ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၃ စာ. ၆-၉
  • ဟယ်လိုဝိန်း ဒီပွဲအကြောင်း သင်ဘာသိထားသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟယ်လိုဝိန်း ဒီပွဲအကြောင်း သင်ဘာသိထားသလဲ
  • နိုးလော့!—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟယ်လိုဝိန်းပွဲ ဘယ်လို အစပြုခဲ့သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
    နိုးလော့!—၂၀၀၃
  • ဟယ်လိုဝီးန်ပွဲကို ကျွန်ုပ် အဘယ်ကြောင့်မကျင်းပ
    နိုးလော့!—၂၀၀၆
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၉/၁၃ စာ. ၆-၉
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

မျက်နှာဖုံးအကြောင်းအရာ

ဟယ်လိုဝိန်း ဒီပွဲအကြောင်း သင်ဘာသိထားသလဲ

သင်နေထိုင်တဲ့ဒေသမှာ ဟယ်လိုဝိန်းပွဲကို ကျင်းပပါသလား။ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါမှာ နှစ်တိုင်း အောက်တိုဘာ ၃၁ ရောက်ရင် ဟယ်လိုဝိန်းပွဲကို ကျင်းပပါတယ်။ ဒါပေမဲ့ ဟယ်လိုဝိန်းပွဲထုံးစံတွေကို ကမ္ဘာ့ဒေသများစွာမှာလည်း တွေ့ နိုင်တယ်။ ပွဲနေ့နာမည်ချင်းသာမတူတာ၊ ဒေသတချို့မှာကျင်းပတဲ့ ပွဲတွေမှာ တူညီတဲ့အချက်တွေရှိတယ်၊ အဲဒါတွေကတော့– လူသေတွေရဲ့ဝိညာဉ်၊ နတ်သမီး၊ စုန်းနဲ့ နတ်ဆိုးတွေအပါအဝင် ဝိညာဉ်လောကနဲ့ အဆက်အသွယ်လုပ်ခြင်းဖြစ်တယ်။—“ကမ္ဘာတစ်ဝန်းမှာကျင်းပတဲ့ ဟယ်လိုဝိန်းလိုမျိုး ပွဲနေ့များ” လေးထောင့်ကွက်ကိုကြည့်ပါ။

[ရုပ်ပုံ]

သင်ဟာ ဝိညာဉ်လောကကို ယုံချင်မှယုံပါလိမ့်မယ်။ ဟယ်လိုဝိန်းပွဲနဲ့ အလားတူပွဲတွေဟာ ပျော်စရာသက်သက်ပါ၊ ကလေးတွေ စိတ်ကူးစိတ်သန်း ဆန်းသစ်စေတယ် ဆိုပြီး ရှုမြင်မိနိုင်တယ်။ ဒါပေမဲ့ လူအတော်များများကတော့ အကြောင်းရင်းတချို့ကြောင့် ဒီလိုမျိုးပွဲတွေမှာပါဝင်ခြင်းဟာ အကျိုးယုတ်စေတယ်လို့ ရှုမြင်ကြတယ်။ အဲဒီအကြောင်းရင်းတွေကတော့-

  1. ၁။ စွယ်စုံကျမ်းတစ်ခု (Encyclopedia of American Folklore) မှာ ဒီလိုပြောထားတယ်– “ဟယ်လိုဝိန်းပွဲဟာ ဝိညာဉ်လောကနဲ့ အဆက်အသွယ်လုပ်ခြင်းဖြစ်တဲ့အတွက် အခြောက်ခံရတာ၊ ထိတ်လန့်စရာတွေ ကြုံရနိုင်ချေရှိတယ်။” (“ဟယ်လိုဝိန်းပွဲ ဖြစ်တည်လာပုံ” လေးထောင့်ကွက်ကိုကြည့်ပါ) ဟယ်လိုဝိန်းပွဲလို ပွဲနေ့များစွာဟာ အယူမှားမှုတွေကနေ မြစ်ဖျားခံပြီး ဘိုးဘေးကိုးကွယ်မှုနဲ့ ဆက်စပ်နေတယ်။ ဒီနေ့ခေတ်မှာတောင် ကမ္ဘာတစ်ဝန်းကလူတွေဟာ အဲဒီပွဲနေ့တွေမှာ လူသေတွေရဲ့ဝိညာဉ်တွေနဲ့ အဆက်အသွယ်လုပ်ကြတယ်။

