ဘုရားသခင့် လူမျိုးတော် ပြည်တော်ပြန်ခြင်း
မျက်မှောက်ခေတ်အီရန်နိုင်ငံ၏ကုန်းပြင်မြင့်ကိုဝန်းပတ်ထားသည့်ထင်ရှားသော တောင်တန်းနှစ်ခုရှိသည်။ ၎င်းတို့မှာ အယ်လဘတ်ဇတောင်တန်း (ကက်စပီယန်ပင်လယ် တောင်ပိုင်း) နှင့် ဇာဂရော့တောင်တန်း (ပါရှန်ပင်လယ်ကွေ့၏ အရှေ့တောင်ပိုင်းဆီသို့) တို့ဖြစ်ကြသည်။ ၎င်းတို့ကို ရှည်လျား၍ မြေသြဇာကောင်းသော ချိုင့်ဝှမ်းများနှင့် တောင်စောင်းများက ပိုင်းခြားထားသည်။ ၎င်းချိုင့်ဝှမ်းများသည် ရာသီဥတု သမမျှတသော်လည်း ပို၍မြင့်မား၍ ခြောက်သွေ့ပြီး လေထန်သည့် မြေပြန့်လွင်ပြင်များသည် ဆောင်းရာသီတွင် အလွန်အေးမြသည်။ အနီးအနားတွင် လူနေကျဲသော ကုန်းပြင်မြင့် သဲကန္တာရ တည်ရှိသည်။ မေသောပေါတာမိ (မက်ဆိုပိုတေးမီးယား) အရှေ့ပိုင်းရှိ ဤအကြမ်းဖျင်း ဒေသကြီးမှ မေဒိ-ပေရသိ (မီးဒီးယား-ပါးရှား) အင်ပါယာ ပေါ်ထွန်းလာသည်။
မေဒိလူမျိုးသည် နောက်ပိုင်းတွင် အာမေးနီးယားနှင့် ကိလိကိပြည်တိုင်အောင် နှံ့ပြားခဲ့သော်လည်း ကုန်းပြင်မြင့်၏ မြောက်ပိုင်းတွင် အဓိက ဗဟိုပြု နေထိုင်ခဲ့ကြသည်။ ပေရသိလူမျိုးသည် တိုက်ဂရစ်မြစ်ဝှမ်း အရှေ့ဘက် ကုန်းပြင်မြင့်၏ အနောက်တောင်ပိုင်းတွင် အဓိက နေထိုင်ကြသည်။ ဘီ.စီ.အီး. ခြောက်ရာစု အလယ်လောက်တွင် ကုရုမင်း အုပ်ချုပ်မှုအောက်၌ ဤနိုင်ငံနှစ်ခုသည် ပေါင်းစည်း၍ မေဒိ-ပေရသိ ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာသည်။
ကုရုမင်းသည် ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် ဗာဗုလုန်ကို သိမ်းပိုက်လိုက်သည်။ သူ၏အင်ပါယာသည် အရှေ့ဘက်သို့ အိန္ဒိယပြည်တိုင်အောင် ကျယ်ဝန်းသည်။ အနောက်ဘက်သို့ အီဂျစ်ပြည်နှင့် ယခုခေတ် တူရကီနိုင်ငံဖြစ်သည့်ဒေသများ ပါဝင်သည်။ ဒံယေလက မေဒိ-ပေရသိ အင်ပါယာကို ‘အသားများစွာကို ကိုက်စားသည့်’ ငမ်းငမ်းတက်သော “ဝက်ဝံ” နှင့် လျောက်ပတ်စွာ ခိုင်းနှိုင်းဖော်ပြခဲ့သည်။ (ဒံ ၇:၅) ကုရုမင်းသည် အကြင်နာတရားနှင့် သည်းခံခြင်းတရားရှိသော အုပ်ချုပ်မှုကို ထူထောင်ခဲ့သည်။ သူသည် အင်ပါယာကြီးကို စီရင်စုနယ်များအဖြစ် ပိုင်းခြားထားသည်။ စီရင်စုနယ်တစ်နယ်စီကို ထုံးစံအတိုင်း ပါးရှားလူမျိုး ဘုရင်ခံမင်းတစ်ပါးစီက အုပ်ချုပ်သော်လည်း ၎င်း၏လက်အောက်တွင် ဒေသခံ အုပ်ချုပ်သူတစ်ဦးက အခွင့်အာဏာ အတန်အရာ ကျင့်သုံးခွင့်ရှိသည်။ အင်ပါယာအတွင်း မှီတင်းနေထိုင်ကြကုန်သော ပြည်သူပြည်သားများအား ၎င်းတို့၏ ဓလေ့ထုံးစံနှင့် ဘာသာတရားများကို ဆက်လက်ထိန်းသိမ်းရန် အားပေးသည်။
ယင်းမူဝါဒနှင့်အညီ ကုရုမင်းသည် ဧဇရနှင့် နေဟမိတို့ ဖော်ပြသည့်အတိုင်း ယုဒလူမျိုးအား မှန်သော ကိုးကွယ်မှုကို ပြန်လည်ထူထောင်ရန်နှင့် ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန် ပြည်တော်ပြန်ခွင့် ပြုခဲ့သည်။ ကြီးမားများပြားလှသည့် ဤလူအုပ်ကြီးသည် အာဗြဟံသွားခဲ့သည့် ခရီးလမ်းကြောင်းအတိုင်း ခါခေမိတ်မြို့အထိဥဖရတ်မြစ်ရိုးအတိုင်း အထက်ပိုင်းသို့ တက်သွားမည်ဟု သင်ထင်သလော၊ သို့မဟုတ် တာဒမော်မြို့နှင့် ဒမာသက်မြို့မှတစ်ဆင့် ပို၍တိုသောလမ်းကြောင်းဖြင့် သွားခဲ့မည်လော။ သမ္မာကျမ်းစာက ဘာမျှမပြောထားပါ။ (စာမျက်နှာ ၆-၇ ရှု။) အချိန်အတန်ကြာသော် ဂျူးလူမျိုးသည် နိုင်းလ်မြစ်ဝကျွန်းပေါ်ဒေသနှင့် ပိုမိုဝေးလံသော တောင်ပိုင်းဒေသများ အစရှိသော အင်ပါယာ၏ အခြားဒေသများ၌ အခြေချနေထိုင်လာကြသည်။ လူဦးရေ အတော်အတန်ကြီးမားသည့် ယုဒလူမျိုးတစ်စုသည် ဗာဗုလုန်မြို့တွင် ဆက်လက်နေထိုင်ခဲ့သဖြင့် ရာစုနှစ်များစွာကြာပြီးနောက်တွင် ထိုမြို့သို့ တမန်တော် ပေတရု သွားရောက်ခဲ့ခြင်းကို ရှင်းလင်းနားလည်စေသည်။ (၁ပ ၅:၁၃) မှန်ပါသည်၊ နောက်ဆက်ခံ ဂရိနှင့် ရောမ အင်ပါယာများအတွင်း နေရာဒေသ အများအပြားတွင် ယုဒလူမျိုးကို တွေ့ရှိရခြင်းမှာ မေဒိ-ပေရသိ အင်ပါယာ၏ လုပ်ဆောင်ချက် တစ်ခန်းတစ်ကဏ္ဍကြောင့်ပင်ဖြစ်သည်။
ဗာဗုလုန်မြို့ကို အောင်နိုင်ပြီးနောက် မေဒိ-ပေရသိလူမျိုးတို့သည် ပူပြင်းခြောက်သွေ့သော်လည်း ၎င်းမြို့ကိုပင် အုပ်ချုပ်ရေးဗဟိုအဖြစ် အသုံးပြုခဲ့သည်။ ဧလံလူမျိုး၏ မြို့တော်ဟောင်းဖြစ်သည့် ရှုရှန်မြို့သည် ထီးနန်းစိုက်ရာမြို့များအနက် တစ်မြို့ဖြစ်လာသည်။ နောက်ပိုင်းတွင် ဤမြို့သည် ပေရသိရှင်ဘုရင် အာရွှေရု (ပထမမြောက် ဇားဇက်စ် ဖြစ်ကြောင်းထင်ရှားသည်) က ဧသတာကို မိဖုရားအရာတင်မြှောက်၍ ဘုရားသခင့် လူမျိုးတော်အား ကြီးမားကျယ်ပြန့်သည့် အင်ပါယာတစ်ဝန်းလုံးမှ သုတ်သင်ပယ်ရှင်းမည့် အကြံအစည်ကို ပျက်ပြားစေခဲ့သောမြို့ ဖြစ်လာသည်။ အခြား မေဒိ-ပေရသိ မြို့တော်နှစ်ခုမှာ အာခမေသမြို့ (အမြင့်ပေ ၆,၂၀၀ အထက်၌တည်ရှိ၍ နွေရာသီတွင် သာယာကြည်နူးဖွယ်ကောင်းလှသည်) နှင့် ပါဆားဂါဒီမြို့ (အရှေ့တောင်ဘက် မိုင် ၄၀၀ ခန့်အကွာ၊ တူညီသောအမြင့်တွင် တည်ရှိသည်) တို့ဖြစ်ကြသည်။
ဤကမ္ဘာ့အင်အားကြီးနိုင်ငံသည် မည်သို့ဇာတ်သိမ်းသွားသနည်း။ မေဒိ-ပေရသိ တန်ခိုးအာဏာ အထွတ်အထိပ် ရောက်ရှိချိန်၌ ၎င်းသည် အနောက်မြောက်ဘက် နယ်စပ်ဒေသတွင် ဂရိတို့၏လှုံ့ဆော်မှုကြောင့် ဖြစ်ပွားသည့် ပုန်ကန်ထကြွမှုကို နှိမ်နင်းခဲ့ရသည်။ ထိုအချိန်၌ ဂရိနိုင်ငံသည်အချင်းချင်း တိုက်ခိုက်လျက်ရှိသည့် မြို့ပြနိုင်ငံငယ်လေးများအဖြစ် ကွဲပြားနေကြသော်လည်း ၎င်းတို့သည် ပူးပေါင်း၍ မာရသွန်အရပ်နှင့် ဆဲလမ်းမစ္စကျွန်းတွင် တိုက်ခိုက်သည့် အဆုံးအဖြတ်ပေးသည့် တိုက်ပွဲများ၌ ပေရသိစစ်တပ်ကို အရေးနိမ့်စေခဲ့သည်။ ဤအခြေအနေက စည်းလုံးညီညွတ်သော ဂရိနိုင်ငံအား မေဒိ-ပေရသိထက် အင်အားသာလွန်စေခဲ့သည်။
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
ဇေရုဗဗေလ၏ဦးဆောင်မှုအောက်တွင်ဣသရေလအမျိုးသား ၅၀,၀၀၀နီးပါးသည် (လမ်းခရီးပေါ် မူတည်၍)မိုင်ပေါင်း ၅၀၀မှ ၁,၀၀၀ရှိသောခရီးစဉ်ဖြင့်ယေရုရှလင်မြို့သို့ ပြန်လာခဲ့ကြသည်။သူတို့ရင်ဆိုင်ခဲ့ရသည်မှာအလွန့်အလွန် ခက်ခဲကျပ်တည်းသော စီးပွားရေးအခြေအနေပင်ဖြစ်သည်။သူတို့၏တိုင်းပြည်သည် နှစ်ပေါင်းခုနစ်ဆယ်တိုင်တိုင် လူသူကင်းမဲ့ခဲ့သည်။ ပြည်တော်ပြန်များသည် ယဇ်ပလ္လင်ကိုတည်ဆောက်၍ ယေဟောဝါထံ ယဇ်ပူဇော်ခြင်းအားဖြင့် မှန်သောကိုးကွယ်မှုကို ပြန်လည်တည်ထောင်ခဲ့ကြသည်။ ဘီ.စီ.အီး. ၅၃၇ ခုနှစ် ဆောင်းဦးကာလတွင် သူတို့သည် တဲနေပွဲကို ကျင်းပကြသည်။ (ယေ ၂၅:၁၁; ၂၉:၁၀) ထို့နောက်၊ ပြည်တော်ပြန်များသည် ယေဟောဝါအိမ်တော်၏ အုတ်မြစ်ကိုချကြသည်။
