ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၀/၈ စာ. ၁၀-၁၁
  • ငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှု ရှိပါဦးမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှု ရှိပါဦးမည်လော
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျော်လွှားရန် ခလုတ်ကန်သင်းများ
  • ဆူညံသံ အဆုံးတိုင်ပါမည်လော
  • ဆူညံသံ ယင်းနှင့်ပတ်သက်၍ သင်ပြုနိုင်ပုံ
    နိုးလော့!—၁၉၉၈
  • ဆူညံသံ မျက်မှောက်ခေတ် အနှောင့်အယှက်
    နိုးလော့!—၁၉၉၈
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “ဘုရားသခင်၏ငြိမ်သက်ခြင်း” သည် သင်၏စိတ်နှလုံးကို စောင့်မစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁၀/၈ စာ. ၁၀-၁၁

ငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှု ရှိပါဦးမည်လော

ဗြိတိသျှကမ္ဘာလှည့်ခရီးသည်များအား တိုင်းတစ်ပါး၌အားလပ်ချိန်ခရီးထွက်ရာတွင် အဘယ်အရာကို ရှာဖွေကြကြောင်းမေးမြန်းရာ ၄ ယောက်တိုင်းမှ ၃ ယောက်စီက “ငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှု” ဟုဖြေကြသည်။ သို့သော် ဆူညံသံညစ်ညမ်းမှုသည် ကမ္ဘာချီ ပြဿနာဖြစ်နေရာ များစွာတို့က စစ်မှန်သောငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှုဟူသည် စိတ်ကူးယဉ်ရုံသက်သက်မျှသာဖြစ်သည်ဟု ယူမှတ်ကြ၏။

ဆူညံသံညစ်ညမ်းမှုလျော့ကျစေဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေကြလျက်ကယ် တစ်ချိန်ချိန်တွင် အောင်မြင်မှုလုံးဝရရှိလာလိမ့်မည်ဟုယုံကြည်ခြင်းသည် လက်တွေ့ကျပါ၏လောဟူ၍ သင်စဉ်းစားမိပေမည်။ သင့်ကဲ့သို့မစဉ်းစားသော အခြားသူတို့နှင့်ပတ်သက်၍ကော အသို့နည်း။

ကျော်လွှားရန် ခလုတ်ကန်သင်းများ

အတိုက်အခံသဘောရှိသူတို့နှင့် စကားပြောဆိုရသည်မှာ လွယ်ကူမည်မဟုတ်သည့်အပြင် သင့်အမြင်ကို သူတို့လက်ခံအောင်ပြုရန်မှာ သာ၍ပင်ခက်ပေမည်။ ရွန်းဆိုသူ၏ အိမ်ရှေ့အပြင်ဘက်တွင် ဆယ်ကျော်သက်အရွယ်ဆူညံသူအုပ်စု စုံရုံးလာသောအခါ သူတို့နှင့်ခင်မင်ရင်းနှီးမှုရရှိရန် သူရှာကြံခဲ့၏။ သူတို့၏နာမည်ကို သိအောင်ပြုလုပ်ခဲ့သည်။ သူသည် သူတို့၏စက်ဘီးတစ်စီးကို ပြင်ရာတွင်ပင်အကူအညီပေးခဲ့သည်။ ထိုအချိန်မှစတင်၍ သူတို့ ဘာပြဿနာမျှ မလုပ်တော့ချေ။

