ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၁ စာ. ၁၆
  • ငွေရောင် ဆာဟာရပုရွက်ဆိတ်ရဲ့ အပူဒဏ်ခံနိုင်စွမ်းရှိတဲ့ အလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငွေရောင် ဆာဟာရပုရွက်ဆိတ်ရဲ့ အပူဒဏ်ခံနိုင်စွမ်းရှိတဲ့ အလွှာ
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၇
  • ပုရွက်ဆိတ် လည်ပင်း
    နိုးလော့!—၂၀၁၆
  • ဥယျာဉ်မှူးဝိဇ္ဇာ
    နိုးလော့!—၁၉၉၈
  • ပုရွက်ဆိတ်ဦးမှင် သန့်ရှင်းရေးလုပ်နည်း
    အလိုလို ဖြစ်လာနိုင်ပါ့မလား
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၁ စာ. ၁၆
ငွေရောင် ဆာဟာရပုရွက်ဆိတ်

ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ငွေရောင် ဆာဟာရပုရွက်ဆိတ်ရဲ့ အပူဒဏ်ခံနိုင်စွမ်းရှိတဲ့ အလွှာ

ငွေရောင် ဆာဟာရပုရွက်ဆိတ် (Cataglyphis bombycina) ကို အပူဒဏ်ခံနိုင်စွမ်း အရှိဆုံး ကုန်းသတ္တဝါအဖြစ် သိထားကြတယ်။ ဆာဟာရမှာ မွန်းတည့်ချိန်ရောက်တဲ့အခါ ပုရွက်ဆိတ်ကို စားတဲ့အကောင်တွေ အရိပ်ခိုကြတယ်။ အဲဒီအခိုက်အတန့်လေးမှာ ဒီပုရွက်ဆိတ်တွေဟာ အစာရှာဖို့၊ အပူဒဏ်ကြောင့်သေသွားတဲ့ အင်းဆက်ပိုးကောင်တွေကို ရှာဖို့ တွင်းထဲကနေ ကသုတ်ကရက် ထွက်လာတယ်။

ငွေရောင်ပုရွက်ဆိတ်ရဲ့ အမွေးတွေဟာ အပူဒဏ်ခံနိုင်တယ်။

[၅၀] μm

စဉ်းစားကြည့်ပါ– ငွေရောင်ပုရွက်ဆိတ်ရဲ့ အမွေးရှိတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ဘေးနှစ်ဖက်မှာရော အမွေးမရှိတဲ့ ဝမ်းဗိုက်ပိုင်းမှာပါ အပူဒဏ်ခံနိုင်တဲ့အလွှာ ဖုံးအုပ်ထားတယ်။ ငွေရောင်တောက်နေတဲ့ အမွေးတွေ ဟာ အလွန်သေးငယ်တဲ့ တြိဂံပုံ ပြွန်ချောင်းလေးတွေ ဖြစ်တယ်။ အမွေးတွေရဲ့ အပြင်မျက်နှာပြင်နှစ်ဖက်မှာ အဏုကြည့်မှန်ပြောင်းနဲ့သာ မြင်နိုင်တဲ့ လှိုင်းအတွန့်လေးတွေ ရှိပြီး အတွင်းမျက်နှာပြင်ကတော့ ချောမွတ်နေတယ်။ အဲဒီ ဒီဇိုင်းက နည်းနှစ်နည်းနဲ့ လုပ်ဆောင်ပေးတယ်။ ပထမ၊ အမွေးတွေဟာ နေကထုတ်လွှတ်တဲ့ မမြင်နိုင်တဲ့ရောင်ခြည်တွေကို တန်ပြန်စေနိုင်တယ်။ ဒုတိယ၊ ပတ်ဝန်းကျင်ကနေ ပုရွက်ဆိတ်ရဲ့ ကိုယ်ခန္ဓာစုပ်ယူထားတဲ့ အပူတွေကို ပျက်ပြယ်စေတယ်။ ပုရွက်ဆိတ်ရဲ့ အမွေးမရှိတဲ့ ဝမ်းဗိုက်ပိုင်းဟာ သဲကန္တာရကနေထွက်တဲ့ မမြင်နိုင်တဲ့ရောင်ခြည်တွေကို တန်ပြန်စေနိုင်တယ်။a

ငွေရောင်ပုရွက်ဆိတ်ရဲ့ အမွေးတွေကို အလွန်သေးငယ်တဲ့ တြိဂံပုံ ပြွန်ချောင်းလေးတွေအဖြစ် မြင်နိုင်အောင် ပုံကြီးချဲ့ထား

[၁၀] μm

ငွေရောင် ဆာဟာရပုရွက်ဆိတ်ရဲ့ အပူဒဏ်ခံနိုင်စွမ်းရှိတဲ့ အလွှာဟာ ကိုယ်ခန္ဓာအပူချိန်ကို ခံနိုင်တဲ့အမြင့်ဆုံးအဆင့် ၁၂၈.၅ ဒီဂရီဖာရင်ဟိုက် (၅၃.၆ ဒီဂရီစင်တီဂရိတ်) အောက် ထိန်းထားပေးနိုင်တယ်။ အဲဒီပုရွက်ဆိတ်လေးတွေကို ကြည့်ပြီး သုတေသီတွေဟာ ပန်ကာတွေ၊ စက်ကိရိယာတွေရဲ့ အကူအညီမပါဘဲ အအေးဓာတ်မြှင့်ပေးတဲ့ အထူးအလွှာတွေကို တီထွင်ဖို့ ကြိုးစားနေကြတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ငွေရောင် ဆာဟာရပုရွက်ဆိတ်ရဲ့ အပူဒဏ်ခံနိုင်စွမ်းရှိတဲ့ အလွှာဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

a ပုရွက်ဆိတ်ရဲ့ ကိုယ်ခန္ဓာမှာ ပြင်းထန်တဲ့အပူရှိန်ကြောင့် အလွယ်တကူ မပျက်စီးနိုင်တဲ့ အထူးပရိုတင်းဓာတ်တွေ ရှိတယ်။ ခြေတံရှည်တဲ့အတွက် ပူပြင်းတဲ့သဲပြင်နဲ့ ကပ်မနေဘဲ အမြန်ပြေးနိုင်တယ်။ တွင်းထဲ အမြန်ဆုံးပြန်လာနိုင်တဲ့ လမ်းကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် ရှာနိုင်စွမ်းရှိတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