ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၃
  • ရောမ ၁၀:၁၃—“ထာဝရဘုရားကို ပတ္ထနာပြု”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောမ ၁၀:၁၃—“ထာဝရဘုရားကို ပတ္ထနာပြု”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရောမ ၁၀:၁၃ ရဲ့ အဓိပ္ပာယ်
  • ရောမ ၁၀:၁၃ ရဲ့ အထက်အောက်စကား
  • ယေဟောဝါ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဘုရားသခင့်နာမတော် နှင့် “ဓမ္မသစ်ကျမ်း”
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
  • ဘုရားသခင့်နာမည်
    နိုးလော့!—၂၀၁၇
  • က၄ ဟီဘရူးကျမ်းစောင်တွေမှာပါတဲ့ ဘုရားသခင့်နာမည်
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၃

ကျမ်းပိုဒ် ရှင်းပြချက်များ

ရောမ ၁၀:၁၃—“ထာဝရဘုရားကို ပတ္ထနာပြု”

“ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်။”—ရောမ ၁၀:၁၃၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။”—ရောမ ၁၀:၁၃၊ ယုဒသန်ကျမ်း။

ရောမ ၁၀:၁၃ ရဲ့ အဓိပ္ပာယ်

ဘုရားသခင်က မျက်နှာမလိုက်ဘူး။ ဘယ်နိုင်ငံသား၊ ဘယ်လူမျိုးပဲ ဖြစ်ပါစေ၊ လူနေမှု အဆင့်အတန်း ဘယ်လိုပဲ ရှိပါစေ လူတိုင်း ကယ်တင်ခံရဖို့၊ ထာဝရအသက် ရဖို့ အခွင့်အရေး ဘုရား ပေးထားတယ်။ ဒါပေမဲ့ ကယ်တင်ခံရဖို့ဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမည် ယေဟောဝါကို ခေါ်ပြီး ဆုတောင်းရမယ်။a—ဆာလံ ၈၃:၁၈။

“ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး ဆုတောင်း” ဆိုတဲ့ ကျမ်းစာ အသုံးအနှုန်းက ဘုရားသခင့်နာမည်ကို သိရုံ၊ ဝတ်ပြုရေးမှာ အဲဒီနာမည်ကို သုံးရုံထက်မက အဓိပ္ပာယ်ရှိတယ်။ (ဆာလံ ၁၁၆:၁၂-၁၄) ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း၊ အကူအညီ ရဖို့ ဘုရားကို မှီခိုအားကိုးခြင်းလည်း ပါတယ်။—ဆာလံ ၂၀:၇။ ၉၉:၆။

ဘုရားသခင့်နာမည်ဟာ ယေရှုခရစ်အတွက် အရေးပါတယ်။ ယေရှုရဲ့ နမူနာ ဆုတောင်းချက် အစမှာ “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” လို့ ပါတယ်။ (မဿဲ ၆:၉) ကျွန်တော်တို့ ထာဝရအသက် ရချင်တယ်ဆိုရင် ယေဟောဝါလို့ အမည်ရှိတဲ့ ပုဂ္ဂိုလ်ကို သိရမယ်၊ ချစ်ရမယ်။ ဘုရားစကားကို နားထောင်ရမယ်။—ယောဟန် ၁၇:၃၊ ၆၊ ၂၆။

ယုဒသန်ကျမ်း ရောမ ၁၀:၁၃ မှာ ဖော်ပြထားတဲ့ “ထာဝရဘုရား” ဟာ ယေဟောဝါ ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီကျမ်းချက်က ယောလ ၂:၃၂ ကို ကိုးကားထားတာ ဖြစ်တယ်။ မူရင်းဟီဘရူးမှာ “ထာဝရဘုရား” လို့ မဖော်ပြထားဘူး။b

ရောမ ၁၀:၁၃ ရဲ့ အထက်အောက်စကား

ရောမ အခန်းကြီး ၁၀ မှာ လူတစ်ယောက် ဘုရားသခင်ရဲ့ နှစ်သက်မှု ရမရဆိုတာ ယေရှုခရစ်ကို ယုံကြည်ခြင်း ရှိမရှိပေါ် မူတည်ကြောင်း ဖော်ပြထားတယ်။ (ရောမ ၁၀:၉) ဒီအချက်ကို ဓမ္မဟောင်းကျမ်းထဲက ကိုးကားချက်များစွာမှာ တွေ့ရတယ်။ ကိုယ့်ရဲ့ ယုံကြည်ခြင်းကို “လူသိရှင်ကြား ကြေညာ” ခြင်းမှာ မယုံကြည်သူတွေကို ကယ်တင်ခြင်း သတင်းကောင်း ကြေညာခြင်း ပါဝင်တယ်။ အကျိုးရလဒ်ကတော့ တခြားသူတွေလည်း ထာဝရအသက် ရနိုင်တဲ့ ယုံကြည်ခြင်း ရှိလာဖို့ အခွင့်အရေး ရှိလာတယ်။—ရောမ ၁၀:၁၀၊ ၁၄၊ ၁၅၊ ၁၇။

ရောမ အခန်းကြီး ၁၀ ကို အောက်ခြေမှတ်ချက်တွေ၊ ပြန်လှန်အညွှန်းတွေနဲ့အတူ ဖတ်ပါ။

a ရှေးခေတ် ကျမ်းစာလက်ရေးစာမူတွေမှာ ဘုရားသခင့်နာမည် အကြိမ်ပေါင်း ၇,၀၀၀ နီးပါး ပါတယ်။ ဘုရားရဲ့ နာမည်ကို ဟီဘရူးလို ဗျည်းလေးလုံးနဲ့ ဖော်ပြထားတယ်။ အဲဒါကို တက်တြာဂရမ်မီတန်လို့ သိကြတယ်။ မြန်မာလို “ယေဟောဝါ” လို့ ပြန်ဆိုတယ်။ တချို့ ပညာရှင်တွေက “ယာဝေး” လို့ ပြန်ဆိုတယ်။

b ခရစ်ယာန် ကျမ်းရေးသူတွေဟာ ယေဟောဝါဆိုတဲ့ နာမည်ပါတဲ့ “ဓမ္မဟောင်းကျမ်း” ကို ကိုးကားတဲ့အခါ ဘုရားသခင့် နာမည်ကို အသုံးပြုခဲ့ပုံရတယ်။ အဘိဓာန်တစ်အုပ် (Anchor Bible Dictionary) မှာ ဒီလိုဖော်ပြထားတယ်– “ဓမ္မသစ်ကျမ်းကို စတင်ပြုစုချိန်တုန်းက ဓမ္မဟောင်းကျမ်း ကိုးကားချက်တချို့ ဒါမှမဟုတ် အားလုံးမှာ ဘုရားသခင့်နာမတော် ယာဝေးဆိုတဲ့ တက်တြာဂရမ်မီတန် ပါဝင်ကြောင်း အထောက်အထားတချို့ ရှိတယ်” လို့ ဖော်ပြထားတယ်။ (အတွဲ ၆၊ စာမျက်နှာ ၃၉၂) ထပ်ဆင့်အချက်အလက်တွေအတွက် မြန်မာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထဲက နောက်ဆက်တွဲ က၅ “ခရစ်ယာန် ဂရိကျမ်းစောင်မှာပါတဲ့ ဘုရားသခင့်နာမည်” ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