ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၃၅
  • ယေဟောဝါ ပညတ်တော်ကိုပေးတဲ့ အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ ပညတ်တော်ကိုပေးတဲ့ အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ပေးတဲ့ကတိ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မီးလောင်နေတဲ့ချုံ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ကျွန်ုပ်တို့သည် ပညတ်တော်ဆယ်ပါးအောက်တွင် ရှိသလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၃၅
သိနာတောင်မှာ ဘုရားသခင်က မောရှေကို ပညတ်တော်ပေး

ပုံပြင် ၃၅

ယေဟောဝါ ပညတ်တော်ကိုပေးတဲ့ အကြောင်း

ဣသရေလလူတွေ အီဂျစ်ပြည်ကထွက်ပြီးလို့ နှစ်လလောက်အကြာမှာ ဟောရပ်လို့လည်းခေါ်တဲ့ သိနာတောင်ကိုရောက်ကြတယ်။ ဒီနေရာဟာ မီးလောင်နေတဲ့ချုံထဲက ယေဟောဝါ မောရှေနဲ့စကားပြောခဲ့တဲ့နေရာပဲပေါ့။ လူတွေက အဲဒီနေရာမှာစခန်းချပြီး ခဏတစ်ဖြုတ်နေကြတယ်။

လူတွေ တောင်အောက်မှာစောင့်နေပြီး၊ မောရှေက တောင်ပေါ်ကိုတက်သွားတယ်။ တောင်ထိပ်မှာယေဟောဝါက မောရှေကိုပြောတယ်။ ဣသရေလလူတွေကို သူ့စကားနားထောင်ပြီး သူ့ရဲ့အထူးပိုင်ဆိုင်ရာလူမျိုးဖြစ်စေချင်တယ်တဲ့။ မောရှေတောင်ပေါ်ကဆင်းလာတဲ့အခါ ယေဟောဝါပြောခဲ့တာတွေကို လူတွေကိုပြန်ပြောပြတယ်။ လူတွေကလည်း ဘုရားသခင်ရဲ့အထူးလူမျိုးတော်ဖြစ်ချင်တဲ့အတွက် ယေဟောဝါရဲ့စကားတော်ကို နားထောင်ပါ့မယ်ဆိုပြီး ပြောကြတယ်။

အဲဒီအခါ ယေဟောဝါက ထူးထူးဆန်းဆန်းတစ်ခုလုပ်တယ်။ တောင်ထိပ်ကို မီးခိုးထွက်အောင်လုပ်ပြတယ်။ ပြီးတော့မိုးချုန်းသံဖြစ်အောင်လည်းလုပ်တယ်။ လူတွေကိုလည်း ‘ငါဟာမင်းတို့ကို အီဂျစ်ပြည်ကခေါ်ဆောင်လာတဲ့ မင်းတို့ရဲ့ဘုရားသခင်ယေဟောဝါပဲ’ ဆိုပြီတော့ပြောတယ်။ ‘ငါကလွဲရင် ဘယ်ဘုရားကိုမှမင်းတို့မကိုးကွယ်ရဘူး’ တဲ့။

ပညတ်တော်ကိုးပါးကိုလည်း ထပ်ပေးသေးတယ်။ လူတွေက သိပ်ကြောက်ကြတာပဲ။ သူတို့က ‘ကျွန်တော်တို့ကိုခင်ဗျားပဲစကားပြောပါ။ ဘုရားသခင်ကျွန်တော်တို့နဲ့ပြောရင် ကျွန်တော်တို့သေရမှာကြောက်လို့ပါ’ ဆိုပြီး မောရှေကိုပြောတယ်။

နောက်ပိုင်းမှာယေဟောဝါက မောရှေကိုပြောတယ်။ ‘တောင်ပေါ်တက်ပြီး ငါ့ဆီကိုလာခဲ့ပါ။ လူတွေစောင့်ရှောက်ဖို့ ငါအလိုရှိတဲ့ပညတ်တွေကို ရေးထားတဲ့ကျောက်ပြားနှစ်ချပ်ကို ငါမင်းကိုပေးမယ်’ ဆိုပြီးတော့လေ။ ဒါနဲ့ မောရှေနောက်တစ်ခါ တောင်ပေါ်တက်ပြန်တာပေါ့။ နေ့ ၄၀၊ ည ၄၀ အဲဒီမှာပဲသူနေတယ်။

ဘုရားသခင်ကသူ့လူတွေအတွက် ပညတ်အများကြီးထုတ်ပေးတယ်။ မောရှေကအဲဒီပညတ်တွေကို ရေးမှတ်တယ်။ ကျောက်ပြားနှစ်ချပ်လည်း မောရှေကိုပေးတယ်။ အဲဒီကျောက်ပြားတွေမှာလူအားလုံးကို ဘုရားသခင်မိန့်ကြားခဲ့တဲ့ပညတ်တော် ၁၀ ပါးကို ဘုရားသခင်ကိုယ်တော်တိုင်ရေးထားတယ်။ ပညတ်တော်ဆယ်ပါးလို့ခေါ်ကြတယ်။

ပညတ်တော်ဆယ်ပါးဟာ အရေးကြီးတဲ့ပညတ်တွေဖြစ်တယ်။ ဣသရေလလူတွေကိုပေးခဲ့တဲ့ ကျန်ပညတ်တွေလည်းအရေးကြီးတယ်။ ပညတ်တစ်ခုက ‘သင်၏ဘုရားသခင်ယေဟောဝါကို သင့်နှလုံးအကြွင်းမဲ့၊ သင့်စိတ်အကြွင်းမဲ့၊ သင့်စိုးလ်အကြွင်းမဲ့၊ သင့်ခွန်အားအကြွင်းမဲ့ဖြင့်ချစ်ရမည်’ လို့ဆိုထားတယ်။ နောက်တစ်ချက်က ‘ကိုယ်နှင့်အမျှ သူတစ်ပါးကိုချစ်ရမည်’ ဆိုပြီးပြောထားတယ်။ ဘုရားသခင့်သားတော်ယေရှုခရစ်က ယေဟောဝါ သူ့လူမျိုး ဣသရေလလူတွေကိုပေးတဲ့ပညတ်ထဲမှာ အဲဒီပညတ်နှစ်ခုဟာ အကြီးဆုံးလို့ဆိုတယ်။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့သားတော်အကြောင်းနဲ့ သားတော်ပို့ချတဲ့သြဝါဒအကြောင်း အများကြီးတို့သိရမယ်။

ထွက်မြောက်ရာ ၁၉:၁-၂၅; ၂၀:၁-၂၁; ၂၄:၁၂-၁၈; ၃၁:၁၈; တရားဟောရာ ၆:၄-၆; ဝတ်ပြုရာ ၁၉:၁၈; မဿဲ ၂၂:၃၆-၄၀။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