ဆူညံသောအပေါ်ထပ်၊ အောက်ထပ်အိမ်နီးချင်းနှစ်အိမ်ကြားတွင် နေထိုင်နေရသည့် ဆယ်ကျော်သက်အရွယ်သမီးတစ်ဦးရှိကြင်ဖော်မဲ့မိဘဖြစ်သူ မာဂျရီ၏အဖြစ်ကိုစဉ်းစားကြည့်ပါ။ အပေါ်ထပ်တွင်နေထိုင်သော အိမ်ငှားများသည် သူတို့၏ကြမ်းပြင်ပေါ်တွင် ကော်ဇောမခင်းထားပါ။ ထို့ကြောင့် ကြမ်းပြင်ပေါ်တွင် ကလေးများစကိတ်စီးခြင်း၊ ဘောလုံးကိုပုတ်၍ကစားခြင်း သို့မဟုတ် ခုတင်ပေါ်မှခုန်ချသည့် ဆူညံသံတို့က မာဂျရီကို စိတ်အနှောင့်ယှက်ဖြစ်စေသည်။ ထို့အပြင် သူတို့၏မိခင်သည် အိမ်ထဲတွင် ဒေါက်ဖိနပ်စီးလေသည်။ မာဂျရီသည် သူ၏အိမ်နီးချင်းကို သာ၍အသံတိုးစေဖို့ပြောဆိုရန် ကြင်နာစွာဖြင့်ချဉ်းကပ်သော်လည်း သူတို့ ကြားတွင်စကားမပေါက်သဖြင့် ရှုပ်ထွေးခဲ့ရ၏။ ဒေသန္တရစည်ပင်သာယာအဖွဲ့က အဆိုပါပြဿနာကိုဖြေရှင်းရာတွင် အကူအညီဖြစ်စေဖို့ စကားပြန်တစ်ဦးကိုစေလွှတ်ပေးရာ မာဂျရီသည် တိုးတက်မှုကိုစောင့်ရုံသာရှိသည်။

သူ၏အိမ်အောက်ထပ်၌ နံနက်တိုင်း ခုနစ်နာရီနှင့် ရှစ်နာရီကြားတွင် ဘေ့စ်သံအလွန်ပြင်းထန်သည့် ကျယ်လောင်သောတေးသီချင်းသံကိုဖွင့်လေ့ရှိသည့် လူတစ်ဦးနေထိုင်သည်။ ထိုလူထံ သူလိမ္မာပါးနပ်စွာချဉ်းကပ်ရာ ‘မိမိအလုပ်အတွက် စိတ်ကြည်လင်စေဖို့’ တေးသီချင်းသံမှာလိုအပ်သည်ဟူသောအဖြေကို ရရှိခဲ့သည်။ မာဂျရီ မည်သို့ဖြေရှင်းသနည်း။

“ချုပ်တည်းခြင်းနဲ့ စိတ်ရှည်ခြင်းကို မွေးမြူလိုက်ပါတယ်” ဟူ၍ သူပြောပြသည်။ “ကျွန်မရဲ့လုပ်ငန်းအစီအစဉ်တွေကို ပြန်ပြင်လိုက်ပြီး ဆူညံသံတွေကြားထဲက စာဖတ်ဖို့ထိုင်ချလိုက်တယ်။ ခဏကြာတော့ စာအုပ်ထဲ စိတ်ရောက်သွားရော။ ဒီနောက်တော့ အဲ့ဒီဆူသံကို ကျွန်မသိပ်သတိမထားမိတော့ဘူး။”

အခြားတစ်ဖက်တွင် ညတစ်ညလုံးဆူပူသောင်းကျန်းပြီး နံနက်ခြောက်နာရီခန့်မှပိတ်သောညကလပ်တစ်ခုကို အပေါ်စီးမှကြည့်လျှင်မြင်နေရသည့် တိုက်ခန်းတွင်ဟဲသာနေထိုင်သည်။ နောက်ဆုံး ဒေသခံအာဏာပိုင်များထံ သူတိုင်တန်းသော်လည်း အဆိုပါအနှောင့်အယှက်ကို ဘာမျှအရေးယူဆောင်ရွက်ခြင်း မပြုလုပ်ပေးခဲ့ချေ။

