မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း
ကင်းမျှော်စင် ဇွန် ၁
“ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို ကျွန်တော်တို့သိရှိနိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကို စောင့်ပါ။] အဲဒီအမှန်တရားရှာဖွေခြင်းနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်။ [ယောဟန် ၁၇:၁၇ ကိုဖတ်ပါ။] ဘုရားသခင်ကို ကျွန်ုပ်တို့ဝတ်ပြုပုံသည် အရေးကြီးပါသလောဆိုတဲ့မေးခွန်းကို ဒီဆောင်းပါးမှာ အဖြေပေးထားတယ်။” စာမျက်နှာ ၉ မှ ဆောင်းပါးကို ဖော်ပြပါ။
နိုးလော့! ဇွန်
“မြီးကောင်ပေါက်အရွယ်ဆိုတာ ဆယ်ကျော်သက်တွေအတွက်ရော၊ သူတို့မိဘတွေအတွက်ပါ တကယ့်ကိုခက်ခဲတဲ့အချိန်ဖြစ်တယ်လို့ မိတ်ဆွေသဘောတူမှာ သေချာတယ်။ ဒီအကြံပြုချက်က မိဘတွေအတွက် အထောက်အကူပြုမယ်လို့ မိတ်ဆွေထင်သလား။ [ယာကုပ် ၁:၁၉ ကိုဖတ်ပြီးနောက် တုံ့ပြန်မှုကို စောင့်ပါ။] ဒီမဂ္ဂဇင်းမှာပါတဲ့ ကျမ်းစာအခြေပြု၊ လက်တွေ့ကျအကြံဉာဏ်တွေကို မိတ်ဆွေနှစ်သက်မှာပါ။”
ကင်းမျှော်စင် ဇူလိုင် ၁
“ချစ်ရသူတစ်ဦး ဆုံးပါးသွားတဲ့အတွက် စိတ်ထိခိုက်တာကို ကျွန်တော်တို့အားလုံး ကြုံဖူးကြတယ်။ အဲဒီလိုအချိန်မှာ ကျမ်းစာက ကူညီနိုင်မယ်လို့ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်၍ ဆာလံ ၅၅:၂၂ ကိုဖတ်ပါ။] ကျမ်းစာမှာပါတဲ့ လက်တွေ့ကျဖြေရှင်းနည်းတွေကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။”
နိုးလော့! ဇူလိုင်
“အိမ်ထောင်သည်တွေခံစားရတဲ့စိတ်ဖိစီးမှုက ပိုပြီးတိုးများလာနေတယ်၊ အများစုက ကွာရှင်းပြတ်စဲနေကြတယ်။ ဒီကျမ်းစာအကြံဉာဏ်က အိမ်ထောင်ရေးမှာ အောင်မြင်စေမယ်လို့ ထင်သလား။ [သုတ္တံ ၁၂:၁၈ ကိုဖတ်၍ တုံ့ပြန်မှုကိုစောင့်ပါ။] အိမ်ထောင်သည်တွေကို ပိုပြီးရင်းနှီးချစ်ခင်စေတဲ့ နောက်ထပ်ကျမ်းစာမူတွေကိုလည်း ဒီမဂ္ဂဇင်းက ရှင်းပြထားတယ်။”