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
ဤကာလအတွင်း ရေးသားခဲ့သည့် သမ္မာကျမ်း စာစောင်များ–
ဒံယေလကျမ်း
ဟဂ္ဂဲကျမ်း
ဇာခရိကျမ်း
ဧသတာကျမ်း
ဆာလံကျမ်း (တစ်စိတ်တစ်ပိုင်း)
၁နှင့် ၂ ရာဇဝင်ချုပ်
ဧဇရကျမ်း
နေဟမိကျမ်း
မာလခိကျမ်း
[စာမျက်နှာ ၂၀ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မေဒိ-ပေရသိ အင်ပါယာ
က၂ မာကေဒေါနိပြည်
က၂ သရေးစ်ပြည်
က၄ ကုရေနေ
က၄ လိဗုနယ်
ခ၂ ဘိုင်ဇန်တီယမ်
ခ၂ လုဒိပြည်
ခ၃ သာဒိ
ခ၄ မင်ဖိ (နောဖ)
ခ၄ အီဂျစ်ပြည်
ခ၅ နောမုန် (သီးဘ်ဇ်)
ခ၅ သုဏေ
ဂ၃ ကိလိကိပြည်
ဂ၃ တာရှု
ဂ၃ အစ်စပ်စ်
ဂ၃ ခါခေမိတ်
ဂ၃ တာဒမော်
ဂ၃ ရှုရိပြည်
ဂ၃ ဇိဒုန်
ဂ၃ ဒမာသက် (ဒမတ်စကတ်)
ဂ၃ တုရု
ဂ၄ ယေရုရှလင်
ဃ၂ ဖာဆစ်
ဃ၂ အာမေးနီးယားပြည်
ဃ၃ အာရှုရိပြည်
ဃ၃ နိနေဝေ
ဃ၄ ဗာဗုလုန်
င၃ မေဒိပြည်
င၃ အက္ခဘာတာနာ (အာခမေသ)
င၃ ဟိုင်ရ်ကိန်းနီးယားပြည်
င၄ ရှုရှန် (ဆူဆာ)
င၄ ဧလံပြည်
င၄ ပါဆားဂါဒီ
င၄ ပါဆဲပလစ္စ
င၄ ပေရသိပြည်
စ၃ ပါသိပြည်
စ၄ ဒရန်ဂျီအန္နားပြည်
ဆ၂ မာရာကန္ဒာ (ဆာမာကန့်)
ဆ၃ ဆော့ဂ်ဒိုင်ယန္နားပြည်
ဆ၃ ဘက္ခထရီးယားပြည်
ဆ၃ အရီးယားပြည်
ဆ၄ အရက်ခေါရှားပြည်
ဆ၄ ဂေဒရောရှားပြည်
ဇ၅ အိန္ဒိယပြည်
[အခြားဒေသများ]
က၂ ဂရိပြည်
က၃ မာရသွန်
က၃ အာသင် (အေသင်)
က၃ ရှာလမိကျွန်း
ဂ၁ သကုသိပြည်
ဂ၄ ဧလတ် (ဧလုတ်)
ဂ၄ တေမ
ဃ၄ အာရပ်ပြည်
[တောင်များ]
င၃ အယ်လဘတ်ဇတောင်တန်း
င၄ ဇာဂရော့တောင်တန်း
[ရေအစုအဝေး]
ခ၃ မြေထဲပင်လယ် (ပင်လယ်ကြီး)
ဂ၂ ပင်လယ်နက်
ဂ၅ ပင်လယ်နီ
င၂ ကက်စပီယန် ပင်လယ်
င၄ ပါရှန်ကွေ့
[မြစ်များ]
ခ၄ နိုင်းလ်မြစ်
ဂ၃ ဥဖရတ်မြစ်
ဃ၃ တိုက်ဂရစ်မြစ်
ဇ၄ အိန္ဒုမြစ်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ကုရုမင်း၏ စစ်သည်တို့သည် ဗာဗုလုန်မြို့သို့ရောက်ရန် ဇာဂရော့ တောင်တန်းကို ကျော်ဖြတ်ခဲ့ကြရသည်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ထိပ်ပုံ– ပါဆဲပလစ္စမြို့ရှိ လူမျိုးခပ်သိမ်းတို့၏ ဂိတ်တံခါး
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အတွင်းပုံ– ပါဆားဂါဒီမြို့ရှိ ကုရုမင်း၏ အုတ်ဂူ