မေ ၁၀ အပတ်အတွက်ဇယား
မေ ၁၀ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၄-၈
နံပါတ် ၁– ၂ ဓမ္မရာဇဝင် ၆:၁-၁၃
နံပါတ် ၂– ဗက်လန်တိုင်းနေ့၊ မိခင်များနေ့နှင့် အမျိုးသားအခမ်းအနားများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာ သိထားသင့်သနည်း (rs-BU စ. ၁၇၀ ¶၁–၆)
နံပါတ် ၃– လောဘကြီးခြင်းသည် အဘယ်ကြောင့် ရုပ်တုကိုးကွယ်ခြင်းဖြစ် (ဧ. ၅:၅)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ရပ်ကွက်ရှိလူတို့ကို လက်တွေ့ကျအကူအညီပေးပါ။ ဓမ္မအမှုကျောင်းစာအုပ် စာမျက်နှာ ၁၈၈၊ အပိုဒ် ၄ မှ စာမျက်နှာ ၁၈၉ အဆုံးအထိကို အခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးပါ။ အခြားသူတစ်ဦး၏ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုကြောင့် တိုးတက်ရန် အကူအညီရရှိခဲ့သူတစ်ဦးကို လူတွေ့မေးမြန်းပါ။
၁၀ မိ– သန့်ရှင်းသောနိုင်ငံတော်ခန်းမက ယေဟောဝါအား ဂုဏ်တင်။ အကြီးအကဲတစ်ဦးဟောပြောရန်။ ယေဟောဝါသည် သန့်ရှင်းသောဘုရားဖြစ်သောကြောင့် ရုပ်ပိုင်းဆိုင်ရာသန့်ရှင်းမှုသည် ကိုယ်တော့်လူမျိုးများအတွက် အရေးကြီးသောအရာဖြစ်သင့်သည်။ (ထွ. ၃၀:၁၇-၂၁; ၄၀:၃၀-၃၂) ကျွန်ုပ်တို့ဝတ်ပြုသောနေရာကို သန့်ရှင်းစွာထားခြင်းနှင့် ကောင်းစွာပြုပြင်ခြင်းက ယေဟောဝါကို ဂုဏ်တင်ရာရောက်သည်။ (၁ ပေ. ၂:၁၂) ဒေသခံအစီအစဉ်များနှင့်အညီ သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးကို ညှိနှိုင်းဆောင်ရွက်ပေးသော ညီအစ်ကိုတစ်ဦးကို လူတွေ့မေးမြန်းပါ။ နိုင်ငံတော်ခန်းမ၏ သန့်ရှင်းသပ်ရပ်သောအသွင်အပြင်ကြောင့် ရပ်ကွက်တွင် သက်သေခံချက်ကောင်းတစ်ခုဖြစ်ခဲ့သော ဒေသခံတွေ့ ကြုံမှု သို့မဟုတ် စာပေများတွင်ပါသော တွေ့ ကြုံမှုတစ်ခုကို ပြန်ပြောပြပါ။ နိုင်ငံတော်ခန်းမ ထိန်းသိမ်းရေးတွင် ပါဝင်ရန် အားလုံးကို အားပေးပါ။
၁၀ မိ– “ဤသတင်းကောင်းကို ဟောပြောရလိမ့်မည်။” မေးဖြေဆွေးနွေးရန်။