တံခါးဝတွင် ကောင်းစွာကူညီပေးသူဖြစ်ပါ
၁။ ဓမ္မအမှုတွင် တစ်ဦးဦးနှင့်တွဲအမှုဆောင်ခြင်းက အဘယ်အကျိုးကျေးဇူးများရရှိစေသနည်း။
၁ တစ်ချိန်တွင် ယေရှုသည် တပည့် ၇၀ ကိုဟောပြောရန် “နှစ်ဦးစီ စေလွှတ်” ခဲ့သည်။ (လု. ၁၀:၁) ယင်းအစီအစဉ်က သူတို့ဟောပြောနေစဉ် တစ်ဦးကိုတစ်ဦး အားပေးကူညီခွင့်ရရှိစေခဲ့သည်မှာ သေချာသည်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် အခြားကြေညာသူတစ်ဦးနှင့်တွဲသောအခါ မည်သို့အကူအညီပေးနိုင်သနည်း။
၂။ ကျွန်ုပ်တို့နှင့်တွဲသူ တင်ဆက်နေချိန်တွင် မည်သို့နှင့် အဘယ်ကြောင့်နားထောင်သင့်သနည်း။
၂ နားထောင်ခြင်းအားဖြင့်– သင်နှင့်တွဲသူ တင်ဆက်နေစဉ် ဂရုတစိုက်နားထောင်ပါလေ။ (ယာ. ၁:၁၉) ကျမ်းချက်တစ်ချက်ဖတ်သည်ဆိုလျှင် သင့်ကျမ်းစာအုပ်တွင် လိုက်ကြည့်ပါ။ သင်နှင့်တွဲသူဖြစ်စေ၊ အိမ်ရှင်ဖြစ်စေ စကားပြောသည့်အခါ ပြောနေသူကိုကြည့်ပါ။ သင်သည် စကားစမြည်ပြောနေသည်ကို ဂရုတစိုက်နားထောင်မည်ဆိုလျှင် ယင်းက အိမ်ရှင်အား အလားတူလုပ်ဆောင်စေပေမည်။
၃။ ကျွန်ုပ်တို့နှင့်တွဲသူသည် ကျွန်ုပ်တို့ပြောဆိုသည့်စကားကို မည်သည့်အချိန်တွင် လက်ခံနိုင်သနည်း။
၃ ပြောရမည့်အချိန်ကို ပိုင်းခြားသိမြင်ခြင်းဖြင့်– ကျွန်ုပ်တို့နှင့်တွဲသူ တင်ဆက်နေချိန်တွင် သူ့အား ဦးဆောင်ပြောဆိုစေခြင်းဖြင့် သူ့ကို ကျွန်ုပ်တို့ဂုဏ်တင်သည်။ (ရော. ၁၂:၁၀) ကြားဖြတ်ပြောဆိုခြင်းကို ကျွန်ုပ်တို့ရှောင်သင့်သည်။ သူသည် ပြောလိုသည့်အရာကို မေ့သွားပါက သို့မဟုတ် အိမ်ရှင်သည် ငြင်းဆိုကန့်ကွက် သို့မဟုတ် မေးခွန်းထုတ်ပြီး ကျွန်ုပ်တို့နှင့်တွဲသူသည် အကူအညီတောင်းပါက ကျွန်ုပ်တို့သည် အခြားအကြောင်းအရာကိုပြောမည့်အစား ကျွန်ုပ်တို့နှင့်တွဲသူ တင်ဆက်နေသည့်အရာများကို ဖြည့်စွက်ဖို့ ကြိုးစားကြသည်။ (သု. ၁၆:၂၃; ဒေ. ၃:၁၊ ၇) ကျွန်ုပ်တို့ပြောသည်ဆိုလျှင် ကျွန်ုပ်တို့၏စကားများသည် သက်သေခံသည့်အရာကို အထောက်အကူပြုသင့်သည်။—၁ ကော. ၁၄:၈။
၄။ ဓမ္မအမှုတွင် အဘယ်အရာက ကျွန်ုပ်တို့ကို ရွှင်လန်းမှုနှင့်အောင်မြင်မှုရရန် ကူညီပေးမည်နည်း။
၄ တပည့် ၃၅ တွဲတို့သည် ဟောပြောပြီးသွားသောအခါ “ဝမ်းမြောက်စွာ ပြန်လာ” ခဲ့ကြသည်။ (လု. ၁၀:၁၇) ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့နှင့်တွဲသူတို့ကို တံခါးဝ၌ကူညီပေးချိန်တွင် နားထောင်ရမည့်အချိန်နှင့် စကားပြောရမည့်အချိန်ကို ပိုင်းခြားသိမြင်ခြင်းဖြင့် ဓမ္မအမှုတွင် ရွှင်လန်းမှုနှင့် အောင်မြင်မှုရရှိကြပါလိမ့်မည်။