ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၃၁ စာ. ၁၉၀-စာ. ၁၉၃ ပိုဒ်. ၂
  • အခြားသူများအား ရိုသေလေးစားမှုပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခြားသူများအား ရိုသေလေးစားမှုပြခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျွမ်းတဝင်ရှိသော အခြေအနေများမှ ပုံဥပမာများ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ရုပ်မြင်သင်ထောက်ကူ ပစ္စည်းများကို ထိရောက်စွာ အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • တခြားသူတွေကို လေးစားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • အခွင့်အာဏာကို ဘာကြောင့် လေးစားရသလဲ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၃၁ စာ. ၁၉၀-စာ. ၁၉၃ ပိုဒ်. ၂

သင်ခန်းစာ ၃၁

အခြားသူများအား ရိုသေလေးစားမှုပြခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

အခြားသူတို့ကို ထောက်ထားစာနာမှုပြပြီး ထိုက်သင့်သလိုဂုဏ်တင်ပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ရိုသေလေးစားမှုပြခြင်းသည် သမ္မာကျမ်းစာမှ သင်တင်ဆက်ပေးသည့်အရာအား အခြားသူများ ပို၍လက်ခံနိုင်ဖွယ်ရှိသည့်အခြေအနေ တစ်ခုကို ဖြစ်ပေါ်စေသည့် ခရစ်ယာန် တောင်းဆိုချက်တစ်ခုဖြစ်သည်။

ကျမ်းစာက ကျွန်ုပ်တို့အား “ခပ်သိမ်းသောသူတို့ကို ရိုသေကြရန်” နှင့် “အဘယ်သူကိုမျှမကဲ့ရဲ့ရန်” ဆိုထားသည်။ (၁ ပေ. ၂:၁၇; တိ. ၃:၂) အမှန်မှာ၊ ကျွန်ုပ်တို့တွေ့ဆုံကြသူတိုင်းသည် “‘ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ’ ဖန်ဆင်းထားခံရ” သည်။ (ယာ. ၃:၉) လူတစ်ဦးစီသည် ခရစ်တော်အသေခံပေးခဲ့သည့် တစ်စုံတစ်ယောက်ပင်ဖြစ်သည်။ (ယော. ၃:၁၆) ထို့အပြင် သတင်းကောင်းကို တုံ့ပြန်ရန်နှင့် ကယ်တင်ခံရရန် ယင်းကို အားလုံး ကြားထိုက်ပေသည်။ (၂ ပေ. ၃:၉) လူအချို့တို့တွင် အထူးရိုသေလေးစားထိုက်သည့် အရည်အချင်းများ သို့မဟုတ် အခွင့်အာဏာရှိကြသည်။

