ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၃ စာ. ၉-၁၁
  • လူကောင်းဖြစ်မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အနာဂတ် ရနိုင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူကောင်းဖြစ်မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အနာဂတ် ရနိုင်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူအများ လက်ခံကျင့်သုံးရာ
  • ဘာအကျိုး ရသလဲ
  • လူကောင်းဖြစ်ရုံနဲ့ ဘာကြောင့် မလုံလောက်
  • လူတိုင်းက ကောင်းတာကိုပဲ လုပ်တာ မဟုတ်ဘူး။
  • “အပြစ်လုပ်သူတစ်ယောက်ကြောင့် ကောင်းတဲ့အရာ အများကြီး ပျက်စီးနိုင်တယ်။”—ဒေသနာ ၉:၁၈။
  • အမှားအမှန်နဲ့ပတ်သက်ပြီး လူတွေရဲ့ အယူအဆက လွဲနေနိုင်တယ်။
  • “လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့ နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၁၂။
  • ဘဝက မရေရာ မသေချာဘူး။
  • “မနက်ဖြန် ဘာဖြစ်လာမယ်မှန်း ခင်ဗျားတို့ သိတာမှ မဟုတ်တာ။”—ယာကုပ် ၄:၁၄။
  • လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို လူတိုင်း လိုချင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • လုံခြုံစိတ်ချရတဲ့ အနာဂတ်ရစေတဲ့ နည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ‘စိတ်နူးညံ့သူတွေ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၃ စာ. ၉-၁၁
ဘတ်စကားပေါ်မှာ အမျိုးသမီးတစ်ယောက်က သက်ကြီးအမျိုးသမီးတစ်ယောက်ကို နေရာဖယ်ပေးနေစဉ်။

လူကောင်းဖြစ်မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အနာဂတ် ရနိုင်သလား

ရာစုနှစ်တွေတစ်လျှောက်မှာ လူများစွာဟာ “လူကောင်းဖြစ်ရင်၊” “ကိုယ်ကျင့်တရားကောင်းရင်” လုံခြုံစိတ်ချရတဲ့ အနာဂတ်ရမယ်လို့ ယူဆခဲ့ကြတယ်။ သာဓကအနေနဲ့ အရှေ့တိုင်းသားတွေဟာ အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် (ဘီစီ ၅၅၁-၄၇၉) ရဲ့ “သင့်ကို သူတစ်ပါး မပြုစေလိုသောအရာကို သူတစ်ပါးအား မပြုနှင့်” ဆိုတဲ့အဆိုကို လေးစားကြတယ်။

လူအများ လက်ခံကျင့်သုံးရာ

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ လူတွေ ယုံကြည်ကြတယ်။ ဒါကြောင့် လေးစားခံရအောင် နေတယ်။ အမူအကျင့်ကောင်း မွေးကြတယ်။ တာဝန်ကျေဖို့၊ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ ကြိုးစားကြတယ်။ ဗီယက်နမ်က အမျိုးသမီး လင်းက “စိတ်ရင်းအတိုင်း ရိုးရိုးသားသားနေရင် ဘဝမှာ ကောင်းတာတွေ ပြန်ရမယ်လို့ ယုံကြည်တယ်” ဆိုပြီး ပြောတယ်။

အဲဒီအမျိုးသမီးက ဆင်းရဲသားနဲ့ အိုးမဲ့အိမ်မဲ့တွေကို အစားအသောက် ဝေပေးနေစဉ်။

တချို့ကျတော့ မိမိတို့ရဲ့ ဘာသာရေး အဆုံးအမနဲ့အညီ ကောင်းအောင် နေထိုင်ကြတယ်။ ထိုင်ဝမ်က ရှုယွန် ဒီလိုပြောတယ်– “အသက်ရှင်နေတုန်းမှာ ကောင်းမှုတွေ ပြုမယ်ဆိုရင် သေသွားပြီးနောက်ပိုင်းမှာ ပျော်ပျော်ရွှင်ရွှင် နေရမယ်၊ မကောင်းတာတွေလုပ်ရင် ဒုက္ခခံရမယ်လို့ ကျွန်မ သွန်သင်ခံရတယ်။”

