သူတို့ဘာကို ယုံကြည်ကြသနည်း
ယေဟောဝါသက်သေတို့သည် ကောင်းကင်မြေကြီးကို ဖန်ဆင်းတော်မူသော အဆုံးမဲ့တန်ခိုးရှင် ယေဟောဝါကို ယုံကြည်ကြသည်။ ကျွန်ုပ်တို့ပတ်ပတ်လည်ရှိ စကြဝဠာအတွင်း ရှုပ်ထွေးနက်နဲစွာတည်ရှိနေသည့် အံ့ဖွယ်အရာတို့သည် မဟာ့မဟာဉာဏ်ပညာနှင့် တန်ခိုးတော်အလွန်ကြွယ်ဝတော်မူသော ဖန်ဆင်းရှင်တစ်ပါးက ယင်းတို့ကိုဖန်တီးပြုလုပ်ခဲ့ကြောင်း ခိုင်လုံသည့်အထောက်အထားဖြစ်သည်။ လူယောက်ျား၊ မိန်းမတို့လုပ်သည့်အလုပ်များသည် သူတို့၏အရည်အချင်းကို ထင်ဟပ်သကဲ့သို့ ယေဟောဝါဘုရားသခင်၏လက်ရာတော်တို့သည်လည်း ကိုယ်တော်၏အရည်အချင်းများကို ပေါ်လွင်စေသည်။ သမ္မာကျမ်းစာက “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏” ဟုပြောထားသည်။ စကား သို့မဟုတ် အသံမထွက်ဘဲလျက် “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော . . . ၏။”—ရောမ ၁:၂၀; ဆာလံ ၁၉:၁-၄။
လူသားတို့သည် မြေထည်ပစ္စည်း၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာစသည်တို့ကို ရည်ရွယ်ချက်မဲ့လုပ်ကြသည်မဟုတ်။ ကမ္ဘာမြေကြီးနှင့် ယင်းအပေါ်ရှိအပင်များ၊ သက်ရှိများတို့သည် သာ၍အံ့ဖွယ်ဖြစ်သည်။ သန်းကုဋေပေါင်းများစွာသောဆဲလ်တို့ဖြင့် တည်ဆောက်ထားသည့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် နားမလည်နိုင်လောက်အောင်ဖြစ်ပြီး ကျွန်ုပ်တို့စဉ်းစားတွေးတောသည့်ဦးနှောက်ပင်လျှင် သဘောမပေါက်နိုင်လောက်အောင် အံ့ဖွယ်ဖြစ်သည်။ နှိုင်းယှဉ်လိုက်သော် မပြောပလောက်သောလူ့တီထွင်မှုတို့ပင် ရည်ရွယ်ချက်ရှိလျှင် ယေဟောဝါ၏ မိန်းမောတုန်လှုပ်ဖွယ်ဖန်ဆင်းရာတို့တွင် ရည်ရွယ်ချက်ရှိကြောင်းသေချာသည်! နယပုံပြင် ၁၆:၄၊ [ကဘ] က ကိုယ်တော့်ဖန်ဆင်းရာများနှင့်ပတ်သက်၍ ဤသို့ဖော်ပြသည်– “ယေဟောဝါသည်အရာခပ်သိမ်းကို မိမိရည်ရွယ်ချက်အတွက် ပြုလုပ်တော်မူ၏။”
ယေဟောဝါသည် မြေကြီးကိုရည်ရွယ်ချက်ဖြင့်ဖန်ဆင်းတော်မူခဲ့သည်။ ကနဦး လူသားမောင်နှံကို ဤသို့မိန့်တော်မူခဲ့သည်– “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ . . . ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (ကမ္ဘာဦး ၁:၂၈) နာခံမှုမရှိခဲ့သောကြောင့် ဤမောင်နှံသည် ကမ္ဘာပေါ်ရှိအပင်နှင့် သက်ရှိသတ္တဝါများကို မေတ္တာနှင့်ထိန်းသိမ်းစောင့်ရှောက်မည့် ဖြောင့်မတ်သောမိသားစုဖြင့် ကမ္ဘာကိုပြည့်စေရန်ပျက်ကွက်ခဲ့ကြသည်။ သို့သော် သူတို့၏ပျက်ကွက်မှုသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို မပျက်စေခဲ့ပါ။ နှစ်ပေါင်းထောင်ချီကြာပြီးနောက် ကျမ်းစာ၌ဤသို့ရေးသားခဲ့သည်– “မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ . . . ၏။” ဖျက်ဆီးပစ်ရန်မဟုတ်ဘဲ ‘မြေကြီးကိုအမြဲတည်စေရန်’ ဖြစ်သည်။ (ဟေရှာယ ၄၅:၁၈; ဒေ. ၁:၄) မြေကြီးဆိုင်ရာ ယေဟောဝါ၏ရည်ရွယ်တော်မူချက်ဖြစ်မြောက်လာမည်– “ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်။”—ဟေရှာယ ၄၆:၁၀။
ထို့ကြောင့် ဤကမ္ဘာသည် အစဉ်အမြဲတည်သွားမည်ဖြစ်ပြီး၊ သန့်စင်လှပသောနေထိုင်ရာမြေကြီးနှင့်ဆိုင်သည့် ယေဟောဝါ၏ရည်ရွယ်တော်မူချက်နှင့် အံဝင်သော အသက်ရှင်နေသူနှင့် သေဆုံးခဲ့သူအပေါင်းတို့သည် ထိုတွင်ထာဝစဉ်နေထိုင်သွားကြမည်ဟု ယေဟောဝါသက်သေများက ယုံကြည်ကြသည်။ အာဒံ၊ ဧဝထံမှမစုံလင်မှုကို အမွေခံရသဖြင့် လူသားအားလုံး အပြစ်သားများချည်းဖြစ်ကြသည်။ (ရောမ ၅:၁၂) ကျမ်းစာမှ ကျွန်ုပ်တို့ကို ဤသို့ပြောသည်– “အပြစ်တရား၏အခကားသေခြင်းပေတည်း။” “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။” “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။” (ရောမ ၆:၂၃; ဒေ. ၉:၅; ယေဇကျေလ ၁၈:၄၊ ၂၀) ထို့ကြောင့် သူတို့သည်မြေကြီးဆိုင်ရာ ကောင်းချီးများကိုခံစားရဖို့ မည်သို့တစ်ဖန်ပြန်အသက်ရှင်နိုင်မည်နည်း။ ခရစ်တော်ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်အားဖြင့်သာဖြစ်နိုင်ကြောင်း ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။” “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၅; မဿဲ ၂၀:၂၈။
မည်သို့ဖြစ်နိုင်မည်နည်း။ ယေရှုကမ္ဘာပေါ်အသက်ရှင်ခဲ့စဉ်က စတင်ကြေညာခဲ့သည့် “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား” တွင်ရှင်းပြထား၏။ (မဿဲ ၄:၁၇-၂၃) ယနေ့ ယေဟောဝါသက်သေတို့သည် သတင်းကောင်းကို အထူးတလည်ဟောပြောနေကြသည်။
[စာမျက်နှာ ၃ ပါ ဇယား]
ယေဟောဝါသက်သေတို့၏ ယုံကြည်ချက်
ယုံကြည်ချက် အကြောင်းပြကျမ်းချက်
ကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ၂ တိ. ၃:၁၆၊ ၁၇;
