နိုဝင်ဘာလမှာဝေငှမယ့် နိုင်ငံတော်သတင်း နံပါတ် ၃၈
၁။ သေလွန်သူတွေနဲ့ပတ်သက်တဲ့ ဘယ်မေးခွန်းတွေကို လူတွေ သိချင်ကြသလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို နိုဝင်ဘာလမှာ ဘယ်လိုသိနိုင်မလဲ။
၁ ဘယ်ဘာသာကိုပဲ ယုံကြည်ကြပါစေ သေခြင်းတရားက လူအားလုံးအတွက် ရန်သူဖြစ်တယ်။ (၁ ကော. ၁၅:၂၆) လူသေရင် ဘယ်ရောက်သွားမလဲ၊ သူတို့နဲ့ ပြန်တွေ့ရပါဦးမလားဆိုတဲ့ မေးခွန်းတွေကို လူတွေ သိချင်ကြတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက အသင်းတော်တွေဟာ “သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား” ခေါင်းစဉ်ရှိတဲ့ နိုင်ငံတော်သတင်း နံပါတ် ၃၈ ကို နိုဝင်ဘာလတစ်လလုံး ဝေငှကြပါလိမ့်မယ်။ ဒီအထူးကင်ပိန်းကို နိုဝင်ဘာ ၁ ရက်မှာ စတင်ကြမယ်။ နိုင်ငံတော်သတင်း နံပါတ် ၃၈ ကို ကင်ပိန်းကာလအတွင်း ဝေငှပြီးတဲ့နောက် ဝေစာအဖြစ် ဆက်အသုံးပြုသွားပါမယ်။
၂။ နိုင်ငံတော်သတင်း နံပါတ် ၃၈ ဝေစာက ဘယ်လိုပုံစံမျိုးလဲ။
၂ ဝေစာက ဘယ်လိုပုံစံမျိုးလဲ– နိုင်ငံတော်သတင်း နံပါတ် ၃၈ ကို အရှည်လိုက် ခေါက်ချိုး ချိုးထားပြီး ဝေစာရဲ့အရှေ့မှာ စိတ်ဝင်စားဖွယ် ခေါင်းစဉ်နဲ့အတူ “သင် ဘယ်လိုထင်သလဲ၊ ပြန်ရှင်မယ်၊ ပြန်မရှင်ဘူး၊ ပြန်ရှင်ကောင်း ရှင်နိုင်တယ်” ဆိုတဲ့ စာသားတွေနဲ့ စတင်ထားတယ်။ စာဖတ်သူက ဒီဝေစာကို ဖွင့်လိုက်တဲ့အခါ ခေါင်းစဉ်ပါမေးခွန်းရဲ့အဖြေနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုနဲ့ ကျမ်းစာအဆိုကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေအကြောင်း ဖော်ပြထားတာကို တွေ့ရမယ်။ ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်းတွေကိုလည်း တွေ့ရမှာဖြစ်တယ်။ ဝေစာရဲ့ နောက်ကျောဖုံးမှာ သူ့ကို စဉ်းစားစေတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုကို ဖော်ပြထားပြီး ထပ်လေ့လာကြည့်ဖို့ ဖိတ်ခေါ်ထားတယ်။
၃။ နိုင်ငံတော်သတင်း နံပါတ် ၃၈ ဝေစာကို ဘယ်လိုဝေငှသွားမှာလဲ။
၃ ဘယ်လိုဝေငှမလဲ– ဒီဝေစာဝေငှပုံက သတိရအောက်မေ့ပွဲဖိတ်စာ၊ ခရိုင်စည်းဝေးကြီးဖိတ်စာ ဝေငှသလိုမျိုးပါပဲ။ အကြီးအကဲတွေက ရပ်ကွက်တစ်ခုလုံး အချိန်မီပြီးနိုင်ဖို့ ဘယ်လိုဝေငှရမလဲဆိုတာကို ၂၀၁၃၊ ဧပြီ ၁ ရက်ပါစာအတိုင်း ညွှန်ကြားပါလိမ့်မယ်။ ရပ်ကွက် နည်းနည်းပဲရှိတဲ့အသင်းတော်တွေက ရပ်ကွက်များတဲ့အသင်းတော်တွေကို ကူညီပေးဖို့ ကမ်းလှမ်းနိုင်ပါတယ်။ အသင်းတော်မှာ နိုင်ငံတော်သတင်း နံပါတ် ၃၈ ဝေစာတွေ ရောက်လာတဲ့အခါ တစ်ပတ်စာ ဝေနိုင်သလောက်ကိုပဲ ဒီဝေစာတွေကို ယူထားဖို့ဖြစ်တယ်။ ဒီကင်ပိန်းကာလအတွင်း ရပ်ကွက်အကုန်လုံးကို ဝေငှပြီးတဲ့အခါ လူအများရှိတဲ့ ပန်းခြံ၊ စျေးတို့လိုနေရာတွေမှာလည်း ဒီဝေစာကို ဝေငှနိုင်ပါတယ်။ တကယ်လို့ လမကုန်ခင် ဝေစာတွေကုန်သွားမယ်ဆိုရင် သွန်သင်ရာစာအုပ်ကို ဝေငှရမှာဖြစ်တယ်။ ဒီအထူးကင်ပိန်းကာလအတွင်း လရဲ့ ပထမဆုံး စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျမ်းစာသင်အံမှုစနိုင်ဖို့ ကြိုးစားမယ့်အစား ဒီဝေစာကိုပဲ အဓိကဝေငှသွားမှာဖြစ်တယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ သင့်တော်တဲ့အခါတိုင်း မဂ္ဂဇင်းတွေကိုလည်း ဝေငှနိုင်ပါတယ်။ ဒီကင်ပိန်းမှာ အပြည့်အဝပါဝင်နိုင်ဖို့ ကြိုတင်စီစဉ်နေပြီလား။