လူအချို့တို့သည် သမ္မာကျမ်းစာက အားပေးထားသည့် ရိုသေလေးစားမှုမျိုးကိုမပြုရန် အဘယ်ကြောင့် အကြောင်းရှာဖို့ကြိုးစားကြသနည်း။ ဇာတ်အနိမ့်အမြင့်၊ အသားအရောင်၊ ကျားမ၊ ကျန်းမာရေး၊ အသက်အရွယ်၊ ဥစ္စာဓန သို့မဟုတ် လူနေမှုအဆင့်အတန်းအရ မည်သူသည် ဂုဏ်တင်ထိုက်သူဖြစ်ကြောင်းကို ဒေသခံဓလေ့ထုံးစံက အဆုံးအဖြတ်ပေးပေမည်။ အစိုးရအရာရှိများအကြား ပျံ့နှံ့နေသည့် အကျင့်ပျက်မှုက အာဏာပိုင်တို့အပေါ် ရိုသေလေးစားမှုအား တဖြည်းဖြည်းတိုက်စားပစ်သည်။ ဒေသအချို့တွင် လူတို့သည် မိမိတို့၏ဘဝအခြေအနေကို အလွန်မကျေမနပ် ဖြစ်နေကြသည်၊ ထမင်းတစ်လုပ်စားရဖို့အရေး နာရီပေါင်းများစွာ အလုပ်လုပ်နေရသည်သာမက ရိုသေလေးစားမှုမပြသည့်လူတို့၏အလယ်တွင် နေနေရခြင်းကြောင့် ဖြစ်ပေမည်။ လူငယ်များသည် အများမနှစ်သက်သည့်ဆရာများနှင့် အခြားသောအထင်ကရအာဏာပိုင်တို့ကို ဆန့်ကျင်သည့်ပုန်ကန်မှုတွင် ပါဝင်ရန် ရွယ်တူချင်းဖိအားကို တွေ့ကြုံကြရသည်။ လူအများသည် မိဘများအား ကလေးများက တစ်ပတ်ရိုက်ခြင်း၊ ပိုင်စိုးပိုင်နင်းလုပ်ခြင်း အစရှိသည့် ရုပ်မြင်သံကြားဇာတ်လမ်းများ၏ ဩဇာလွှမ်းမိုးမှုကို ခံနေကြရသည်။ ဤကဲ့သို့သောလောကစိတ်ထားများက အခြားသူများအပေါ်ထားရှိသည့် ကျွန်ုပ်တို့၏လေးစားမှုကို မပြောင်းလဲပစ်ရန် ကြိုးပမ်းအားထုတ်ရသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် လူတို့ကို ဂုဏ်တင်သည့်အခါ ယူဆချက်များဖလှယ်ရေးတွင် ပို၍လွယ်လင့်တကူ လုပ်ဆောင်နိုင်သည့်အခြေအနေတစ်ခုကို ယင်းကပေါ်ပေါက်စေသည်။

ရိုသေလေးစားမှုရှိသော ချဉ်းကပ်မှု။ ဘာသာရေးလုပ်ငန်းတွင် ပါဝင်နေသော လူတစ်ဦးသည် လျောက်ပတ်စွာ ဝတ်စားဆင်ယင်ကာ ပြုမူခြင်းဖြင့် ရိုသေလေးစားမှုပြရန် တောင်းဆိုခံရသည်။ လျောက်ပတ်သောအမူအကျင့်ဟု ရှုမြင်ပုံသည် တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။ ဦးထုပ်ဆောင်းထားလျက် သို့မဟုတ် အိတ်ကပ်ထဲလက်တစ်ဖက်ထည့်ထားလျက် တခြားလူကို ချဉ်းကပ်ခြင်းသည် မရိုမသေပြုရာရောက်သည်ဟု တချို့က ယူမှတ်ကြသည်။ အခြားဒေသများတွင်မူ လူတို့သည် ယင်းအပြုအမူမျိုးကို ယဉ်ကျေးသည်ဟုလက်ခံထားပေမည်။ စိတ်အနှောင့်အယှက်မဖြစ်စေရန် ဒေသခံတို့၏ခံစားချက်များကို ထည့်တွက်စဉ်းစားပါ။ ထိုသို့ပြုလုပ်ခြင်းက သတင်းကောင်းကို ထိထိရောက်ရောက် ကြေညာခြင်းအား အဟန့်အတားမဖြစ်စေရန် သင့်အား အကူအညီပေးနိုင်ပါသည်။

အခြားသူများ အထူးသဖြင့် အသက်ကြီးသူများကို ကျွန်ုပ်တို့ခေါ်ဝေါ်ပုံတွင် အလားတူသက်ဆိုင်သည်။ ခွင့်ပြုချက်မရှိဘဲ လူငယ်များသည် လူကြီးများ၏အမည်ကို တပ်ခေါ်ခြင်းသည် ယေဘုယျအားဖြင့် ရိုင်းပျသည်ဟု ရှုမြင်ကြသည်။ အချို့ဒေသများတွင် လူကြီးအချင်းချင်းပင် သူစိမ်းများက သူတို့၏အမည်တပ်မခေါ်ရန် လိုလားကြသည်။ ထို့အပြင် ဘာသာစကားများစွာတွင် မိမိထက်အသက်ကြီးသူ သို့မဟုတ် အခွင့်အာဏာရှိသူတို့ကို ရိုသေလေးစားကြောင်းပြရန် “လူကြီးမင်း” ဟူသည့်စကားလုံး၏ ဗဟုဝုစ်ပုံစံ သို့မဟုတ် အခြားအသုံးအနှုန်းအချို့ကို အသုံးပြုကြသည်။

