သင့်ရဲ့ ဖိတ်ခေါ်ခြင်းကို တိုးချဲ့နိုင်မလား
အသင်းတော်များစွာမှာ နာတာရှည်ရောဂါကြောင့် ဒါမှမဟုတ် အသက်အရွယ်ကြီးလာတာကြောင့် ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ သိပ်မပါဝင်နိုင်ကြတော့တဲ့ ကြေညာသူတွေရှိပါတယ်။ (၂ ကော. ၄:၁၆) အဲလိုအခြေအနေရှိနေတဲ့ ညီအစ်ကို၊ ညီအစ်မ တစ်ယောက်ယောက်ကို ကျမ်းစာသင်အံမှုတစ်ခုမှာ သင်နဲ့အတူ ပါဝင်ဖို့ ဖိတ်ခေါ်နိုင်မလား။ တကယ်လို့ သူက အိမ်ပြင်မထွက်နိုင်ဘူးဆိုရင် ကျမ်းစာသင်သားကို သူ့အိမ်ခေါ်သွားပြီး ကျမ်းစာသင်နိုင်တယ်။ ကျန်းမာရေးမကောင်းတဲ့ ကြေညာသူတစ်ယောက်ကို သင်နဲ့အတူ တစ်အိမ်တက်ဆင်းမှာ ခဏလောက်ပဲပါဝင်ဖို့ ဒါမှမဟုတ် ပြန်လည်ပတ်မှုတစ်ခု၊ နှစ်ခုလောက်သွားဖို့ တစ်ခါတလေ စီစဉ်နိုင်မလား။ သက်ကြီးကြေညာသူများစွာမှာ ဟောပြောသွန်သင်ခြင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံအများကြီး ရှိကြတယ်။ ဒါကြောင့် သင့်ရဲ့ ကြိုးစားလုပ်ဆောင်မှုက သူတို့အတွက် အားပေးမှုဖြစ်စေရုံသာမက သင်ကိုယ်တိုင်လည်း အကျိုးရရှိမှာဖြစ်တယ်။ (ရော. ၁:၁၂) ဒါ့အပြင် သင့်ရဲ့မေတ္တာပါတဲ့ ဒီလုပ်ရပ်ကို ယေဟောဝါဘုရားသခင် ဆုချမှာဖြစ်တယ်။—သု. ၁၉:၁၇; ၁ ယော. ၃:၁၇၊ ၁၈။