ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂၃ စာ. ၆၀-စာ. ၆၁ ပိုဒ်. ၄
  • ယေဟောဝါကို ပေးတဲ့ကတိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ပေးတဲ့ကတိ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ ပညတ်တော်ကိုပေးတဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သိနာ—မောရှေ၏တောင်နှင့် သနားကြင်နာခြင်းတောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သူတို့ ကတိဖျက်ကြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂၃ စာ. ၆၀-စာ. ၆၁ ပိုဒ်. ၄
အစ္စရေးတွေ ဆိုင်းနိုင်းတောင်ခြေမှာ ရပ်နေ

သင်ခန်းစာ ၂၃

ယေဟောဝါကို ပေးတဲ့ကတိ

အစ္စရေးတွေဟာ အီဂျစ်ပြည်ကထွက်လာပြီး နှစ်လလောက်အကြာမှာ ဆိုင်းနိုင်းတောင်ကို ရောက်ပြီး စခန်းချကြတယ်။ ယေဟောဝါဟာ မောရှေကို တောင်ပေါ်တက်လာခိုင်းပြီး ‘အစ္စရေးတွေကို ငါ ကယ်ခဲ့ပြီ။ သူတို့သာ ငါ့စကားနားထောင်ပြီး ငါ့ပညတ်တွေလိုက်နာရင် ငါ့ရဲ့အထူးလူမျိုးဖြစ်ခွင့်ရမယ်’ လို့ပြောတယ်။ တောင်အောက် မောရှေ ပြန်ဆင်းလာပြီး အစ္စရေးတွေကို ယေဟောဝါပြောတာတွေ ပြန်ပြောပြတယ်။ သူတို့ဘယ်လိုတုံ့ပြန်သလဲ။ ‘ယေဟောဝါ ပြောသမျှကို နာခံလိုက်နာပါ့မယ်’ လို့ ကတိပြုကြတယ်။

မောရှေဟာ နောက်တစ်ခေါက် တောင်ပေါ်ပြန်တက်သွားတယ်။ အဲဒီမှာ ယေဟောဝါဘုရားက ‘နောက်သုံးရက်ကျရင် မင်းကို ငါ စကားပြောမယ်။ ဆိုင်းနိုင်းတောင်ပေါ် တခြားသူတွေ တက်မလာပါစေနဲ့’ တဲ့။ မောရှေ တောင်အောက်ပြန်ဆင်းလာပြီး အစ္စရေးတွေကို ယေဟောဝါ ပြောတာနားထောင်ဖို့ အသင့်စောင့်နေပါလို့ မှာခဲ့တယ်။

အစ္စရေးတွေဟာ ဆိုင်းနိုင်းတောင်ပေါ်မှာ လျှပ်စီးတွေလက်ပြီး တိမ်ထုကြီးကိုတွေ့

သုံးရက်မြောက်နေ့မှာ လျှပ်စီးတွေလက်ပြီး တောင်ပေါ်ကို တိမ်ထုကြီး ဆင်းလာတာ အစ္စရေးတွေ မြင်တယ်။ မိုးခြိမ်းသံနဲ့ တံပိုးမှုတ်သံလည်း ကြားတယ်။ အဲဒီနောက် ယေဟောဝါက မီးလျှံနဲ့ ဆင်းလာတယ်။ အစ္စရေးတွေ ကြောက်ဒူးတုန်ကုန်ကြတယ်။ တောင်တစ်တောင်လုံး သွက်သွက်ခါအောင် လှုပ်နေပြီး မီးခိုးတွေ တက်လာတယ်။ တံပိုးမှုတ်သံဟာ ကျယ်သည်ထက် ကျယ်လာတယ်။ ဘုရားက ‘ငါဟာ ယေဟောဝါပဲ။ တခြားဘယ်ဘုရားကိုမှ မင်းတို့ ဝတ်မပြုရဘူး’ လို့ပြောတယ်။

မောရှေ တောင်ပေါ်ပြန်တက်သွားတဲ့အခါ ယေဟောဝါက ကိုယ်တော့်ကို လူတွေ ဘယ်လို ဝတ်ပြုကိုးကွယ်ရမယ်၊ ဘယ်လို ပြုမူနေထိုင်ရမယ် ဆိုတဲ့ပညတ်တွေ ပေးတယ်။ အဲဒီပညတ်တွေကို မောရှေ ချရေးပြီး အစ္စရေးတွေကို ပြန်ဖတ်ပြတယ်။ သူတို့က ‘ယေဟောဝါ ပြောသမျှ နာခံလိုက်နာပါ့မယ်’ လို့ကတိပေးကြတယ်။ ဘုရားသခင်ကို သူတို့ အဲဒီလို ကတိပေးတယ်။ ဒါပေမဲ့ သူတို့ ကတိတည်ပါ့မလား။

“ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။”—မဿဲ ၂၂:၃၇

မေးခွန်း– ဆိုင်းနိုင်းတောင်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ။ အစ္စရေးတွေ ဘာကတိပေးခဲ့ကြသလဲ။

ထွက်မြောက်ရာ ၁၉:၁–၂၀:၂၁။ ၂၄:၁-၈။ တရားဟောရာ ၇:၆-၉။ နေဟမိ ၉:၁၃၊ ၁၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