ရိုသေလေးစားသော အသိအမှတ်ပြုမှု။ အသိုင်းအဝိုင်းငယ်များတွင် လမ်းပေါ်လျှောက်နေသည့်အခါ၌ဖြစ်စေ၊ အခန်းတွင်းဝင်ရောက်သည့်အခါဖြစ်စေ သင်တွေ့ဆုံသူတစ်ဦးဦးရှိနေမှုကို အသိအမှတ်ပြုစေလိုကြသည်။ ရိုးရိုးလေးနှုတ်ခွန်းဆက်မှု၊ အပြုံးတစ်ပွင့်၊ ခေါင်းတစ်ညိတ် သို့မဟုတ် မျက်ခုံးပင့်ခြင်းဖြင့်ပင် ယင်းကိုပြီးမြောက်စေသည်။ သူတစ်ဖက်သားအား လျစ်လျူရှုခြင်းကို မရိုမသေပြုခြင်းဟု ရှုမှတ်ကြသည်။

သို့သော် သူတို့ရှိနေမှုကို သင်အသိအမှတ်ပြုနေသည့်တိုင် လျစ်လျူရှုခံနေရသည်ဟု လူအချို့ခံစားကြပေမည်။ မည်သို့အားဖြင့်နည်း။ သူတို့ကို တစ်ဦးချင်းအလိုက်မမြင်ဟု သူတို့စိတ်ထဲတွင် တွက်မိသောကြောင့်ဖြစ်သည်။ ရုပ်လက္ခဏာတစ်ခုခုကြောင့် လူတို့သည် အုပ်စုခွဲခံရခြင်းမှာ အဆန်းမဟုတ်ပေ။ ကိုယ်အင်္ဂါချွတ်ယွင်းသူများနှင့် ကျန်းမာရေးပြဿနာများရှိသူတို့ကို ရှောင်တတ်ကြသည်။ သို့တိုင်၊ ဘုရားသခင့်နှုတ်ကပါဌ်တော်က ထိုသို့သောသူများကို မေတ္တာနှင့် ရိုသေလေးစားမှုဖြင့် ဆက်ဆံနိုင်ကြောင်း ကျွန်ုပ်တို့အား ဖော်ပြသည်။ (မ. ၈:၂၊ ၃) အာဒံ၏အမွေအနှစ်ကြောင့် ကျွန်ုပ်တို့အားလုံး တစ်နည်းနည်းဖြင့် ထိခိုက်ခံနေကြရသည်။ အခြားသူများက သင့်ကို သင်၏အပြစ်အနာအဆာများကြောင့် အမြဲတစေ ခွဲခြားခွဲခြားလုပ်နေပါက မိမိကိုရိုသေလေးစားမှုပြနေသည်ဟု သင်ခံစားရမည်လော။ ၎င်းအစား သင်၌ရှိသည့် များစွာသောနှစ်လိုဖွယ် အရည်အချင်းများအတွက် အသိအမှတ်ပြုမခံချင်ပေလော။

ရိုသေလေးစားမှုတွင် ဦးစီးမှုကို အသိအမှတ်ပြုခြင်းလည်း ပါဝင်ပါသည်။ အချို့သောဒေသများတွင် အိမ်ထောင်စုရှိ အခြားသူများအား သက်သေမခံမီ အိမ်ထောင်ဦးစီးဖြစ်သူကို ဦးစွာစကားပြောဆိုဖို့ လိုအပ်သည်။ ကျွန်ုပ်တို့၏ ဟောပြောခြင်းနှင့် သွန်သင်ခြင်းတာဝန်သည် ယေဟောဝါထံတော်မှလာသော်လည်း မိဘများသည် မိမိတို့၏သားသမီးများကို သွန်သင်ရန်၊ ဆုံးမပဲ့ပြင်ရန်နှင့် နည်းလမ်းညွှန်ပြရန် ဘုရားသခင်ထံတော်မှ အခွင့်အာဏာရသူများဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုကြသည်။ (ဧ. ၆:၁-၄) ထို့ကြောင့် များသောအားဖြင့် အိမ်တစ်အိမ်သို့ဝင်သည့်အခါ မည်သည့်အကျယ်တဝင့်ဆွေးနွေးမှုတွင်မဆို ကလေးများနှင့်မစမီ မိဘများနှင့် ဦးဆုံးစကားပြောဆိုခြင်းသည် လျောက်ပတ်ပေသည်။

