ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၈၄ စာ. ၁၉၆-စာ. ၁၉၇ ပိုဒ်. ၄
  • ယေရှု ရေပေါ် လမ်းလျှောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ရေပေါ် လမ်းလျှောက်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တို့တစ်တွေကို ယေရှု ကာကွယ်ပေးနိုင်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • လေမုန်တိုင်းကိုငြိမ်သက်စေ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်တဲ့အုပ်စိုးရှင်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ကျွန်းတစ်ကျွန်းမှာ သင်္ဘောပျက်ခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၈၄ စာ. ၁၉၆-စာ. ၁၉၇ ပိုဒ်. ၄
ယေရှု ရေပေါ်လမ်းလျှောက်နေပြီး သူ့ဆီကိုလာဖို့ ပေတရုကိုပြော

သင်ခန်းစာ ၈၄

ယေရှု ရေပေါ် လမ်းလျှောက်

ယေရှုဟာ လူနာတွေကို ရောဂါကုပေး၊ လူသေတွေကို ထမြောက်ပေးနိုင်တဲ့အပြင် လေနဲ့မိုးကိုပါ ထိန်းချုပ်နိုင်တယ်။ ဆုတောင်းပြီးနောက် တောင်ပေါ်ကနေ ဂါလိလဲအိုင်ကို ကြည့်လိုက်တဲ့အခါ မုန်တိုင်းဖြစ်နေတာကို ယေရှု တွေ့လိုက်တော့ တောင်အောက်ဆင်းပြီး လှေကိုမနည်းထိန်း လှော်ခတ်နေကြတဲ့ တမန်တော်တွေဆီ ရေပေါ်လမ်းလျှောက် သွားတယ်။ လူတစ်ယောက် ရေပေါ်လမ်းလျှောက်ပြီး သူတို့ဆီလာနေတာကို တွေ့လိုက်လို့ တမန်တော်တွေ လန့်သွားကြတယ်။ ဒီအခါ ယေရှုက ‘ကျွန်တော်ပါ။ မကြောက်ကြပါနဲ့’ လို့ ပြောတယ်။

ယေရှု ရေပေါ် လမ်းလျှောက်နေပြီး သူ့ဆီကိုလာဖို့ ပေတရုကိုပြော

ပေတရုက ‘သခင်၊ တကယ်ပဲ သခင်ဟုတ်တယ်ဆိုရင် ကျွန်တော် သခင့်ဆီလာဖို့ အမိန့်ရှိပါ’ လို့ ပြောတော့ ပေတရုကို ယေရှုက ‘လာခဲ့ပါ’ တဲ့။ ဒါနဲ့ ပေတရုဟာ မုန်တိုင်းထန်နေတဲ့ကြားက လှေပေါ်ကနေ ဆင်းပြီး ယေရှုဆီ ရေပေါ် လမ်းလျှောက်သွားတယ်။ အနားရောက်တော့မှ မုန်တိုင်းထန်နေတာကို ပေတရု ကြည့်လိုက်တော့ ကြောက်စိတ်ဝင်ပြီး နစ်တော့မလို ဖြစ်သွားတဲ့အခါ ‘သခင်၊ ကယ်ပါဦး’ လို့အော်လိုက်တယ်။ ယေရှုက သူ့ကိုလှမ်းဆွဲလိုက်ပြီး ‘ယုံကြည်ခြင်းနည်းတဲ့သူ၊ ဘာလို့ သံသယဝင်တာလဲ’ လို့ ပြောတယ်။

ယေရှုနဲ့ပေတရု လှေပေါ်တက်တာနဲ့ မုန်တိုင်းငြိမ်သွားတယ်။ တမန်တော်တွေ ဘယ်လိုနေမလဲဆိုတာ စဉ်းစားကြည့်။ သူတို့က “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သားပါ” လို့ပြောကြတယ်။

ရာသီဥတုကို ဒီတစ်ကြိမ်ပဲ ယေရှု ထိန်းချုပ်တာ မဟုတ်ဘူး။ တစ်ခါမှာ ယေရှုနဲ့ တမန်တော်တွေ အိုင်တစ်ဖက်ကမ်းကို ရွက်လွှင့်သွားနေတုန်း လှေပဲ့ပိုင်းမှာ ယေရှု အိပ်ပျော်နေတယ်။ အဲဒီအခါ လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီး လှေထဲ ရေဝင်လာလို့ လှေနစ်တော့မလို ဖြစ်သွားတော့ တမန်တော်တွေက ယေရှုကို လာနှိုးပြီး “ဆရာ၊ ကျွန်တော်တို့ သေတော့မယ်၊ ကယ်ပါဦး” လို့ အကူအညီတောင်းတယ်။ ဒါနဲ့ ယေရှု ထပြီး လှိုင်းနဲ့လေကို “တိတ်ဆိတ်ငြိမ်သက်စေ” ဆိုပြီး အမိန့်ပေးတဲ့အခါ မုန်တိုင်းစဲပြီး ငြိမ်သွားတယ်။ ယေရှုက ‘ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ဘယ်ရောက်သွားသလဲ’ လို့မေးတယ်။ ‘လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား’ လို့ အချင်းချင်း ပြောကြတယ်။ ယေရှုကို အပြည့်အဝ ယုံကြည်ကိုးစားရင် ဘာကိုမှ ကြောက်စရာမလိုမှန်း တမန်တော်တွေ သိသွားကြတယ်။

“သက်ရှိလောကမှာ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ခံစားရမှာပါဆိုတဲ့ ယုံကြည်ချက်သာ မရှိခဲ့ရင် ကျွန်တော် ဘယ်ဆီကိုများ ရောက်နေမလဲ။”—ဆာလံ ၂၇:၁၃

မေးခွန်း– ပေတရု ဘာကြောင့် ရေနစ်တော့မလို ဖြစ်တာလဲ။ ယေရှုဆီကနေ တမန်တော်တွေ ဘာသိလာသလဲ။

မဿဲ ၈:၂၃-၂၇။ ၁၄:၂၃-၃၄။ မာကု ၄:၃၅-၄၁။ ၆:၄၅-၅၂။ လုကာ ၈:၂၂-၂၅။ ယောဟန် ၆:၁၆-၂၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