ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၃ စာ. ၁၆
  • ပုရွက်ဆိတ် လည်ပင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပုရွက်ဆိတ် လည်ပင်း
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေရောင် ဆာဟာရပုရွက်ဆိတ်ရဲ့ အပူဒဏ်ခံနိုင်စွမ်းရှိတဲ့ အလွှာ
    နိုးလော့!—၂၀၁၇
  • ဥယျာဉ်မှူးဝိဇ္ဇာ
    နိုးလော့!—၁၉၉၈
  • ပုရွက်ဆိတ်ဦးမှင် သန့်ရှင်းရေးလုပ်နည်း
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • မာတိကာ
    နိုးလော့!—၂၀၁၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၃ စာ. ၁၆

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပုရွက်ဆိတ် လည်ပင်း

သစ်ခက်ကို ပါးစပ်နဲ့ကိုက်ချီလာတဲ့ ပုရွက်ဆိတ်တစ်ကောင်

ခန္ဓာကိုယ်အလေးချိန်ထက် ပိုလေးတဲ့ပစ္စည်းတွေကို သယ်နိုင်စွမ်းရှိတဲ့ ပုရွက်ဆိတ်တွေကိုကြည့်ပြီး စက်မှုအင်ဂျင်နီယာတွေ အံ့ဩကြတယ်။ အဲဒီသယ်နိုင်စွမ်းကို အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုတက္ကသိုလ်က အင်ဂျင်နီယာတွေ လေ့လာမှုလုပ်တဲ့အခါ ပုရွက်ဆိတ်တွေရဲ့ အင်္ဂါအစိတ်အပိုင်းတချို့နဲ့ အဲဒါတွေရဲ့ လုပ်ဆောင်မှုကို ကွန်ပျူတာသုံးပြီး ပုံဖော်ကြတယ်။ ထိုးဖောက်မြင်နိုင်တဲ့ ပုံရိပ်ဖမ်းစက်ကိုသုံးပြီး ပစ္စည်းအလေးကြီးတွေကို ပုရွက်ဆိတ်တွေ ဘယ်လိုလုပ်ပြီး သယ်နိုင်သလဲဆိုတာ ပုံဖော်ကြတယ်။

ပစ္စည်းကို ပါးစပ်နဲ့ကိုက်ပြီး သယ်သွားနိုင်တဲ့ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းကတော့ ပုရွက်ဆိတ်ရဲ့လည်ပင်းပဲ။ ပုရွက်ဆိတ်ရဲ့ ခေါင်းနဲ့ ကိုယ်လုံးကို ဆက်ထားတဲ့ ကြွက်သားပျော့တွေနဲ့ အခွံမာဟာ လူ့လက်နှစ်ဖက်ရဲ့ လက်ချောင်းတွေ တစ်ခုနဲ့တစ်ခု ယှက်ထားသလိုမျိုး တင်းတင်းကျပ်ကျပ် ချိတ်ဆက်နေတယ်။ “အဲဒီချိတ်ဆက်နေတဲ့ပုံစံဟာ လည်ပင်းရဲ့လုပ်ဆောင်မှုအတွက် အလွန်အရေးပါတယ်။ ကြွက်သားပျော့တွေနဲ့ အခွံမာ အဲဒီလို ထူးထူးခြားခြား ချိတ်ဆက်နေမှုကြောင့် ပုရွက်ဆိတ်လည်ပင်းဟာ သန်မာပြီး လေးလံတဲ့ဝန်ကို သယ်နိုင်တာ။ ပုရွက်ဆိတ်လည်ပင်းအကြောင်း ပိုနားလည်လာမယ်ဆိုရင် ပိုအသုံးတည့်မယ့် စက်ရုပ်တွေ တီထွင်လာနိုင်မယ်လို့ သုတေသီတွေ မျှော်လင့်နေကြတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ပုရွက်ဆိတ်လည်ပင်းမှာရှိတဲ့ အစိတ်အပိုင်းတွေ ထူးထူးခြားခြားရှုပ်ထွေးစွာ ချိတ်ဆက်နေမှုဟာ သူ့အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြုဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