ဘာအကျိုး ရသလဲ

အဲဒီအမျိုးသမီးဟာ တစ်နေ့တာအကုန်မှာ ဝမ်းနည်း၊ မောပန်းနေပြီး သားငယ်လေးကို ချီထားစဉ်။

တခြားသူတွေအတွက် ကောင်းမှုပြုရင် ကောင်းကျိုးတွေ ခံစားရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ရင်းစေတနာနဲ့ တခြားသူတွေကို ကောင်းမှုပြုတိုင်း ကောင်းတာတွေ အမြဲ ပြန်မခံစားရဘူးဆိုတာ လူတွေ သိခဲ့ကြပြီ။ ဟောင်ကောင်မှာနေတဲ့ ရှုပင်း ဒီလိုပြောတယ်– “ကောင်းတာလုပ်တိုင်း ကောင်းတာ ပြန်မရဘူးဆိုတာ ကျွန်မ ကိုယ်တွေ့ပဲ။ မိသားစုကို အကောင်းဆုံး ဂရုစိုက်စောင့်ရှောက်တယ်။ ကောင်းတာတွေ လုပ်ပေးတယ်။ ဒါပေမဲ့ ကျွန်မတို့ အိမ်ထောင်ရေး ပြိုကွဲသွားတယ်။ ယောက်ျားက ကျွန်မနဲ့ သားကို စွန့်ပစ်ခဲ့တယ်။”

ဘာသာတရား လိုက်စားတိုင်းလည်း လူကောင်းမဟုတ်မှန်း လူတွေ သိမြင်ခဲ့ကြပြီ။ ဂျပန်မှာနေတဲ့ အဆူကို ဒီလိုပြောတယ်– “ကျွန်မ ဘာသာရေး အဖွဲ့အစည်းတစ်ခုထဲ ဝင်ခဲ့တယ်။ လူငယ်အဖွဲ့မှာ ခေါင်းဆောင် ဖြစ်လာတယ်။ အကျင့်ပျက်တာ၊ အာဏာလုတာ၊ ရန်ပုံငွေ အလွဲသုံးစားလုပ်တာတွေ မြင်လိုက်ရလို့ အံ့ဩတုန်လှုပ်မိတယ်။”

ဘာသာတရား ကိုင်းရှိုင်းသူတွေဟာ ကောင်းတာလုပ်နေရင်း မကောင်းတာတွေ ကြုံတွေ့ရတဲ့အခါ စိတ်ပျက်သွားကြတယ်။ ဗီယက်နမ်က ဗန် ဆိုတဲ့အမျိုးသမီး အဲဒီလို ခံစားခဲ့ရတယ်။ “အနာဂတ်မှာ ကောင်းတာတွေ ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်း သစ်သီးတွေ၊ ပန်းတွေ၊ အစားအသောက်တွေဝယ်ပြီး သေသွားတဲ့ ဘိုးဘေးတွေကို ပူဇော်ပသခဲ့တယ်။ နှစ်ပေါင်းများစွာ ကောင်းတာတွေလုပ်ပြီး ဘာသာရေးထုံးစံတွေ လိုက်စားနေတဲ့ကြားက ကျွန်မယောက်ျား အသည်းအသန် ဖျားနာလာတယ်။ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ သမီးလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတယ်” လို့ ပြောပြတယ်။

လူကောင်းဖြစ်ရုံနဲ့ ဘာကြောင့် မလုံလောက်

လူကောင်းဖြစ်ဖို့ အရေးကြီးပေမဲ့ လုံခြုံစိတ်ချရတဲ့ အနာဂတ်ရဖို့ အာမ,မခံဘူး။ ဘာကြောင့်လဲ။ သမ္မာကျမ်းစာ အဆိုကို လေ့လာကြည့်ပါ။

