မိဘတို့—သင်တို့၏ရင်သွေးများ၌ အသုံးဝင်သောအကျင့်ဓလေ့များကို သွတ်သွင်းပေးလော့
၁ အသုံးဝင်သောအကျင့်ဓလေ့များဟူသည် အလိုအလျောက်သော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း ရလာသည်မဟုတ်ပေ။ ထို့အပြင် ရင်သွေးများ၌ ကောင်းသောအကျင့်ဓလေ့များကိုသွတ်သွင်းပေးရန် အချိန်လိုသည်။ “သွတ်သွင်း” ဟူသည် “ဖြည်းဖြည်းခြင်းပေးရန်” သို့မဟုတ် “တစ်စက်ပြီးတစ်စက်ဝင်စေရန်” ဟုအဓိပ္ပာယ်ရသည်။ မိဘတို့သည် “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ [မိမိတို့၏သားသမီးများ] ကိုမွေးမြူ” ရန်အလို့ငှာ တစ်သမတ်တည်းဖြစ်ဖို့လိုသည်။—ဧ. ၆:၄၊ ကဘ။
၂ နို့စို့အရွယ်မှစတင်ပါ– အသစ်သောအရာများကိုသင်ယူလုပ်ဆောင်သည့် လူမမည်လေးများ၏စွမ်းရည်သည် မှတ်သားဖွယ်ဖြစ်၏။ လူကြီးများသည် ဘာသာစကားအသစ်တစ်ခုကိုသင်ယူရန် အခက်တွေ့လေ့ရှိသော်လည်း ကျောင်းနေရွယ် မရှိတတ်သေးသည့်ကလေးများသည် တစ်ချိန်တည်းတွင် ဘာသာစကားနှစ်မျိုးသုံးမျိုးသင်ယူနိုင်သည်။ သင့်ရင်သွေးသည် ကောင်းသောအကျင့်ဓလေ့များမွေးမြူရန်ငယ်လွန်းသည်ဟု ဘယ်သောအခါမျှမယူမှတ်ပါနှင့်။ ကျမ်းစာသမ္မာတရားပို့ချခြင်းကို စောစောစတင်ကာ ဆက်၍ပြုနေလျှင် ကလေးတစ်ဦးသည် အသက်အနည်းငယ်ကြီးလာချိန်တွင် “ကယ်တင်ရာရောက်စေခြင်းငှာဉာဏ်ပညာ” ရှိစေမည့်အသိပညာဖြင့် သူ၏စိတ်တွင်ပြည့်နေပါလိမ့်မည်။—၂ တိ. ၃:၁၅၊ သမ။
၃ လယ်ကွင်းလုပ်ငန်းကို အကျင့်ဓလေ့တစ်ခုဖြစ်စေပါ– ကလေးတစ်ဦး၏ပုံသွင်းခံနှစ်များအတွင်း သွတ်သွင်းပေးရမည့် အသုံးဝင်သောအကျင့်ဓလေ့တစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မှန်မှန်ဟောပြောခြင်းဖြစ်သည်။ မိဘအများစုသည် မိမိတို့၏ရင်သွေးများအား နို့စို့အရွယ်တွင် တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ခေါ်သွားခြင်းဖြင့် ယင်းကိုစတင်ကြသည်။ သက်သေခံခြင်းလုပ်ငန်းတွင် မိဘတို့မှန်မှန်ပါဝင်ခြင်းက ဓမ္မအမှုအတွက် လေးမြတ်မှုနှင့်ထက်သန်မှုတိုးပွားရန် ရင်သွေးတို့အား ကူညီပေးသည်။ မိဘတို့သည် လယ်ကွင်းလုပ်ငန်းအသွင်တစ်ခုစီတွင်သက်သေခံရာ၌ မည်သို့ပါဝင်ရမည်ကို သားသမီးတို့အား ပြသပေးနိုင်သည်။
၄ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင်ပါဝင်ခြင်းကလည်း ရင်သွေးတို့အား အကူအညီဖြစ်စေသည်။ ယင်းက လေ့လာမှုအလေ့အကျင့်ကောင်းများရှိရန်နှင့် သဘောပေါက်နားလည်မှုဖြင့် စာဖတ်တတ်ရန် သူတို့အားသင်ပေးသည်။ သူတို့သည် ကျမ်းစာအကြောင်း ပြောဆိုတတ်ရန်၊ ပြန်လည်ပတ်မှုများ ပြုလုပ်တတ်ရန်နှင့် ကျမ်းစာသင်အံမှုများ ကျင်းပတတ်ရန် သင်ယူကြသည်။ ထိုသို့သောလေ့ကျင့်မှုက ရှေ့ဆောင်လုပ်ရန်နှင့် လုပ်ငန်းတော်အထူးအခွင့်အရေးများကို လက်လှမ်းယူရန် သူတို့ကိုလှုံ့ဆော်ပေးသည်။ ဗေသလအိမ်သားများနှင့် သာသနာပြုအများစုသည် ကျောင်းတွင်ပါဝင်ခဲ့သည့် ၎င်းတို့၏အစောပိုင်းအချိန်ကို တမ်းတသတိရကြပြီး ယင်းကို အသုံးဝင်သောအကျင့်ဓလေ့များရရှိရန် သူတို့ကိုကူညီပေးခဲ့သည့် ပြင်ဆင်ပေးမှုတစ်ရပ်အဖြစ် ယူမှတ်ကြသည်။
၅ ကျွန်ုပ်တို့အားလုံးသည် ကြီးမြတ်တော်မူသော အိုးထိန်းသမားယေဟောဝါ၏လက်တော်ရှိအိုးမြေနှင့်တူသည်။ (ဟေရှာ. ၆၄:၈) အိုးမြေသည် ပျော့ပျောင်းလေ ပုံသွင်းဖို့လွယ်ကူလေဖြစ်၏။ ခြောက်သွေ့လာလေ ပို၍ခက်လေဖြစ်၏။ လူတို့လည်းထို့အတူပင်။ သူတို့သည် ငယ်ရွယ်ချိန်တွင် ပို၍ပျော့ပျောင်းကာ ငယ်လေ ပိုကောင်းလေဖြစ်၏။ ၎င်းတို့၏ငယ်ရွယ်နုနယ်သောနှစ်များသည် အကောင်း သို့မဟုတ် အဆိုးအတွက်ပုံသွင်းပေးမည့် ပုံသွင်းခံနှစ်များဖြစ်သည်။ ဂရုစိုက်သည့်မိဘတစ်ဦးအနေနှင့် ခရစ်ယာန်ဓမ္မအမှုတွင် အသုံးဝင်သည့်အကျင့်ဓလေ့များကို သင့်ရင်သွေးတို့၌ သွတ်သွင်းပေးရန် စောစောစတင်ပါ။