ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၅
  • ပုရွက်ဆိတ်ဦးမှင် သန့်ရှင်းရေးလုပ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပုရွက်ဆိတ်ဦးမှင် သန့်ရှင်းရေးလုပ်နည်း
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေရောင် ဆာဟာရပုရွက်ဆိတ်ရဲ့ အပူဒဏ်ခံနိုင်စွမ်းရှိတဲ့ အလွှာ
    နိုးလော့!—၂၀၁၇
  • ပုရွက်ဆိတ် လည်ပင်း
    နိုးလော့!—၂၀၁၆
  • ဥယျာဉ်မှူးဝိဇ္ဇာ
    နိုးလော့!—၁၉၉၈
  • ‘ပုရွက်ဆိတ်ထံသို့သွားလော့’
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၅
ပုရွက်ဆိတ်တစ်ကောင် ဦးမှင်ကို သန့်ရှင်းရေး လုပ်နေစဉ်

အလိုလို ဖြစ်လာနိုင်ပါ့မလား

ပုရွက်ဆိတ်ဦးမှင် သန့်ရှင်းရေးလုပ်နည်း

အင်းဆက်ပိုး ပျံသန်းဖို့၊ တွယ်တက်ဖို့၊ ဝန်းကျင်ကို အာရုံခံဖို့ သန့်ရှင်းမှု အရေးကြီးတယ်။ ဥပမာ၊ ပုရွက်ဆိတ်ဦးမှင် ညစ်ပတ်နေရင် သွားလာနိုင်စွမ်း၊ ဆက်သွယ်နိုင်စွမ်း၊ အနံ့ခံနိုင်စွမ်း လျော့နည်းသွားမယ်။ ဒါကြောင့် “ညစ်ပတ်နေတဲ့ အင်းဆက်ပိုးကို ဘယ်တော့မှ မတွေ့ရဘူး။ ပြင်ပညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ကြတယ်” ဆိုပြီး သတ္တဗေဒပညာရှင် အလက်ဇန္ဒား ဟက်မန်း ပြောတယ်။

သုံးသပ်ကြည့်ပါ။ ဟက်မန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပုရွက်ဆိတ်တစ်မျိုး (carpenter ant) ဦးမှင် သန့်ရှင်းရေး ပြုလုပ်နည်း အဆင့်ဆင့်ကို လေ့လာခဲ့ကြတယ်။ ဦးမှင်ကို လက်နဲ့ ညှပ်ဆွဲလိုက်တဲ့အခါ ဦးမှင်မှာ ကပ်နေတဲ့ အကြီးဆုံးအမှိုက်စတွေ ကွာကျသွားတယ်။ ပိုသေးငယ်တဲ့အမှိုက်စတွေကိုတော့ ဘီးနဲ့တူတဲ့ အမွှေးအမှင်တွေနဲ့ ဖယ်ရှားတယ်။ လူ့ဆံပင်ရဲ့ ၈၀ ပုံ တစ်ပုံလောက်ပဲရှိတဲ့ အသေးဆုံးအမှိုက်စတွေကို အမွှေးနုတွေနဲ့ ဖယ်ရှားတယ်။

ပုရွက်ဆိတ်ဦးမှင် သန့်ရှင်းရေး လုပ်နေပုံ ဗီဒီယိုကို ကြည့်ပါ

ဟက်မန်းနဲ့ အဖွဲ့ဟာ ပုရွက်ဆိတ်ဦးမှင် သန့်ရှင်းရေးလုပ်နည်းကို စက်မှုလုပ်ငန်းမှာ အသုံးချနိုင်မယ်လို့ ယုံကြည်ကြတယ်။ ဥပမာ၊ အမှုန်အမွှားလေးတွေကြောင့် ထိခိုက်ပျက်စီးသွားနိုင်တဲ့၊ နူးညံ့သေးငယ်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေ၊ လျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ အလားတူသန့်ရှင်းနည်းတွေ အသုံးဝင်ပါမယ်။

ဘယ်လို ထင်ပါသလဲ။ ပုရွက်ဆိတ်ဦးမှင်ကို ထိရောက်စွာ သန့်ရှင်းရေးလုပ်နည်းဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