  2. ၂။ ဟယ်လိုဝိန်းပွဲကို အမေရိကန်တွေရဲ့ပွဲလို့ ရှုမြင်ကြပေမဲ့လည်း နိုင်ငံများစွာမှာ အဲဒီပွဲကို တစ်စတစ်စကျင်းပလာကြပါပြီ။ ဟယ်လိုဝိန်းပွဲထုံးစံတွေ၊ အဆင်အယင်တွေနဲ့ အထိမ်းအမှတ်တွေဟာ အယူမှားမှုကနေ မြစ်ဖျားခံတယ်၊ အများစုက ဝိညာဉ်လောကနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာကို ပွဲမှာ စပြီးပါဝင်လာကြသူများစွာဟာ မသိကြဘူး။—“ဒါတွေ ဘယ်ကနေ မြစ်ဖျားခံသလဲ” လေးထောင့်ကွက်ကိုကြည့်ပါ။

  3. ၃။ ရှေးခေတ် ကက်လူမျိုးတွေ (Celtic) ရဲ့ ထုံးစံကို လိုက်ကြတဲ့ စုန်းအတတ်လိုက်စားသူ ထောင်နဲ့ချီတဲ့သူတွေဟာ ဟယ်လိုဝိန်းပွဲကို ရှေးခေတ်အခေါ် ဆန်းဟိန်ပွဲတော်လို့ ခေါ်ဆိုနေဆဲဖြစ်ပြီး အဲဒီညကို တစ်နှစ်တာအတွင်း အထူးမြတ်ဆုံးညအဖြစ် သတ်မှတ်ကြတယ်။ “ဒါကို ခရစ်ယာန်တွေ မသိကြဘူး၊ ကျွန်တော်တို့လိုပဲ ဒီပွဲကို ကျင်းပနေကြတယ်။ . . . ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်” ဆိုပြီး မှော်ဆရာတစ်ဦးရဲ့စကားကို သတင်းစာတစ်စောင် (USA Today) မှာ ဖော်ပြထားတယ်။

  4. ၄။ ဟယ်လိုဝိန်းပွဲလိုမျိုး ပွဲတွေဟာ သမ္မာကျမ်းစာသွန်သင်ချက်နဲ့ လုံးလုံးမကိုက်ညီပါဘူး။ သမ္မာကျမ်းစာမှာ ဒီလိုသတိပေးထားတယ်– “သင်တို့တွင် . . . ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့်ဟောပြောသောသူ၊ ကာလဗေဒင်ကိုကြည့်သောသူ၊ မကောင်းသောအတတ်ကိုပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှမရှိရ။”—တရားဟောရာ ၁၈:၁၀၊ ၁၁; ဝတ်ပြုရာ ၁၉:၃၁; ဂလာတိ ၅:၁၉-၂၁ တို့ကိုလည်း ကြည့်ပါ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မိသားစုတွေဟာ အကျိုးယုတ်စေတဲ့ပွဲနေ့တွေမှာ မပါဝင်ဘဲ ပျော်ရွှင်နိုင်ကြ

ဖော်ပြပါအချက်တွေကို ကြည့်ရင် ဟယ်လိုဝိန်းပွဲနဲ့ အဲဒီပွဲနဲ့ဆင်တူတဲ့ပွဲတွေရဲ့ အယူမှားဇာစ်မြစ်ကို သိထားတာ ပညာရှိရာရောက်တယ်။ ဒီပွဲအကြောင်း ကောင်းကောင်းနားလည်ထားတဲ့အတွက် ဒီပွဲမှာမပါဝင်တဲ့သူတွေရှိသလို သင်ဟာ သူတို့လိုပဲ အဲဒီပွဲမှာမပါဝင်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။

“ဒါကို ခရစ်ယာန်တွေ မသိကြဘူး၊ ကျွန်တော်တို့လိုပဲ ဒီပွဲကို ကျင်းပနေကြတယ်။ . . . ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။”—USA Today သတင်းစာမှာ ကိုးကားထားတဲ့ မှော်ဆရာတစ်ဦးရဲ့စကား

