မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီဇင်ဘာ ၁
“မိဘနှစ်ပါးစလုံးရှိတဲ့မိသားစုထက် ကြင်ဖော်မဲ့မိဘတွေက ပိုခက်ခဲတယ်ဆိုတာ မိတ်ဆွေသဘောတူပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ခက်ခဲနေတဲ့သူတွေကို ထောက်ထားစာနာမှုပြရမယ်လို့ သမ္မာကျမ်းစာက အားပေးထားတယ်။ [ဆာလံ ၄၁:၁ ကိုဖတ်ပါ။] စာမျက်နှာ ၂၂ မှာပါတဲ့ဆောင်းပါးက ကြင်ဖော်မဲ့မိဘတွေကို ဘယ်လိုထောက်ထားစာနာမှုပြနိုင်တယ်ဆိုတာ ရှင်းပြထားတယ်။”
နိုးလော့! ဒီဇင်ဘာ
“တစ်ယောက်ယောက်က မိတ်ဆွေကို စိတ်နာအောင်လုပ်ဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ခွင့်လွှတ်ဖို့ အားပေးတယ်။ [မဿဲ ၆:၁၂ ကိုဖတ်ပါ။] စာမျက်နှာ ၁၉ မှာပါတဲ့ဆောင်းပါးက လူတစ်ယောက်ကို ဘယ်နှစ်ကြိမ်အထိ ခွင့်လွှတ်ရမယ်ဆိုတာ ဖော်ပြထားတယ်။”
ကင်းမျှော်စင် ဇန်နဝါရီ ၁
“လူအများက ဧဒင်ဥယျာဉ်ကို ဒဏ္ဍာရီပုံပြင်လို့ပဲ ယူဆကြတယ်။ ယေရှုက အာဒံနဲ့ ဧဝကိုတကယ့်ပုဂ္ဂိုလ်တွေအဖြစ် ပြောဆိုခဲ့တာကို မိတ်ဆွေ သိရတဲ့အခါ အံ့သြသွားသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ မဿဲ ၁၉:၄-၆ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ဧဒင်ဥယျာဉ်နဲ့ပတ်သက်တဲ့ လူတွေမေးလေ့မေးထရှိတဲ့ မေးခွန်းတချို့ကို ဖြေဆိုထားတယ်။”
နိုးလော့! ဇန်နဝါရီ
မျက်နှာဖုံးကိုပြပြီး ဒီလိုမေးပါ– “ဒီမေးခွန်းကို မိတ်ဆွေ ဘယ်လိုဖြေမလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာကတော့ လူတွေကို သင့်သင့်မြတ်မြတ်နေဖို့ အားပေးတယ်။ [ယာကုပ် ၃:၁၇ ကိုဖတ်ပါ။] ဒါဆိုရင် ဘာသာတရားက ဘာကြောင့် လူတွေကို စည်းလုံးအောင်မလုပ်ပေးနိုင်တာလဲ။ ဘာသာတရားက လူတွေကို သင့်မြတ်အောင် လုပ်ပေးနိုင်တဲ့အစွမ်းရှိပါ့မလား။ ဒီမဂ္ဂဇင်းမှာ ဒီမေးခွန်းတွေရဲ့အဖြေကို ဖြေဆိုထားတယ်။”