ပထမရာစု ခရစ်ယာန်အသင်းတော်
ခသမ ၃၃ ခုနှစ်ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏တပည့်တော် ၁၂၀ အပေါ်သန့်ရှင်းသောဝိညာဉ်တော်ကျရောက်သောအခါ ဘုရားသခင့်ဘုန်းတန်ခိုးထည်ဝါမှုအကြောင်းကို ဘာသာစကားမြောက်မြားစွာဖြင့် စတင်ဟောပြောလာကြသည်။ ဤကားခရစ်ယာန်အသင်းတော်စတည်ထောင်ခြင်းဖြစ်သည်။ ထိုနေ့တွင် တပည့်သစ် ၃,၀၀၀ နှစ်ခြင်းခံခဲ့သည်။—တမန်တော်အခန်းကြီး ၂။
တမန်တော်များနှင့် အခြားတပည့်တော်တို့ ဘုရားနှုတ်ကပါဌ်တော်ကို ရဲရဲဝံ့ဝံ့ဟောပြောလာသောအခါ နေရာဒေသအနှံ့အသင်းတော်များပေါ်ပေါက်လာခဲ့သည်။ တမန်တော်ဝတ္ထုတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဟောပြောခြင်းလုပ်ငန်းသည် မြေထဲပင်လယ်ဒေသတစ်လျှောက် ဗာဗုလုန်နှင့်မြောက်အာဖရိကမှ ရောမနှင့်စပိန်ထိတိုင်ပျံ့နှံ့ခဲ့သည်။—ရောမ ၁၅:၁၈-၂၉။ ကောလောသဲ ၁:၂၃။ ၁ ပေတရု ၅:၁၃။
တပည့်တော်များဖြစ်လာသည့်နေရာတိုင်း၌ အသင်းတော်များ ဖွဲ့စည်းတည်ထောင်ကြသည်။ အသင်းတော်အတွင်း၌ မှန်ကန်သောသွန်သင်ချက်နှင့် အကျင့်အကြံစံချိန်တို့ကို ဆက်လက်ထိန်းသိမ်းရန် အရည်အချင်းရှိ၍ ပါရမီရင့်ကျက်သောယောက်ျားတို့ကို အသက်ကြီးသူ သို့မဟုတ် ကြီးကြပ်ရေးမှူးများအဖြစ် ခန့်အပ်ကြသည်။ သို့သော် သူတို့သည်ဓမ္မဆရာအတန်းအစားမဟုတ်ကြပါ။ သူတို့သည် ဘုရာသခင့်နိုင်ငံတော်အတွက်သံတမန်များ၊ လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်။—တမန်တော် ၁၄:၂၃၊ ၂၀:၂၈။ ၁ ကောရိန္သု ၃:၅၊ ၅:၁၃။ ကောလောသဲ ၄:၁၁။ ၁ တိမောသေ ၃:၁-၁၅။ ဟေဗြဲ ၁၃:၁၇။ ၁ ပေတရု ၅:၁-၄။
တမန်တော်များနှင့်အခြားလုပ်ဖော်ဆောင်ဖက်တို့သည် အုပ်ချုပ်ရေးအဖွဲ့အဖြစ်အမှုထမ်းကြသည်။ ဟောပြောခြင်းလုပ်ငန်းကို သူတို့ဦးဆောင်ခဲ့ကြသည်။ ယေရုရှလင်အသင်းတော်မှနေ၍ ပြဿနာအရပ်ရပ်ကို အဆုံးအဖြတ်ပေးကြသည်။ ရှမာရိနှင့်အန္တိအုပ်ရှိယုံကြည်သူလူသစ်များကို သွားရောက်အားပေးရန် အရည်အချင်းရှိညီအစ်ကိုများကိုစေလွှတ်ခဲ့ကြသည်။ အရေဖျားလှီးခြင်းနှင့်ပတ်သက်သည့် အငြင်းအခုံကိုကိုင်တွယ်ခဲ့ကြပြီး အသင်းတော်အားလုံးလိုက်လျှောက်ရန် သူတို့၏ဆုံးဖြတ်ချက်ကို ဖြန့်ဝေခဲ့သည်။ သို့သော် ဤသူများသည် အခြားသူတို့အပေါ်သခင်များမဟုတ်ကြဘဲ အသင်းတော်တစ်ခုလုံးအတွက် အစေခံများနှင့်လုပ်ဖော်ဆောင်ဖက်များသာဖြစ်ကြသည်။—တမန်တော် ၄:၃၃၊ ၆:၁-၇၊ ၈:၁၄-၂၅၊ ၁၁:၂၂-၂၄၊ ၁၅:၁-၃၂၊ ၁၆:၄၊ ၅။ ၁ ကောရိန္သု ၃:၅-၉၊ ၄:၁၊ ၂။ ၂ ကောရိန္သု ၁:၂၄။
ကနဦးတပည့်တော်တို့သည် ဘုရားသခင့်စီမံချက်အရ ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံခဲ့ရကြသည်။ သူတို့ကိုထူးခြားစေသည့်သွန်သင်ချက်များလည်းရှိခဲ့ကြသည်။ ၄င်းတို့ကိုတမန်တော်တို့၏သြဝါဒများ သို့မဟုတ် ကျန်းခံ့ရေးတရားပုံစံဟုခေါ်ခဲ့ကြသည်။ ဤကျမ်းစာအခြေပြုသည့်သွန်သင်ချက်ကို သမ္မာတရားဟုလည်းခေါ်ခဲ့ကြသည်။—ယောဟန် ၁၇:၁၇။ တမန်တော် ၂:၄၂၊ ၁၁:၂၆။ ရောမ ၆:၁၇။ ၁ တိမောသေ ၄:၆၊ ၆:၁၊ ၃။ ၂ တိမောသေ ၁:၁၃။ ၂ ပေတရု ၂:၂။ ၂ ယောဟန် ၁၊ ၄၊ ၉။
