ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၁၃
  • “ကမ္ဘာမြေအစွန်အဖျားအထိ” သွားတဲ့ သာသနာပြုများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကမ္ဘာမြေအစွန်အဖျားအထိ” သွားတဲ့ သာသနာပြုများ
  • အလှူငွေတွေကို အသုံးပြုပုံ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သာသနာပြုတွေ ကူညီပေးကြပုံ
  • ယခုခေတ်တွင် တပည့်တော်အစစ်များဖြစ်အောင် ပြုလုပ်ခြင်း
    နိုးလော့!—၁၉၉၆
  • အချိန်ပြည့်ဓမ္မအမှုဆောင်များ ဟောပြောခြင်းလုပ်ငန်းကိုရှေ့ဆောင်
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
  • ဘုရားသခင့်နှုတ်ကပါဌ်တော်၏ကျောင်းဆင်း ကျောင်းသားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းလျှောက်လွှာ တင်ဖို့ လိုလိုလားလား ရှိပါသလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၁၃
သာသနာပြုမောင်နှံစုံ နောက်မောင်နှံတစ်စုံနဲ့ တစ်အိမ်တက်ဆင်း သွားနေ။

အလှူငွေတွေကို အသုံးပြုပုံ

“ကမ္ဘာမြေအစွန်အဖျားအထိ” သွားတဲ့ သာသနာပြုများ

ဇွန် ၁၊ ၂၀၂၁

ယေရှုက မိမိရဲ့နောက်လိုက်တွေဟာ “ကမ္ဘာမြေအစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ ပြောတယ်။ (တမန်တော် ၁:၈) ဒီလုပ်ငန်းကို ယေဟောဝါသက်သေတွေ ဇွဲထက်သန်စွာ လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ လူနေထူထပ် ကျယ်ပြန့်တဲ့ ကမ္ဘာ့ဒေသတချို့မှာ စေ့စေ့စပ်စပ် သက်သေမခံရသေးဘူး။ တချို့နိုင်ငံတွေမှာဆိုရင် သက်သေခံ နည်းနည်းလေးပဲ ရှိတယ်။ (မဿဲ ၉:၃၇၊ ၃၈) လူများနိုင်သမျှ များများကို သက်သေခံနိုင်ဖို့ ကျွန်တော်တို့ ဘာတွေ လုပ်ဆောင်နေသလဲ။

ယေရှုရဲ့မိန့်မှာချက်ကို နာခံတဲ့အနေနဲ့ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းတော်ကော်မတီက လယ်ကွင်း သာသနာပြုတွေ ခန့်အပ်ပြီး လိုအပ်တဲ့ဒေသကို စေလွှတ်ပါတယ်။ လောလောဆယ် ကမ္ဘာတစ်ဝန်းမှာ လယ်ကွင်း သာသနာပြု ၃,၀၉၀ ဦး ရှိနေပါပြီ။a အများစုက သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းလိုမျိုး ကျမ်းစာကျောင်းမှာ လေ့ကျင့်မှု ရထားသူတွေပါ။ ကိုယ့်အိမ်ကိုယ့်မြေကို စွန့်ပြီး တိုင်းတစ်ပါးဆီ တလိုတလား ပြောင်းရွှေ့ကြသူတွေပါ။ ရင့်ကျက်သူ၊ ကျွမ်းကျင်သူ၊ အတွေ့အကြုံရှိသူတွေ ဖြစ်လို့ သတင်းကောင်း ပျံ့နှံ့စေရာမှာ တပည့်သစ်တွေအတွက် စံနမူနာကောင်းပြသူတွေ ဖြစ်ကြတယ်။

သာသနာပြု ညီအစ်မ အမျိုးသမီးတစ်ယောက်ကို ကျမ်းစာသင်ပေးနေ။

ပိုလိုအပ်တဲ့ ဒေသတွေမှာ သတင်းကောင်းဟောပြောဖို့ သာသနာပြုတွေ ကူညီကြ

သာသနာပြုတွေ ကူညီပေးကြပုံ

ဌာနခွဲကော်မတီက လုပ်ငန်းတော်ဌာနရှိ လယ်ကွင်းလုပ်ငန်းဌာနစိတ်ကတစ်ဆင့် သာသနာပြုတွေ လိုအပ်တဲ့ အိမ်စရိတ်၊ ဆေးကုသစရိတ်နဲ့ နေထိုင်မှုစရိတ် စတာတွေကို အသင့်အတင့် ထောက်ပံ့ကူညီတယ်။ ၂၀၂၀ လုပ်ငန်းတော်နှစ်အတွင်း သာသနာပြုတွေအတွက် ယူအက်စ်ဒေါ်လာ ၂၇ သန်း အသုံးပြုခဲ့တယ်။ ဒီလိုကူညီပေးတဲ့အတွက် သာသနာပြုတွေ အမှုဆောင်မှာ အပြည့်အဝ အာရုံစိုက်နိုင်ကြရုံမက အသင်းတော်ကိုလည်း အားရှိစေတယ်။