ဆူညံသံ အဆုံးတိုင်ပါမည်လော

ဗြိတိန်နိုင်ငံဆေးဘက်ဆိုင်ရာလေ့လာရေးကောင်စီ၏ ကြားနိုင်စွမ်းသုတေသနအဖွဲ့မှ ဒေါက်တာ ရော့စ် ကိုးလ်စ်က “များစွာသောလူတို့သည် လုံးလုံးလျားလျားဆိတ်ငြိမ်မှုကို အလွန်အမင်းနှောင့်ယှက်မှုနှင့် ထိတ်လန့်ချောက်ချားမှုအဖြစ်ယူမှတ်ကြသည်” ကိုသတိပြုမိသည်။ သာယာနာပျော်ဖွယ် ငှက်တို့၏တေးသီချင်းများ၊ သဲသောင်ပြင်တွင် ညင်သာစွာရိုက်ခတ်သော လှိုင်းခတ်သံ၊ စိတ်လှုပ်ရှား၍အော်သော ကလေးငယ်တို့၏အသံ—ယင်းတို့သည် ကျွန်ုပ်တို့အတွက် နှစ်သက်ဖွယ်ရာအခြားအသံများဖြစ်သည်။ လက်ရှိတွင် ဆူညံသံအချို့သက်သာမှုကို ကျွန်ုပ်တို့တမ်းတကြမည်ဖြစ်သော်လည်း နွေးထွေးမှုရှိသောအပေါင်းအဖော်များနှင့် စကားလက်ဆုံကျခြင်းကို ကျွန်ုပ်တို့ နှစ်သက်ကြသည်။ ဘုရားသခင်သည် မိမိ၏သစ္စာရှိကျေးကျွန်များကို ငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှုရရှိမည်ဟု ကတိပြုထားသည်။

သမ္မာကျမ်းစာတွင် ဆာလံဆရာက ဤသို့ကြွေးကြော်ထားသည်– “စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁) မကြာမီ ဘုရားသခင်၏ကောင်းကင်အစိုးရသည် လူ့အရေးကိစ္စတွင် ဝင်ရောက်ပါဝင်ပေမည်။ (ဒံယေလ ၂:၄၄၊ ၄၅) ထိုအခါ ယေရှုခရစ်၏အုပ်ချုပ်မှုအောက်တွင် “လသည် ပပျောက်ခြင်းသို့ ရောက်သည်တိုင်အောင် ငြိမ်သက်ချမ်းသာများပြား” လိမ့်မည်။—ဆာလံ ၇၂:၇ သမ္မာ; ဟေရှာယ ၉:၆၊ ၇။

ဘုရားသခင်၏ပရောဖက်ဟေရှာယ ဤသို့တင်ကြိုပြောခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးလိုလားတမ်းတနေသော ငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှုကိုရရှိဖို့ ဘုရားသခင်ဝင်ရောက်စွက်ဖက်လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်– “ဖြောင့်မတ်ခြင်းတရားသည်လည်း၊ ငြိမ်သက်ခြင်းကိုပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရငြိမ်သက်ခြင်းနှင့်လုံခြုံခြင်းတည်း။ ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သော . . . ဘေးလွတ်သောချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။”—ဟေရှာယ ၃၂:၁၇၊ ၁၈။

ယခုပင်လျှင် သင့်အနေဖြင့် သင့်ဒေသရှိယေဟောဝါသက်သေများ စုဝေးရာတွင် ဝိညာဉ်ရေးဆိုင်ရာ ငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှုရှိကြောင်းကို တွေ့မြင်နိုင်သည်။ အစည်းအဝေးကြီးများတွင် ဝတ်ပြုကိုးကွယ်မှုအတွက် ထောင်သောင်းချီ၍ အတူတကွစုဝေးကြသောအခါသမယတွင်—ထိုသို့သောစုဝေးမှုသည် အမှန်ပင် ‘အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကြောင့် ဆူညံနေသော်လည်း’—ထိုအသံသည် အနှောင့်အယှက်မဖြစ်ဘဲ နှစ်သက်ဖွယ်ဖြစ်သည်။ (မိက္ခာ ၂:၁၂) သင်ကိုယ်တိုင် ဒေသခံယေဟောဝါသက်သေများနှင့် တွေ့ဆုံခြင်း သို့မဟုတ် ဤမဂ္ဂဇင်းရှိ စာမျက်နှာ ၅ တွင်ဖော်ပြထားသောလိပ်စာအတိုင်း သူတို့နှင့်ဆက်သွယ်ခြင်းဖြင့် ယင်းမှ အတွေ့အကြုံယူကြည့်ပါလေ။ သူတို့နှင့်အတူ ပေါင်းဖော်ခြင်းဖြင့် ယခုပင်လျှင် စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဆိတ်ငြိမ်မှုကိုခံစားရနိုင်ပြီ ထာဝစဉ်လည်းဖြစ်နိုင်ပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