အမှန်တရားဖြစ် ၂ ပေ. ၁: ၂၀၊ ၂၁; ယော. ၁၇:၁၇
ထုံးတမ်းစဉ်လာထက် သမ္မာကျမ်းစာကို ပိုအားထားနိုင် မ. ၁၅:၃; ကော. ၂:၈
ဘုရားသခင်၏နာမတော်သည် ယေဟောဝါ ဆာ. ၈၃:၁၈; ဟေရှာ. ၂၆:၄;
၄၂:၈; ထွ. ၆:၃
ခရစ်တော်သည် ဘုရားသခင့်သားတော်၊ ကိုယ်တော်ထက်နိမ့် မ. ၃:၁၇; ယော. ၈:၄၂; ၁၄:၂၈;
၂၀:၁၇; ၁ ကော. ၁၁:၃; ၁၅:၂၈
ခရစ်တော်သည် ဘုရားသခင်၏ဦးဆုံးဖန်ဆင်းရာ ကော. ၁:၁၅; ဗျာ. ၃:၁၄
ခရစ်တော်သစ်တိုင်ပေါ်သေခဲ့၊ ကားတိုင်ပေါ်မဟုတ် ဂလ. ၃:၁၃; တ. ၅:၃၀
နာခံသူလူသားများအတွက် ခရစ်တော်၏လူသားအသက်ကို မ. ၂၀:၂၈; ၁ တိ. ၂:၅၊ ၆;
ရွေးဖိုးအဖြစ်ပေးခဲ့ ၁ ပေ. ၂:၂၄
ခရစ်တော် တစ်ခါတည်းပူဇော်ခြင်းဖြင့်လုံလောက် ရော. ၆:၁၀; ဟေဗြဲ ၉:၂၅-၂၈
မသေနိုင်သောနာမ်ဝိညာဉ်အဖြစ် ခရစ်တော်ထမြောက်ခံရ ၁ ပေ. ၃:၁၈; ရော. ၆:၉;
ခရစ်တော်ကြွရောက်ခြင်းသည် နာမ်ဝိညာဉ်အားဖြင့်ဖြစ် ယော. ၁၄:၁၉; မ. ၂၄:၃;
ယခု ကျွန်ုပ်တို့ ‘နောက်ဆုံးကာလ’ ၌ရောက်နေ မ. ၂၄:၃-၁၄; ၂ တိ. ၃:၁-၅;
ခရစ်တော်နိုင်ငံတော်သည် မြေကြီးကို ဖြောင့်မတ်ခြင်း၊ ဟေရှာ. ၉:၆၊ ၇; ၁၁:၁-၅;
ငြိမ်သက်ခြင်းဖြင့်အုပ်စိုးမည် ဒံ. ၇:၁၃၊ ၁၄; မ. ၆:၁၀
ဘုရားသခင်နိုင်ငံတော်သည် အကောင်းဆုံးနေထိုင်ရေးအစီအစဉ်ကို ဆာ. ၇၂:၁-၄;
မြေကြီးပေါ်တွင်လုပ်ပေး ဗျာ. ၇:၉၊ ၁၀၊ ၁၃-၁၇; ၂၁:၃၊ ၄
မြေကြီးသည် ဘယ်တော့မျှပျက်စီးခြင်း သို့မဟုတ် ဒေ. ၁:၄; ဟေရှာ. ၄၅:၁၈;
လူသူဆိတ်သုဉ်းခြင်းဖြစ်မည်မဟုတ် ဆာ. ၇၈:၆၉
ဘုရားသခင်သည် လက်ရှိအစီအစဉ်ကို အာမဂေဒုန်စစ်ပွဲ၌ ဗျာ. ၁၆:၁၄၊ ၁၆; ဇေ. ၃:၈;
ဖျက်ဆီးပစ်မည် ဒံ. ၂: ၄၄၊ ၄၅;
ဆိုးသွမ်းသူများ ထာဝရဖျက်ဆီးခံရမည် မ. ၂၅:၄၁-၄၆; ၂ သက်. ၁:၆-၉
ဘုရားသခင့်အလိုတော်နှင့်တွေ့သူများ ထာဝရအသက်ရကြမည် ယော. ၃:၁၆; ၁၀:၂၇၊ ၂၈;
၁၇:၃; မာ. ၁၀:၂၉, ၃၀
အသက်ရမည့်လမ်းတစ်လမ်းတည်းရှိ မ. ၇:၁၃၊ ၁၄; ဧ. ၄:၄၊ ၅
အာဒံအပြစ်ကြောင့် လူသားများသေရ ရော. ၅:၁၂; ၆:၂၃
လူသေသောအခါ ဝိညာဉ်ချုပ်ငြိမ်း ယေဇ. ၁၈:၄; ဒေ. ၉:၁၀;
ငရဲသည် လူ့သင်္ချိုင်းသာဖြစ် ယောဘ ၁၄:၁၃; ဗျာ. ၂၀:၁၃၊ ၁၄
လူသေအတွက် မျှော်လင့်ချက်ကား ရှင်ပြန်ထမြောက်ခြင်း ၁ ကော. ၁၅:၂၀-၂၂;
အာဒံကြောင့်သေရခြင်း ပပျောက် ၁ ကော. ၁၅:၂၆၊ ၅၄;
ဗျာ. ၂၁:၄; ဟေရှာ.၂၅:၈
သိုးစုငယ် ၁၄၄,၀၀၀ သာ ကောင်းကင်သွား၍ လု. ၁၂:၃၂; ဗျာ. ၁၄:၁၊ ၃;