သာသနာပြု ညီအစ်ကိုက အစည်းအဝေးမှာ လက်ထောင်တဲ့ ညီအစ်မကို မှတ်ချက်ပေးဖို့ ခေါ်နေ။

သာသနာပြုတွေ အသင်းတော်တွေကို ခိုင်ခံ့မြဲမြံစေ

သာသနာပြုတွေကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ ဘာအကျိုးကျေးဇူးတွေ ခံစားရသလဲ။ မာလာဝီနိုင်ငံ ဌာနခွဲကော်မတီဝင် ညီအစ်ကို ဖရန့်ခ် မက်စင်က “သာသနာပြုတွေရဲ့ ရဲဝံ့မှု၊ ကျွမ်းကျင်မှုတွေကြောင့် အသင်းတော်တွေဟာ လုံခြုံရေးတင်းကျပ်တဲ့ အဆောက်အအုံ၊ ဘာသာခြားစကားပြော ရပ်ကွက်တို့လို ဟောပြောဖို့ခက်တဲ့ ရပ်ကွက်တွေဆီ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်။ ဒေသခံ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ကြိုးစားပမ်းစား သင်ယူကြပုံကလည်း အားကျစရာပဲ။ သူတို့ကိုကြည့်ပြီး လူငယ်တွေ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ချင်လာတယ်။ ဒီလိုသာသနာပြုတွေ ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်ကြတယ်” လို့ ပြောတယ်။

တခြားနိုင်ငံက ဌာနခွဲကော်မတီဝင်တစ်ဦးက “ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါရဲ့လူမျိုးဟာ စည်းလုံးညီညွတ်ကြမှန်း သာသနာပြုတွေက သက်သေထူတယ်။ ယဉ်ကျေးမှုမတူလို့ ကွဲပြားနေတာမျိုး မရှိဘူး။ ကျမ်းစာသွန်သင်ချက် လိုက်နာလို့ စည်းလုံးတဲ့ ညီအစ်ကိုအသင်းအပင်း ဖြစ်နေတယ်ဆိုတာ သက်သေခံမဟုတ်သူတွေ သတိထားမိကြတယ်” လို့ပြောတယ်။

ဒေသခံ ကြေညာသူတွေကိုကော သာသနာပြုတွေ ဘယ်လို ကူညီပေးသလဲ။ တီမောလက်စတီက ညီအစ်ကို ပေါလိုက မိမိအသင်းတော်ကို ရောက်လာတဲ့ သာသနာပြုမောင်နှံအတွက် သိပ်ကျေးဇူးတင်ကြောင်း ဒီလိုပြောပြတယ်။ “ကျွန်တော်တို့ဒေသက တအားကို ပူတာ။ သာသနာပြုတွေဟာ အေးတဲ့ဒေသက လာသူတွေဖြစ်ပေမဲ့ ရာသီဥတုကြောင့် ဟောပြောခြင်းလုပ်ငန်း အထိခိုက်မခံကြဘူး။ မနက်မနက်ဆို လယ်ကွင်းစုဆုံမှုမှာ ရောက်နေကြပြီ။ နေပူကျဲကျဲ နေ့ခင်းကြောင်တောင်မှာကော မွန်းလွဲပိုင်းမှာပါ ပြန်လည်ပတ်မှု သွားနေကြတာ။ သူတို့ ကူညီပေးလို့ ကျွန်တော်အပါအဝင် လူအတော်များများ အမှန်တရား သိလာကြတယ်။ သူတို့ရဲ့ ဇွဲလုံ့လ၊ ထက်သန်မှုက အသင်းတော်တစ်ခုလုံး ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်လာကြဖို့ တွန်းအားဖြစ်စေတယ်။”

မာလာဝီမှာနေတဲ့ မှန်မှန်ရှေ့ဆောင် ကေတီက သူ့မိသားစုကို သာသနာပြုမောင်နှံစုံ ကူညီပေးခဲ့ပုံအကြောင်း ပြန်ပြောပြတယ်။ “ကျွန်မတို့ အသင်းတော်ကို သာသနာပြုမောင်နှံစုံ ရောက်လာချိန်မှာ မိသားစုထဲ သက်သေခံဆိုလို့ ကျွန်မတစ်ယောက်တည်းပဲ။ ကျွန်မကို ကူညီပေးရင်း ကျွန်မရဲ့မိသားစုနဲ့ပါ သူတို့ ရင်းနှီးလာကြတယ်။ သူတို့ကိုကြည့်ပြီး ယေဟောဝါကို အမှုဆောင်တာဟာ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ ဘဝဖြစ်မှန်း ကျွန်မရဲ့ သားသမီးတွေ သိမြင်လာကြတယ်။ စံနမူနာကောင်းပြတဲ့ သူတို့ရဲ့ကျေးဇူးကြောင့် သမီးသုံးယောက်က မှန်မှန်ရှေ့ဆောင် လုပ်နေပြီ။ ကျွန်မခင်ပွန်းလည်း အစည်းအဝေးတွေ တက်လာပါပြီ။”

လယ်ကွင်း သာသနာပြုတွေအတွက် ကုန်ကျစရိတ်ကို ဘယ်ကနေ ရသလဲ။ ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းငွေ၊ အများအားဖြင့် donate.jw.org ပါ နည်းတွေကတစ်ဆင့် ရရှိတဲ့အလှူငွေကို အသုံးပြုပါတယ်။ အခုလို ရက်ရက်ရောရော ပေးလှူကြလို့ ကျေးဇူး အများကြီးတင်ပါတယ်။

a ဟောပြောခြင်းလုပ်ငန်းအတွက် ပိုလိုအပ်တဲ့ အသင်းတော်တွေမှာ ဒီသာသနာပြုတွေ တာဝန်ကျတယ်။ လယ်ကွင်း သာသနာပြု ၁,၀၀၁ ဦးကတော့ နယ်လှည့်လုပ်ငန်းမှာ အမှုဆောင်နေကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