လူတိုင်းက ကောင်းတာကိုပဲ လုပ်တာ မဟုတ်ဘူး။

“အပြစ်လုပ်သူတစ်ယောက်ကြောင့် ကောင်းတဲ့အရာ အများကြီး ပျက်စီးနိုင်တယ်။”—ဒေသနာ ၉:၁၈။

ကိုယ်က လူကောင်းဖြစ်ဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ တခြားသူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ကိုယ့်ကို ထိခိုက်နိုင်တယ်။ ဥပမာ၊ ကပ်ရောဂါ ကာလအတွင်း ကိုယ်က အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာတယ်၊ လူတွေနဲ့ ခပ်ခွာခွာနေတယ်။ ဒါပေမဲ့ တခြားသူတွေက မလိုက်နာရင်ကော။ သူတို့ရဲ့ ပေါ့ဆမှုကြောင့် စည်းကမ်းလိုက်နာသူတွေ ဖျားနာနိုင်တယ်။

အမှားအမှန်နဲ့ပတ်သက်ပြီး လူတွေရဲ့ အယူအဆက လွဲနေနိုင်တယ်။

“လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့ နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၁၂။

သမိုင်းတစ်လျှောက်မှာ လူတွေဟာ မှန်တယ်လို့ ထင်တဲ့အတိုင်း လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မှားနေမှန်း သိခဲ့ကြရတယ်။ ကောင်းတာကို လုပ်နေတယ်လို့ ထင်နေကြပေမဲ့ ဆုံးဖြတ်ချက်တွေ မှားလို့ ဆိုးကျိုးတွေ ခံစားကြရတယ်။

ဘဝက မရေရာ မသေချာဘူး။

“မနက်ဖြန် ဘာဖြစ်လာမယ်မှန်း ခင်ဗျားတို့ သိတာမှ မဟုတ်တာ။”—ယာကုပ် ၄:၁၄။

လူကောင်းတွေတောင် အချိန်မရွေး ဆုံးပါးသွားနိုင်တယ်။ သာဓက ပြရရင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ ပရဟိတ စေတနာ့ဝန်ထမ်း များစွာ အသက်ဆုံးပါးသွားကြတယ်။ တရုတ်ပြည်က လိထင် ဆိုတဲ့ အမျိုးသမီးရဲ့ ဖခင်ဟာ ကားမတော်တဆမှုကြောင့် သေဆုံးသွားတယ်။ သူ ဒီလိုပြောတယ်– “စိတ်ထားကောင်းတဲ့သူတစ်ယောက် ဘာကြောင့် ဒီလိုသေဆုံးသွားတယ်ဆိုတာ ကျွန်မ နားမလည်နိုင်ဘူး။ အဖေက အလုပ်ကြိုးစားတယ်၊ နှိမ့်ချတယ်၊ စိတ်ထားကောင်းတယ်။ ကားပေါ်မှာပါတဲ့ လူတွေထဲမှာ သူတစ်ယောက်ပဲ ဆုံးသွားတာ။”

လူကောင်းဖြစ်ရုံနဲ့ မလုံလောက်ဘူး၊ လုံခြုံစိတ်ချရတဲ့ အနာဂတ် မရစေဘူးဆိုရင် ဘာလိုအပ်သလဲ။ ဒီမေးခွန်းရဲ့ အဖြေရဖို့ စိတ်ချရတဲ့ လမ်းညွှန်လိုတယ်။ အဲဒီလမ်းညွှန်က မေးခွန်းတွေကို ဖြေပေးနိုင်ရမယ်၊ လုံခြုံစိတ်ချတဲ့ အနာဂတ်ရစေတဲ့ လမ်းညွှန်လည်း ဖြစ်ရမယ်။ အဲဒီလမ်းညွှန်ကို ဘယ်က ရနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