သတိရအောက်မေ့ပွဲ ၂၀၁၅၊ ဧပြီ ၃ ရက်၊ သောကြာနေ့
၂၀၁၅၊ မတ် ၇ ရက်၊ စနေနေ့မှာ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေဟာ လေးပတ်ကြာကင်ပိန်းကို အစပြုခဲ့ကြတယ်။ ယေရှုခရစ်ရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်ဖို့၊ ယေရှုရဲ့သေခြင်းက လူသားတွေကို ဘယ်လိုအကျိုးပြုသလဲဆိုတဲ့ ဟောပြောချက်ကို နားထောင်ဖို့ လူများနိုင်သမျှများများကို ဖိတ်ခေါ်ခဲ့ကြတယ်။ သန်းနဲ့ချီတဲ့လူတွေကို လူကိုယ်တိုင် ဖိတ်ခေါ်သလို တယ်လီဖုန်းနဲ့၊ စာနဲ့လည်း ဖိတ်ခေါ်ခဲ့ကြတယ်။ ဘာရလဒ်ရခဲ့သလဲ။ ဧပြီ ၃ ရက်၊ သောကြာနေ့မှာ ဒီမြင့်မြတ်တဲ့ပွဲတော်ကို လူပေါင်း ၁၉,၈၆၂,၇၈၃ ယောက် တက်ရောက်ခဲ့လို့ ယေဟောဝါသက်သေတွေ သိပ်ဝမ်းသာခဲ့ကြတယ်။ ပွဲတော်တက်ရောက်ခဲ့သူအားလုံး ယေဟောဝါရဲ့လူမျိုးနဲ့ ဆက်ပူးပေါင်းပြီး စစ်မှန်တဲ့ဘုရားကို ဝတ်ပြုနိုင်ဖို့၊ ကိုယ်တော့်မေတ္တာနဲ့ ကြွယ်ဝတဲ့ကောင်းချီးတွေကို ခံစားနိုင်ဖို့ အစွမ်းကုန်ကူညီပေးနေပါတယ်။—မိ. ၄:၂။