ကမ္ဘာတစ်ဝန်းမှာကျင်းပတဲ့ ဟယ်လိုဝိန်းလိုမျိုး ပွဲနေ့များ

ဟယ်လိုဝိန်းပွဲကို အမေရိကန်နိုင်ငံရဲ့ ပွဲအဖြစ် လူသိများတယ်။ ဒါပေမဲ့ ဒီပွဲဟာ ကမ္ဘာ့ဒေသများစွာမှာ လူကြိုက်များလာပါပြီ။ ဒါ့အပြင် ဝိညာဉ်ပုဂ္ဂိုလ်တွေတည်ရှိမှုနဲ့ သူတို့ရဲ့လုပ်ဆောင်မှုတွေအတွက် ကျင်းပတဲ့ ဟယ်လိုဝိန်းပွဲနဲ့ဆင်တူတဲ့ တခြားပွဲနေ့များစွာရှိပါတယ်။ ကမ္ဘာတစ်ဝန်းက ဟယ်လိုဝိန်းပွဲနဲ့တူတဲ့ ထင်ရှားတဲ့ပွဲတချို့ကို ဖော်ပြလိုက်ပါတယ်။

  • မြောက်အမေရိက - လူသေများနေ့

  • တောင်အမေရိက - လူသေရဲ့ဝိညာဉ် ပြန်လာတဲ့နေ့

  • ဥရောပ - လူသေများနေ့နဲ့ ပုံစံကွဲဟယ်လိုဝိန်းပွဲ

  • အာဖရိက - ယိုရူးဘားတွေရဲ့ လူသေများနေ့

  • အာရှ - ဂျပန် ဘွန်ပွဲတော်

ဒါတွေ ဘယ်ကနေ မြစ်ဖျားခံသလဲ

ဟယ်လိုဝိန်းပွဲထုံးစံတွေနဲ့ အထိမ်းအမှတ်တွေရဲ့ မူလအစ

သွေးစုပ်ဖုတ်ကောင်၊ လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း၊ စုန်း၊ ဖုတ်ကောင်များ-ဒါတွေဟာ နတ်ဆိုးလောကနဲ့ ဆက်နွှယ်တဲ့ အရာတွေဖြစ်တယ်။

သကြားလုံး– ရှေးခေတ်ကက်လူမျိုးတွေဟာ နာမ်ဝိညာဉ်ဆိုးတွေ စိတ်ပြေအောင် သကြားလုံးတွေ သုံးခဲ့ကြတယ်။ နောက်ပိုင်းမှာ ချာ့ချ်က ပွဲမှာပါဝင်သူတွေကို ဟယ်လိုပွဲနေ့မတိုင်မီညမှာ တစ်အိမ်ပြီးတစ်အိမ်သွားပြီး လူသေတွေကိုဆုတောင်းပေးမှုအတွက် အစားအစာတွေတောင်းဖို့ အားပေးခဲ့တယ်။ ဒီထုံးစံဟာ နောက်ဆုံးတော့ ဟယ်လိုဝိန်းပွဲရဲ့ အပျော်အပျက်တစ်ခု ဖြစ်လာတယ်။

အဝတ်အစားများ– ကက်လူမျိုးတွေဟာ ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ကြတယ်၊ နတ်ဆိုးတွေက အဲဒီလိုဝတ်ထားတဲ့သူတွေကို ဝိညာဉ်တွေလို့ အထင်မှားပြီး ထွက်သွားစေဖို့ဖြစ်တယ်။ ချာ့ချ်က ဝိညာဉ်များနေ့နဲ့ သူတော်စင်များနေ့ ကျင်းပတဲ့အခါ အယူမှားထုံးစံတွေအတိုင်း တဖြည်းဖြည်း လုပ်ဆောင်လာကြတယ်။ နောက်ပိုင်းမှာ ပွဲမှာပါဝင်သူတွေဟာ သူတော်စင်တွေလို၊ ကောင်းကင်တမန်တွေလိုနဲ့ နတ်ဆိုးတွေလို အဝတ်အစားတွေဝတ်ပြီး တစ်အိမ်ပြီးတစ်အိမ်သွားကြတယ်။

ရွှေဖရုံသီး– မုန်လာဥအဝိုင်းကို ပုံထွင်းထားပြီး အထဲမှာဖယောင်းတိုင်ထွန်းထားတာက နတ်ဆိုးတွေကို နှင်ထုတ်ဖို့အတွက် ဖြစ်တယ်။ တချို့သူတွေကျတော့ မုန်လာဥအဝိုင်းထဲမှာ ဖယောင်းတိုင်ထွန်းထားတာက ငရဲကလေးမှာ ဝိညာဉ်ပိတ်မိနေတာကို ဆိုလိုတယ်လို့ ယူဆကြတယ်။ နောက်ပိုင်း ပုံထွင်းထားတဲ့ ဖရုံသီးတွေကို ပိုအသုံးပြုလာခဲ့ကြတယ်။