ခရစ်တော်နှင့်အတူအုပ်ချုပ် ၁ ကော. ၁၅:၄၀-၅၃; ဗျာ. ၅: ၉၊ ၁၀
၁၄၄,၀၀၀ တို့သည် ဘုရားသခင့်ဝိညာဉ်ရေးရာသားများအဖြစ် ၁ ပေ. ၁:၂၃;
နောက်တစ်ဖန်မွေးဖွားခြင်းခံရ ယော. ၃:၃; ဗျာ. ၇:၃, ၄
ဝိညာဉ်ရေးရာဣသရေလနှင့် ပဋိညာဉ်သစ်ဖွဲ့ထား ယေ. ၃၁:၃၁; ဟေဗြဲ ၈:၁၀-၁၃
ခရစ်တော်၏အသင်းတော်ကို မိမိပေါ်၌တည်ဆောက်ထား ဧ. ၂:၂၀; ဟေရှာ. ၂၈:၁၆;
ခရစ်တော်ကိုအမှီပြု၍ ယေဟောဝါထံတိုက်ရိုက်ဆုတောင်းရ ယော. ၁၄:၆၊ ၁၃၊ ၁၄;
ဝတ်ပြုရေးတွင် ပုံများကိုအသုံးမပြုသင့် ထွ. ၂၀:၄၊ ၅; ဝတ်. ၂၆:၁;
၁ ကော. ၁၀:၁၄; ဆာ. ၁၁၅:၄-၈
နတ်ဝိဇ္ဇာအတတ်ကို ရှောင်ရမည် တရား. ၁၈:၁၀-၁၂; ဂလ. ၅:၁၉-၂၁;
စာတန်သည် ဤလောက၏ မျက်မြင်မရသောမင်း ၁ ယော. ၅:၁၉; ၂ ကော. ၄:၄;
ယုံကြည်ခြင်း ရောပြွန်းသည့် ဘာသာရေးလုပ်ရပ်တွင် ၂ ကော. ၆:၁၄-၁၇; ၁၁:၁၃-၁၅;
ခရစ်ယာန်တစ်ဦး မပါဝင်ရ ဂလ. ၅:၉; တရား. ၇:၁-၅
ခရစ်ယာန်တစ်ဦးသည် လောကနှင့်သီးခြားနေရ ယာ. ၄:၄; ၁ ယော. ၂:၁၅;
ဘုရားသခင့်ပညတ်နှင့်မဆန့်ကျင်သော လူ့ဥပဒေအားလုံးကိုနာခံသင့် မ. ၂၂:၂၀၊ ၂၁;
သွေးကိုပါးစပ် သို့မဟုတ် သွေးပြန်ကြောမှ က. ၉:၃၊ ၄; ဝတ်. ၁၇:၁၄;
ခန္ဓာကိုယ်ထဲသွင်းခြင်းသည် ဘုရားသခင့်ပညတ်ကိုချိုးဖောက်ရာရောက် တ. ၁၅:၂၈၊ ၂၉
ကိုယ်ကျင့်တရားနှင့်ဆိုင်သော သမ္မာကျမ်းစာပညတ်တို့ကိုနာခံရ ၁ ကော. ၆:၉၊ ၁၀;
ဥပုသ်စောင့်ရန်ပညတ်ကို ဂျူးများအားသာပေးခဲ့၊ တရား. ၅:၁၅; ထွ. ၃၁:၁၃;
မောရှေပညတ်နှင့်အတူ အဆုံးသတ် ရော. ၁၀:၄; ဂလ. ၄:၉၊ ၁၀;
တရားဟောဆရာအတန်းအစားနှင့် မ. ၂၃:၈-၁၂; ၂၀:၂၅-၂၇;
ဘွဲ့ထူးဂုဏ်ထူးတို့သည် မသင့်လျော် ယောဘ ၃၂:၂၁၊ ၂၂
လူသည် ဆင့်ကဲဖြစ်လာခြင်းမဟုတ်၊ ဖန်ဆင်းခံရ ဟေရှာ. ၄၅:၁၂; က. ၁:၂၇;
ဘုရားသခင်ဝတ်ပြုရေးတွင် လိုက်လျှောက်ရမည့်ပုံသက်သေကို ၁ ပေ. ၂:၂၁; ဟေဗြဲ ၁၀:၇;
ခရစ်တော်ချမှတ်ခဲ့ ယော. ၄:၃၄; ၆:၃၈
ရေအောက်စုံးစုံးမြုပ်၍ နှစ်ခြင်းခံခြင်းက မာ. ၁:၉၊ ၁၀;
ဆက်ကပ်အပ်နှံမှုကို ဖော်ပြ ယော. ၃:၂၃; တ. ၁၉:၄၊ ၅
ခရစ်ယာန်တို့သည် ကျမ်းစာပါအမှန်တရားကို ရော. ၁၀:၁၀;
လူများရှေ့ ဝမ်းမြောက်စွာသက်သေခံကြ ဟေဗြဲ ၁၃:၁၅; ဟေရှာ. ၄၃:၁၀-၁၂
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
မြေကြီးကို . . . ယေဟောဝါက ဖန်ဆင်း၍ . . . လူသားကစောင့်ရှောက်ကာ . . . ထာဝစဉ်နေထိုင်မည်