင်ငံဖြစ်တယ်ဆိုတာ မိတ်ဆွေသဘောတူပါလိမ့်မယ်။ ကမ္ဘာချီဖြစ်နေတဲ့ အိမ်ထောင်တည်မြဲဖို့ခက်ခဲမှုတွေကနေ ကျွန်တော်တို့ရဲ့အိမ်ထောင်ကိုကာကွယ်ဖို့လုပ်ဆောင်ခြင်းကို အလေးအနက်သဘောထားသင့်တယ်လို့ မိတ်ဆွေလက်ခံမှာပါ။ ပညာရှိစကားတစ်ခွန်းကို ဝေမျှပေးလိုပါတယ်။ [သုတ္တံ ၁၄:၁၅ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက အိမ်ထောင်ကိုကာကွယ်ဖို့ လိုအပ်တဲ့အရာတွေကို စာရင်းပြုဖော်ပြပေးထားပါတယ်။ မိတ်ဆွေဖတ်ဖို့ တစ်စောင်ထားပေးခဲ့ပါရစေ။”
ကင်းမျှော်စင် မတ် ၁
“သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်ထွက်စကားတော်လို့ယူဆပါသလား ဒါမှမဟုတ် စာအုပ်ကောင်းတစ်အုပ်မျှသာဖြစ်တယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာကိုယ်နှိုက်ဖော်ပြထားတာကို သတိပြုကြည့်ပါ။ [၂ တိမောသေ ၃:၁၆၊ ၁၇ ဖတ်ပါ။] ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာရှိရှိ ဘယ်လိုဆုံးဖြတ်ချက်ချနိုင်ကြောင်းနဲ့ အဲ့ဒီလိုလုပ်ဖို့ဘာကြောင့်အရေးကြီးကြောင်းကို ဒီမဂ္ဂဇင်းမှာဆွေးနွေးထားပါတယ်။’’
နိုးလော့ မတ်
“လူအများနည်းတူ မိတ်ဆွေလည်း သဘာ၀တရားရဲ့လှပတင့်တယ်မှုတွေကို အံ့သြချီးမွမ်းမိမှာပါ။ သဘာ၀တရားကိုလည်း ဉာဏ်ပညာရှိစွာဒီဇိုင်းပြုထားကြောင်း မိတ်ဆွေသဘောတူပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၁၀၄:၂၄ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက သဘာ၀တရားမှာတွေ့ရှိရတဲ့ စိတ်ဝင်စားဖွယ်ဒီဇိုင်းပုံစံတွေကို ဖော်ပြထားပြီး အဲ့ဒါတွေက ကျွန်တော်တို့ကို ဘာသင်ပေးတယ်ဆိုတာ ဆွေးနွေးထားပါတယ်။”