ဖေဖော်ဝါရီ ၁၃ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၁၃ တွင်စမည့်အပတ်
သီချင်း ၇ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၁၆ အပိုဒ် ၁၃-၁၈ (၂၅ မိ.)
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ဟေရှာယ ၅၂-၅၇ (၁၀ မိ.)
နံပါတ် ၁– ဟေရှာယ ၅၆:၁-၁၂ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ပေတရုရဲ့ သစ္စာစောင့်သိကြောင်းတင်ပြတဲ့ ပုံသက်သေကနေ ကျွန်ုပ်တို့ဘာအကျိုးရနိုင်သလဲ—ယော. ၆:၆၈၊ ၆၉ (၅ မိ.)
နံပါတ် ၃– လင်ပြိုင်မယားပြိုင်ထားခြင်းကို ကျမ်းစာက ခွင့်ပြုသလား—rs စ. ၄၃၅ အပိုဒ် ၁-၆ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– သွန်သင်သူတစ်ဦးအဖြစ် စွမ်းရည်ကို တိုးတက်စေပါ—အပိုင်း ၁။ ဓမ္မအမှုကျောင်းစာအုပ် စာမျက်နှာ ၅၆ အပိုဒ် ၁ ကနေ စာမျက်နှာ ၅၇ အပိုဒ် ၂ ကိုအခြေခံပြီး ဟောပြောရန်။
၁၀ မိ– လွန်ခဲ့တဲ့ခြောက်လမှာ ကျွန်ုပ်တို့တွေ ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲ။ အသင်းတော်အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက တိုက်နယ်ကြီးကြပ်မှူးရဲ့ နောက်ဆုံးအစီရင်ခံစာပေါ်မူတည်ပြီး လယ်ကွင်းနဲ့ပတ်သက်တဲ့ တိုးတက်ဖို့လိုအပ်တဲ့ကဏ္ဍတွေကို ပေါ်လွင်စေပါ။ အထူးသဖြင့် သင်အံမှုနဲ့ လည်ပတ်မှုကို အာရုံစိုက်စေပါ။ ကင်းမျှော်စင် လူထုအတွက်စာစောင်မှာပါတဲ့ “ဘုရားသခင့်စကားတော်မှ သင်ယူပါ” ဆောင်းပါးကိုအသုံးပြုပြီး သင်အံမှုအသစ်စဖို့ အားပေးပါ။
၁၀ မိ– “အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ အခုကတည်းက ပြင်ဆင်ပါ။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၃ ကိုသုံးသပ်တဲ့အခါ လုပ်ငန်းတော်ကြီးကြပ်မှူးကိုဖိတ်ခေါ်ပြီး မတ်၊ ဧပြီနဲ့ မေလအတွင်း ဒေသခံလယ်ကွင်းလုပ်ငန်းစုဆုံမှု အစီအစဉ်တွေကို ဖော်ပြစေပါ။
သီချင်း ၁၀၇ နဲ့ ဆုတောင်းချက်