ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၃ စာ. ၁၆
  • ကျောခုံးဝေလငါးရဲ့ ရေယက်တောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောခုံးဝေလငါးရဲ့ ရေယက်တောင်
  • နိုးလော့!—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘာဝတရားက အဘယ်အရာ သင်ပေးသနည်း
    နိုးလော့!—၂၀၀၆
  • ဦးစွာ ပုံစံပြုခဲ့သူမှာ မည်သူနည်း
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
  • မာတိကာ
    နိုးလော့!—၂၀၁၃
  • ဟိုမှာ၊ ဝေလငါးတွေ ရောက်လာကြပြီ
    နိုးလော့!—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၆/၁၃ စာ. ၁၆

ဒါက သူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

ကျောခုံးဝေလငါးရဲ့ ရေယက်တောင်

အရွယ်ရောက်ပြီး ကျောခုံးဝေလငါးတစ်ကောင်ဟာ ဘတ်စကားထက် ပိုကြီးပြီး အလေးချိန်ပိုများတယ်။ ဒါတောင် ဒီဧရာမနို့တိုက်သတ္တဝါဟာ ရေငုပ်တဲ့အခါနဲ့ ကွေ့ဝိုက်သွားလာတဲ့အခါတွေမှာ ထူးထူးခြားခြားကို လျင်မြန်တယ်။ ကျောခုံးဝေလငါးဟာ ဘယ်လိုကြောင့် ပေါ့ပါးလျင်မြန်တာလဲ။ ရေယက်တောင်မှာရှိတဲ့ အဖုအထစ်တွေမှာ လျှို့ဝှက်ချက်တချို့ရှိနေပါတယ်။

သုံးသပ်ကြည့်ပါ– ဝေလငါးအများစုနဲ့ အမျိုးအစားတူ ပင်လယ်သတ္တဝါအများစုမှာ ချောမွေ့တဲ့ရေယက်တောင်တွေရှိကြတယ်။ ဒါပေမဲ့ ကျောခုံးဝေလငါးရဲ့ ရေယက်တောင်က တစ်မူထူးခြားတယ်။ ရေယက်တောင်ရဲ့ အရှေ့ပိုင်းမှာ ကြီးမားတဲ့ အဖုအထစ်တွေရှိတယ်။ ကျောခုံးဝေလငါး ရေကူးတဲ့အခါ ရေယက်တောင်မှာရှိတဲ့ အဖုအထစ်တွေကရေလမ်းကြောင်းကို အပိုင်းပိုင်းခွဲထုတ်လိုက်ပြီး ရေဝဲများစွာဖြစ်ပေါ်လာစေတယ်။ အဲဒီဖြစ်စဉ်က ဝေလငါးအတွက် ရေပင့်အားကိုဖြစ်စေတယ်။ ဝေလငါးဟာ သူ့ကိုယ်ခန္ဓာရဲ့ သုံးပုံတစ်ပုံလောက်ရှည်လျားတဲ့ ရေယက်တောင်ကို တွဲလျားချထားပေမဲ့ အဲဒီအဖုတွေကြောင့် ရေဆွဲအားကို သိပ်မခံစားရဘူး။

သုတေသီတွေက ဒီသဘောတရားကို အခြေခံပြီး ပိုကောင်းမွန်တဲ့ သင်္ဘောတက်မ၊ ရေစွမ်းအင်သုံးတာဗိုင်၊ လေရဟတ်နဲ့ ရဟတ်ယာဉ်ပန်ကာတွေကို ပြုလုပ်နေကြတယ်။

သင်ဘယ်လိုထင်ပါသလဲ။ ကျောခုံးဝေလငါးရဲ့ရေယက်တောင်ဟာ သူ့အလိုလိုဖြစ်လာနိုင်သလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲခံထားရတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