သူတို့သည် မေတ္တာဖြင့်ဖွဲ့နှောင်ထားသည့် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဖြစ်သည်။ အခြားနိုင်ငံရှိမိမိတို့၏ယုံကြည်သူချင်းကို စိတ်ဝင်စားကြသည်။ နိုင်ငံရပ်ခြားသို့ သူတို့ခရီးသွားပါက ယုံကြည်သူချင်းတို့က အိမ်သို့ခေါ်ဖိတ်ကြသည်။ သူတို့သည် မြင့်မြတ်သောစာရိတ္တစံချိန်များကို ထိန်းသိမ်းကြခြင်းအားဖြင့် လောကနှင့်ကွာခြားသောသန့်ရှင်းသည့်လူမျိုးဖြစ်ခဲ့ကြသည်။ သူတို့စိတ်စွဲလမ်းသည့်အချက်မှာ ယေဟောဝါ၏နေ့တော်ရက်ကြီးရောက်ရှိခြင်းနှင့် မိမိတို့၏ယုံကြည်ခြင်းကို ဇွဲနပဲနှင့် လူသိရှင်ကြားကြေညာခြင်းပင်ဖြစ်သည်။—ယောဟန် ၁၃:၃၄၊ ၃၅၊ ၁၅:၁၇-၁၉။ တမန်တော် ၅:၄၂၊ ၁၁:၂၈၊ ၂၉။ ရောမ ၁၀:၉၊ ၁၀၊ ၁၃-၁၅။ တိတု ၂:၁၁-၁၄။ ဟေဗြဲ ၁၀:၂၃၊ ၁၃:၁၅။ ၁ ပေတရု ၁:၁၄-၁၆၊ ၂:၉-၁၂၊ ၅:၉။ ၂ ပေတရု ၃:၁၁-၁၄။ ၃ ယောဟန် ၅-၈။
သို့တစေ၊ ဒုတိယနှင့်တတိယရာစုရောက်သောအခါ ကြိုတင်ဖော်ပြထားသည့်အတိုင်း ကြီးမားသောအယူဖောက်ပြန်မှု စတင်ကြီးထွားလာသည်။ ၄င်း၏အကျိုးဆက်ကား သွန်သင်ချက်၊ အကျင့်အကြံ၊ အဖွဲ့အစည်း၊ လောက၌ရပ်တည်ရမည့်အနေအထား စသည့်အချက်တို့နှင့်ပတ်သက်၍ ကနဦးခရစ်ယာန်အသင်းတော်၏စင်ကြယ်မှုကို ဆက်၍မစောင့်ထိန်းသောကြီးကျယ်သည့်ချာ့ချ်စနစ်များပေါ်ပေါက်လာခဲ့သည်။—မဿဲ ၁၃:၂၄-၃၀၊ ၃၇-၄၃။ ၂ သက်သာလောနိတ် အခန်းကြီး ၂။
သို့သော် အစီအစဉ်စနစ်၏အဆုံးကာလတွင် မှန်သောဝတ်ပြုရေးပြန်လည် တည်ထောင်မည်ဖြစ်ကြောင်း ယေရှုကြိုဟောခဲ့သည်။ ယေရှုဟောပြီးနှစ်ပေါင်း ၁၉၀၀ ကျော်သည့် ယခုအချိန်တွင် ဤပြန်လည်တည်ထောင်ခြင်းကို မိမိတို့၏လုပ်ဆောင်မှုများအပေါ်တွင်တွေ့နိုင်ကြောင်း ယေဟောဝါသက်သေတို့ယုံကြည်ကြသည်။ အဘယ်ကြောင့်နည်း။ နောက်စာမျက်နှာများကရှင်းပြအံ့။
• ခရစ်ယာန်အသင်းတော်ကို မည်သို့တည်ထောင်ခဲ့ပြီး မည်သို့တိုးပွားလာသနည်း။
• ထိုအသင်းတော်ကိုမည်သို့ ကြီးကြပ်ခဲ့သနည်း။
• ပထမရာစုခရစ်ယာန်များအား ထူးခြားထင်ရှားစေသည့်အရာများကား အဘယ်နည်း။
[စာမျက်နှာ ၇ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ပင်လယ်နက်
ကယ်စ်ပီယံ ပင်လယ်
မြေထဲပင်လယ်
ပင်လယ်နီ
ပါရှန်ကွေ့
ပထမရာစုသတင်းကောင်းရောက်ရှိခဲ့သည့်နယ်မြေ
အီတလီ
ရောမ
ဂရိ
မေလိတေ
ကရေတေ
ဆိုက်ပရပ်
ဗေသနိ
ဂလာတိ
အာရှ
ကပ္ပဒေါကိ
ကိလိကိ
ဆီးရီးယား
အစ္စရေး
ယေရုရှလင်
မေသောပေါတာမိ
ဗာဗုလုန်
ဤဒေသမှအချို့ယုံကြည်သူများဖြစ်လာကြသည်
ဣလုရိတ်
မေဒိ
ပါသိ
ဧလံ
အာရေဗျ
လစ်ဗျား
အီဂျစ်
အီးသီယိုးပီယား
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကနဦးခရစ်ယာန်တို့ဘုရားနှုတ်ကပါဌ်တော်ကိုရဲရင့်စွာဟောခဲ့ကြသည်
မည်သည့်နေရာသို့သွားသွား ခရစ်ယာန်တို့သည်ယုံကြည်သူချင်းတို့၏အိမ်၌ခေါ်ဖိတ်ခံရကြသည်