အသက်ကြီးလာခြင်းနှင့်အတူ လေးစားရမည့် ဘဝအတွေ့အကြုံရလာကြသည်။ (ယောဘ ၃၂:၆၊ ၇) ယင်းကို အသိအမှတ်ပြုခြင်းက သီရိလင်္ကာနိုင်ငံရှိ အသက်အရွယ်ကြီးသော လူကြီးတစ်ဦးထံ လည်ပတ်ခဲ့သူ ငယ်ရွယ်သည့် ရှေ့ဆောင်ညီအစ်မတစ်ဦးကို ကူညီပေးခဲ့သည်။ ပထမ၌ ထိုလူသည် သူမ၏လည်ပတ်မှုကို ကန့်ကွက်ကာ ဤသို့ဆိုသည်– “မင်းလိုပေါက်စလေးက ငါ့ကို ကျမ်းစာသင်ပေးမယ်လား။” သို့သော် ရှေ့ဆောင်ညီမက ဤသို့ပြန်ဖြေသည်– “တကယ်တော့ ဆရာလာလုပ်တာမဟုတ်ပါဘူး၊ ကျွန်မကိုဝမ်းသာပျော်ရွှင်စေတဲ့ ကျွန်မသင်ယူထားတဲ့အရာကို တခြားသူတွေသိရအောင် လာပြောပြတာပါ။ မပြောလို့ကိုမဖြစ်လို့ပါ။” ရှေ့ဆောင်၏ ရိုသေလေးစားသော တုံ့ပြန်မှုက ထိုလူ၏စိတ်ဝင်စားမှုကို နှိုးဆွလိုက်သည်။ “ဒါဆိုရင် မင်းဘာသင်ယူခဲ့သလဲဆိုတာ ပြောပြစမ်း” ဟု ထိုသူကတောင်းဆိုသည်။ “ဘယ်လိုထာဝစဉ် အသက်ရှင်နိုင်မယ်ဆိုတာကို သင်ယူခဲ့ပါတယ်” ဟု သူဆိုသည်။ ထိုလူကြီးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာခဲ့သည်။ ထိုသို့သောရိုသေလေးစားမှုဖြင့် ဆက်ဆံခံလိုသည့်ဆန္ဒကို အသက်ကြီးသူမှန်သမျှ ထုတ်ဖော်ပြောဆိုမည်ကား မဟုတ်သော်လည်း အများစုက ယင်းကို တန်ဖိုးထားကြပေမည်။

သို့ရာတွင် လွန်ကဲစွာ ရိုသေမှုပြခြင်းလည်း ဖြစ်နိုင်ပါသည်။ ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းများနှင့် အခြားဒေသများရှိ ရွာ သို့မဟုတ် လူမျိုးစုခေါင်းဆောင်များကို ချဉ်းကပ်ရာတွင် ဓလေ့ထုံးစံအတိုင်း အခေါ်အဝေါ်ကို ရိုသေလေးစားသောအသွင်ဖြင့် အသုံးပြုခြင်းက သက်သေခံများကို နားထောင်ရန်ထောက်ကူပေးနိုင်ပြီး ခေါင်းဆောင်များနှင့် သူတို့၏ စီရင်အုပ်ချုပ်ရာနယ်မြေအောက်ရှိသူတို့ကိုပါ ဟောပြောခွင့်ရရှိစေသည်။ သို့တိုင် မြှောက်ပင့်ပြောဆိုခြင်းကား လိုလည်းမလိုအပ် သင့်လည်းမသင့်လျော်ပေ။ (သု. ၂၉:၅) အလားတူ ဘာသာစကားတစ်ခုတွင် ယင်း၏သဒ္ဒါအစိတ်အပိုင်းအဖြစ် ရိုသေမှုဖော်ပြသည့်အသုံးအနှုန်းများ ပါဝင်နိုင်ပေသည်၊ သို့သော် ခရစ်ယာန်ရိုသေသမှုပြုခြင်းက လွန်လွန်ကဲကဲအထိပြုဖို့ မတောင်းဆိုချေ။

