မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖေဖော်ဝါရီ ၁
“ဘုရားသခင် ဘယ်လိုပုံပန်းသဏ္ဌာန်ရှိသလဲဆိုတာ တကယ်သိနိုင်သလား။” [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအကြောင်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာဆောင်းပါးတစ်ပုဒ်ရှိတယ်။” စာမျက်နှာ ၁၆ မှာပါတဲ့ မေးခွန်း ၂ နဲ့ ညွှန်းထားတဲ့ကျမ်းချက်တွေကို ဖတ်ပြီး ဆွေးနွေးပါ။ မဂ္ဂဇင်းဝေငှပြီးနောက် မေးခွန်း ၃ မှာပါတဲ့ အကြောင်းအရာကို ဆွေးနွေးဖို့ ပြန်သွားဖို့စီစဉ်ပါ။
နိုးလော့! ဖေဖော်ဝါရီ
“ဒီနေ့လူအတော်များများက မုသားမပါ လင်္ကာမချောဆိုပြီး အလွယ်တကူပဲ လိမ်ညာပြောကြတယ်။ ဒီအဆိုကို မိတ်ဆွေ ဘယ်လိုယူဆသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာကတော့ ဒီလိုပြောတယ်။ [ဧဖက် ၄:၂၅ ကိုဖတ်ပါ။] စာမျက်နှာ ၁၀ မှာပါတဲ့ ဆောင်းပါးက ကျွန်ုပ်တို့ ဘာကြောင့်လိမ်မပြောသင့်တဲ့အကြောင်း ရှင်းပြတယ်။”
ကင်းမျှော်စင် မတ် ၁
“ယေဟောဝါသက်သေတွေကို သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကြောင့် လူသိများတယ်။ ကျွန်တော်တို့ဘာကြောင့် ဒီလိုလုပ်တာလဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းချက်ကို လိုက်ဖတ်ကြည့်ပါ။ [မဿဲ ၂၄:၁၄ ကိုဖတ်ပါ။] သတင်းကောင်းဆိုတာဘာလဲ၊ နိုင်ငံတော်ဆိုတာဘာလဲ၊ ရောက်လာတော့မယ့်အဆုံးက ဘာလဲဆိုတဲ့မေးခွန်းတွေကို ဒီမဂ္ဂဇင်းမှာ အဖြေပေးထားတယ်။”
နိုးလော့! မတ်
“လူအတော်များများက ဖျားနာနေကြလို့ အားရှိစရာဒီကျမ်းချက်ကို ဖတ်ပြချင်တယ်။ [ဟေရှာယ ၃၃:၂၄ ကိုဖတ်ပါ။] ဒီကျမ်းချက်ပြည့်စုံတဲ့အခါ ဘဝက ဘယ်လိုဖြစ်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအပြောင်းအလဲကို ဘုရားသခင်မလုပ်ပေးမီမှာ ကျန်းမာရေးကောင်းအောင် လုပ်ဆောင်နိုင်တဲ့ အခြေခံနည်းလမ်းတွေကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”