ဟယ်လိုဝိန်းပွဲ ဖြစ်တည်လာပုံ

ဘီစီငါးရာစု

တစ္ဆေသရဲတွေနဲ့ နတ်ဆိုးတွေဟာ တခြားအချိန်တွေမှာထက် အောက်တိုဘာလကုန်ပိုင်းလောက်မှာ လှည့်လည်သွားလာတတ်တယ်လို့ ကက်လူမျိုးတွေ ယုံကြည်ကြပြီး ဆန်းဟိန်ပွဲ ကျင်းပကြ။

အေဒီတစ်ရာစု

ရောမတွေဟာ ကက်လူမျိုးတွေကို သိမ်းပိုက်အနိုင်ယူပြီး ဝိညာဉ်တွေနဲ့ဆက်နွယ်တဲ့ ဆန်းဟိန်ပွဲထုံးတမ်းတွေကို လက်ခံခဲ့ကြ။

အေဒီခုနစ်ရာစု

ယုံကြည်ချက်ကြောင့်အသက်ပေးခဲ့တဲ့ သူတော်စင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတော်စင်များနေ့ (All Saints’ Day) ကို နှစ်စဉ်ကျင်းပဖို့ ပုပ်ရဟန်းမင်း ဘိုနီဖိတ်စ် ၄ က ထုတ်ပြန်ခဲ့။a

အေဒီဆယ့်တစ်ရာစု

နိုဝင်ဘာလနှစ်ရက်နေ့ကို လူသေအထိမ်းအမှတ်ပွဲကျင်းပတဲ့ ဝိညာဉ်များနေ့ (All Souls’ Day) အဖြစ် သတ်မှတ်ခဲ့။ သူတော်စင်များနေ့နဲ့ ဝိညာဉ်များနေ့ ကိုပေါင်းပြီး ဟယ်လိုတိုက် (Hallowtide) လို့ခေါ်တယ်။

အေဒီဆယ့်ရှစ်ရာစု

ဟယ်လိုပွဲနေ့မတိုင်မီညကို နောက်ပိုင်းမှာ ဟယ်လိုဝိန်း ဆိုပြီး ရေးသားဖော်ပြလာခဲ့။

အေဒီဆယ့်ကိုးရာစု

အိုင်ယာလန်ကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းလာခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့သူတွေနဲ့အတူ ဟယ်လိုဝိန်းပွဲနေ့ ထုံးတမ်းတွေပါလာကြ။ နောက်ပိုင်းမှာ ဗြိတိန်၊ ဂျာမနီအပြင် အာဖရိကနဲ့ ကမ္ဘာ့တခြားဒေသတွေက ပြောင်းလာတဲ့သူတွေရဲ့ အဲဒီပွဲနဲ့ဆင်တူတဲ့ ထုံးတမ်းစဉ်လာတွေကိုပါ ပေါင်းစပ်ခဲ့ကြ။

အေဒီနှစ်ဆယ်ရာစု

ဟယ်လိုဝိန်းပွဲနေ့ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ ကျင်းပတဲ့ပွဲနေ့ ဖြစ်လာခဲ့။

အေဒီနှစ်ဆယ့်တစ်ရာစု

[ရုပ်ပုံ]

ဟယ်လိုဝိန်းပွဲဟာ စီးပွားရေးသမားတွေအတွက် ဒေါ်လာသန်းပေါင်းများစွာ အကျိုးအမြတ်ရစေတဲ့ လုပ်ငန်းကြီးဖြစ်လာ။

a ဟယ်လို (Hallow) ဆိုတာက “သူတော်စင်” (saint) လို့အဓိပ္ပာယ်ရှိတဲ့ ရှေးဟောင်းစကားလုံးဖြစ်တယ်။ သူတော်စင်များနေ့၊ တစ်နည်းပြောရရင် ဟယ်လိုပွဲနေ့ (All Hallows’ Day) ဆိုတာ သေဆုံးသွားတဲ့ သူတော်စင်တွေကိုဂုဏ်ပြုတဲ့ ပွဲဖြစ်တယ်။ ဟယ်လိုပွဲနေ့မတိုင်မီညကို အင်္ဂလိပ်လို All Hallow Even လို့ခေါ်တာကို အတိုကောက်အနေနဲ့ Halloween (ဟယ်လိုဝိန်း) ဆိုပြီး ခေါ်ဆိုလာခဲ့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