ရိုသေလေးစားဖွယ် ဟောပြောပုံ။ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းနှင့်ပတ်သက်၍ ကျိုးကြောင်းဖော်ပြချက်ကို “နူးညံ့သိမ်မွေ့၊ ရိုသေလေးစားစွာ” ရှင်းပြရန် ကျမ်းစာက ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ (၁ ပေ. ၃:၁၅) ထို့ကြောင့် အခြားသူ၏ရှုထောင့်မှ ချွတ်ယွင်းချက်များကို လျင်မြန်စွာ ဖော်ထုတ်နိုင်သော်လည်း၊ သူ၏ဂုဏ်သိက္ခာကို ကျဆင်းစေသည့်နည်းဖြင့် ထိုသို့ပြုလုပ်က ပညာရှိရာရောက်သလော။ စိတ်ရှည်စွာ နားထောင်ပေးက ပို၍မကောင်းပေလော၊ သူအဘယ်ကြောင့်ထိုသို့ခံစားရကြောင်း မေးမြန်းပြီး သူနှင့်အတူ ကျမ်းစာမှကျိုးကြောင်းဆင်ခြင်သည်နှင့်အမျှ သူ၏ခံစားချက်များကို ထည့်စဉ်းစားပေးခြင်းသည် ပို၍မကောင်းပေလော။

တစ်ဦးချင်းတွေ့ဆုံသည့် အခြေအနေများ၌ ပြသသည့် ရိုသေလေးစားမှုမျိုးကို စင်မြင့်ပေါ်မှနေ၍ ပရိသတ်တစ်ခုကို ဟောပြောနေသည့်အခါ၌လည်း ထင်ရှားစေသင့်သည်။ မိမိ၏ပရိသတ်ကို ရိုသေလေးစားသော ဟောပြောသူတစ်ဦးသည် ကြမ်းတမ်းစွာဝေဖန်ခြင်း သို့မဟုတ် “သင်တို့ အမှန်တကယ် လုပ်ချင်တဲ့ဆန္ဒရှိရင် လိုက်လျှောက်နိုင်ပါတယ်” ဟု ဆိုလိုသည့်သဘော တင်ပြမည်မဟုတ်ချေ။ ထိုသို့ပြောဆိုပါက အခြားသူများအား စိတ်ပျက်အားလျော့စေသည်။ ယေဟောဝါကို ချစ်မြတ်နိုး၍ ကိုယ်တော့်အမှုတော်ထမ်းလိုသူတို့ စုရုံးကြသည့်အစုအဝေးတစ်ခုကဲ့သို့ ပရိသတ်အားရှုမြင်ခြင်းက မည်မျှပို၍ကောင်းမည်နည်း! ယေရှုအား တုပရာတွင် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအားနည်းနေသူ၊ အတွေ့အကြုံနည်းပါးသူ သို့မဟုတ် သမ္မာကျမ်းစာအကြံပေးချက်ကို ကျင့်သုံးရန် နှေးကွေးသူတို့နှင့် ဆက်ဆံသည့်အခါ နားလည်ပေးသင့်သည်။

ဟောပြောသူသည် မိမိကိုယ်ကို ဘုရားသခင့်နှုတ်ကပါဌ်တော် ပို၍ပြည့်ပြည့်ဝဝ ကျင့်သုံးရန် လိုအပ်လျက်ရှိသူတစ်ဦးအဖြစ်ပါဝင်စေပါက ပရိသတ်သည် သူတို့အပေါ် သူ၏လေးစားမှုကို ခံစားရမည်ဖြစ်သည်။ သို့ဖြစ်၍ ကျမ်းချက်များ၏သက်ဆိုင်ပုံကိုရည်ညွှန်းရာတွင် “သင်” ဟူသည့်နာမ်စား တစ်သမတ်တည်းအသုံးပြုခြင်းကို ရှောင်ကြဉ်ပါက ပညာရှိရာရောက်သည်။ ဥပမာ၊ “သင်လုပ်နိုင်သည့် အရာအားလုံးကို သင်လုပ်ဆောင်နေပါသလော” ဟူသည့်မေးခွန်းနှင့် “‘ကျွန်တော်တို့လုပ်နိုင်သည့် အရာအားလုံးကို ကျွန်တော်တို့လုပ်ဆောင်နေပါသလော’ ဟု ကျွန်တော်တို့တစ်ဦးစီ ကိုယ့်ကိုယ်ကို မေးကြည့်ပါ” ဟူသည့်ပြောဆိုချက်စပ်ကြား ကွာခြားချက်ကို သတိပြုပါ။ မေးခွန်းတစ်ခုစီ၏လိုရင်းချက်သည် တူညီပါသော်လည်း ပထမအချက်က ဟောပြောသူသည် မိမိကိုယ်ကို သူ၏ပရိသတ်နှင့် တစ်တန်းတစ်စားတည်း မထားသည့်သဘောသက်ရောက်သည်။ ဒုတိယအချက်မှာမူ ဟောပြောသူအပါအဝင် တစ်ဦးစီအား မိမိတို့၏အခြေအနေနှင့် ရည်ရွယ်ချက်များကို ဆန်းစစ်ရန်အားပေးသည်။

ပရိသတ်ရွှင်မြူးစေရန်အတွက်မျှနှင့် ရယ်စရာပြောဆိုခြင်းကို တွန်းလှန်ပါ။ ယင်းက သမ္မာကျမ်းစာသတင်းတရား၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင့်အမှုတော်ဆောင်ရာ၌ မွေ့လျော်သင့်သည်။ ကျွန်ုပ်တို့ တာဝန်ကျသည့်အကြောင်းအရာတွင် အတော်အတန် ရယ်ရွှင်စရာကောင်းသော အသွင်များပင် ရှိနိုင်ပါသည်။ သို့တိုင် အရေးကြီးသော အကြောင်းအရာများကို ရယ်မောစရာအကြောင်းအရာများအဖြစ်သို့ ကျရောက်စေခြင်းက ဘုရားသခင်နှင့်ပရိသတ်အား ရိုသေလေးစားမှုကင်းမဲ့ရာရောက်စေသည်။

ကျွန်ုပ်တို့အား ယေဟောဝါ သွန်သင်တော်မူခဲ့သည့်နည်းအတိုင်း အခြားသူများကို ရှုမြင်လာရန် ကျွန်ုပ်တို့၏ချဉ်းကပ်မှု၊ ကိုယ်နှုတ်အမူအရာနှင့် ပြောဆိုပုံတို့က အမြဲ သက်သေထင်ရှားပြနိုင်ပါစေ။

ယင်းကို လုပ်ဆောင်နိုင်ပုံ

  • လူတို့အား ယေဟောဝါမည်သို့ ရှုမြင်သည်ကို အသိအမှတ်ပြုပါ။

  • ဦးစီးမှု၊ အသက်အရွယ်နှင့် အာဏာကို အသိအမှတ်ပြုပါ။

  • လူတို့အား သူတို့၏ထင်မြင်ချက်များ ပြောခွင့်ပေးပါ။

  • သင့်ပရိသတ်ကို နားလည်ပေးပါ။

လေ့ကျင့်ခန်း– သင့်ထက် သို့မဟုတ် တစ်ဦးဦးထက် အသက်များစွာကြီးသူ၊ များစွာငယ်သူကို စဉ်းစားပါ။ ထိုသူကို မည်သို့ချဉ်းကပ်မည်၊ မည်သို့စကားလက်ဆုံစပြောမည်နှင့် ထိုသူနှင့် သူ၏စကားအသုံးအနှုန်းများကို စစ်မှန်သောရိုသေလေးစားမှုပြရန် အဘယ်အရာလုပ်ဆောင်မည်တို့အကြောင်း တွေးတောပါ။ စီစဉ်ထားသည့်အတိုင်း လိုက်လျှောက်ပါလေ။

ကျွန်ုပ်ပို၍ ရိုသေသမှုပြနိုင်သည့် နည်းများ

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