အချိန်ပြည့်ဓမ္မအမှုဆောင်များ ဟောပြောခြင်းလုပ်ငန်းကိုရှေ့ဆောင်
သင့်ထံဦးဆုံးလည်ပတ်ရောက်ရှိသည့် ယေဟောဝါသက်သေမှာ အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုဆောင် သို့မဟုတ် သာသနာပြုတစ်ဦးဖြစ်နိုင်သည်။ ယေဟောဝါသက်သေတို့တွင် အခကြေးငွေရ၍ ဓမ္မအမှုဆောင်ခြင်းမရှိသဖြင့် အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းတွင် ဤသူများမည်သို့ပါဝင်နိုင်ကြောင်းကိုသင်သိလိုပေမည်။
ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသည့် ယေဟောဝါသက်သေအားလုံးဓမ္မအမှုဆောင်များဖြစ်ကြသည်။ သို့သော်၊ အများစုမှာအိမ်ထောင်ရေးနှင့် အခြားတာဝန်များကြောင့်တစ်ပတ်လျှင် နာရီအနည်းငယ်သာ ဓမ္မအမှုဆောင်နိုင်ကြသည်။ သို့သော်၊ ကမ္ဘာတစ်ဝန်းမှ ထောင်ပေါင်းများစွာသောသက်သေတို့သည် အချိန်ပိုင်းအလုပ်,လုပ်၍ လျော့နည်းသွားသည့်ဝင်ငွေကိုကာမိရန် မိမိတို့၏လူနေမှုအဆင့်အတန်းကို လျော့ချပစ်ပြီး တစ်နှစ်လျှင်နာရီပေါင်းတစ်ထောင်နှင့်အထက်ဓမ္မအမှုဆောင်ကြသည်။
မှန်ပါသည်။ အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုဆောင်တို့သည် ငွေကိုများများစားစားမသုံးစွဲနိုင်ကြသော်လည်း ဤသို့ပြုပြင်ခြင်းသည် သူတို့အတွက်ဘုရားနိုင်ငံတော်ကို ရှေးဦးရှာရာနည်းတစ်နည်းဖြစ်သည်။ ဘုရားနှုတ်ကပါဌ်တော်ကို အခြားသူတို့အားတစ်လလျှင်နာရီ ၉၀ ခန့်ပြောပြနိုင်သူတို့အတွက်ပင် ကောင်းသောအတွေ့အကြုံတစ်ခုဖြစ်သည်။ အချိန်ပြည့်ဓမ္မအမှုဆောင်တို့သည် မိမိတို့၏ကျွမ်းကျင်မှုကို ဓမ္မအမှုဆောင်ခြင်း၌တိုးတက်သွားစေပြီး စိတ်ဝင်စားသူများကို စနစ်တကျပြန်လည်ပတ်ဖို့အချိန်လည်းရကြသည်။ ဤနည်းဖြင့်အားရဖွယ်အကျိုးဖြစ်ထွန်းစေသည်။ အဓိကလိုအပ်ရာများကို သူတို့ရရှိပြီး ၄င်းတို့ကိုအလွန်တန်ဖိုးထားလေးမြတ်ကြသည်။—မဿဲ ၆:၃၃။
၁၉၄၃ ခုနှစ်ဖေဖေါ်ဝါရီလတွင် ကင်းမျှော်စင်အသင်းသည် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာသင်ကျောင်းကို စတင်တည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ အတွေ့အကြုံရှိအချိန်ပြည့်ဓမ္မအမှုဆောင်တို့ကို နိုင်ငံခြားသာသနာပြုအဖြစ်လေ့ကျင့်ပေးရန်ဖြစ်သည်။ ကျောင်းကာလ ၅ လအတွင်းကျမ်းစာကို စူးစိုက်လေ့လာခြင်း၊ ကျမ်းရာဇဝင်၊ ယေဟောဝါ၏အဖွဲ့အစည်း၊ နိုင်ငံရပ်ခြားသာသနာပြုလုပ်ငန်းအတွက် ပြင်ဆင်ခြင်းတို့နှင့်ပတ်သက်သောအကြောင်းအရာများကို သင်ကြားပေးသည်။
သာသနာပြုအဖြစ်ခန့်အပ်ခံရသူများအတွက် ခရီးစရိတ်၊ စားစရိတ်အားလုံးနှင့်တော်သင့်လျောက်ပတ်စွာနေထိုင်နိုင်ဖို့ သာသနာပြုအိမ်များကိုအသင်းမပေးသည်။ ကိုယ်ပိုင်အသုံးစရိတ်အနည်းငယ်ကိုလည်းပေးထားသည်။ သူတို့အနေနှင့်ဝယ်ခြမ်း၊ ချက်ပြုတ်၊ သန့်ရှင်းရေးတို့ကို လုပ်ဆောင်ကြသည်။ ဤသို့တော်သင့်သောကြည့်ရှုထောက်ပံ့မှုဖြင့် သာသနာပြုတို့သည် တစ်အိမ်တက်ဆင်းဟောပြောခြင်း၊ စိတ်ဝင်စားသူတို့နှင့် ကျမ်းစာသင်အံမှုကျင်းပခြင်းတို့ကို တစ်လလျှင်အနည်းဆုံးနာရီ ၁၄၀ လုပ်ဆောင်နိုင်ကြသည်။
သာသနာပြုများစွာတို့သည် သူတို့၏မိသားစုနှင့်နေရင်းဒေသမှ မိုင်ထောင်ပေါင်းများစွာဝေးကွာသော နေရာများသို့စေလွှတ်ခံရသည်။ ခြားနားသောလူနေမှုအဆင့်နှင့် ယဉ်ကျေးမှု၊ အစားအသောက်အသစ်အဆန်း၊ ရာသီဥတုကွာခြားခြင်း၊ ဘာသာခြားစကားပြောဆိုခြင်းတို့အတွက် သူတို့လိုအပ်သလိုပြုပြင်ပြောင်းလဲကြရသည်။ ဤလုပ်ငန်းကိုသူတို့လုပ်ရခြင်းမှာ လူများကိုချစ်ပြီး၊ ဘုရားသခင့်နိုင်ငံတော်အကြောင်းသိစေလိုသော ဆန္ဒပြင်းပြသောကြောင့်ဖြစ်သည်။
၁၉၄၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်တစ်လျှောက်ဂိလဒ်ကင်းမျှော်စင်ကျမ်းစာသင်ကျောင်းမှ သင်တန်းပေါင်း ၈၀ ကျင်းပပြီး သာသနာပြုပေါင်း ၆၀၀၀ ကျော်စေလွှတ်နိုင်ခဲ့သည်။ အသင်းမ၏ကြပ်မတ်ကွပ်ကဲမှုဖြင့် အာဖရိကတစ်ခွင်၊ အလယ်နှင့်တောင်အမေရိက၊ အရှေ့တိုင်းနှင့်တောင်ပစိဖိတ်ဒေသများသို့ ကျမ်းစာအသိပညာပျံ့နှံ့ရောက်ရှိရန် ယင်းသာသနာပြုတို့ရှေ့ဆောင်ရှေ့ရွက်ပြုကြရာ ဥရောပတစ်ခွင်၌လည်း အထူးအောင်မြင်ခဲ့ကြသည်။
ယေဟောဝါသက်သေတို့သည် အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်ကြသည့် ရှေ့ဆောင် သို့မဟုတ် သာသနာပြုများဖြစ်စေ၊ အချိန်ပိုင်းဓမ္မအမှုဆောင်များဖြစ်စေ စီးပွားရေးအကျိုးအမြတ်မရှိဘဲ၊ လုပ်ဆောင်ကြသည်။ သူတို့၏ကိုယ်ပိုင်အချိန်၊ ငွေကြေး၊ ခွန်အားတို့ကို လူအများထာဝရအသက်သို့ပို့ဆောင်သော အသိပညာရရှိရန်အတွက်အသုံးပြုကြသည်။—ယောဟန် ၁၇:၃။
• အချို့သောယေဟောဝါသက်သေတို့သည် မည်သည့်နည်းဖြင့်အချိန်ပြည့်ဓမ္မအမှုဆောင်နိုင်ကြသနည်း။ သူတို့အဘယ်ကြောင့်ဤသို့ပြုသနည်း။
• သာသနာပြုလုပ်ငန်းအတွက် ဓမ္မအမှုဆောင်တို့မည်သို့လေ့ကျင့်ခံရကြသနည်း။
• နိုင်ငံခြားတွင်အမှုဆောင်စဉ် သာသနာပြုများမည်သို့ထောက်ပံ့ခံရကြသနည်း။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံများ]
ဝဲ–ဂိလဒ်ကျောင်းစာသင်ခန်း၊ ဘရွတ်ကလင်၊ နယူးယောက်၊ ယူအက်စ်အေ။
ယာ–ပါပူဝါနျူးဂီနီ၌သာသနာပြုတစ်ဦးဘုရားနှုတ်ကပါဌ်တော်သင်ကြားပေးနေပုံ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]
ရှေ့ဆောင်ဓမ္မအမှုဆောင်နှင့်သာသနာပြုများနိုင်ငံအသီးသီး၌နှုတ်ကပါဌ်တော်ဟောပြောနေပုံ
ဘရာဇီးလ်
ဒိုမီနီကန်သမ္မတနိုင်ငံ
စပိန်
ဆီအဲရာလေယွန်၊ အာဖရိက