ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၁၄ စာ. ၁၇
  • အဓိကအချက်တွေကို ပေါ်လွင်စေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဓိကအချက်တွေကို ပေါ်လွင်စေခြင်း
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဓိကအချက်များကို ပေါ်လွင်စေခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစဉ်နှင့် အဓိကအချက်များကို ပေါ်လွင်စေခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အောက်လိုင်းတစ်ခု ရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အဓိကအကြောင်းကို အဆင့်ဆင့် တည်ဆောက်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၁၄ စာ. ၁၇

သင်ခန်းစာ ၁၄

အဓိကအချက်တွေကို ပေါ်လွင်စေခြင်း

ညွှန်းထားတဲ့ကျမ်းချက်

ဟီဘရူး ၈:၁

အကျဉ်းချုပ်– သင့်ဟောပြောချက်ကို အာရုံစိုက်နိုင်ဖို့ ပရိသတ်ကို ကူညီပေးပါ။ အဓိကအချက်တစ်ချက်စီက သင့်ရည်ရွယ်ချက်၊ အဓိကအကြောင်းအရာနဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာ သိစေပါ။

လုပ်ဆောင်နိုင်ပုံ–

  • ရည်ရွယ်ချက်တစ်ခု ရှိပါ။ သင့်ဟောပြောချက်က အချက်အလက်တွေကို သိရှိစေဖို့လား၊ ယုံကြည်စိတ်ချစေဖို့လား၊ ပရိသတ်ကို လှုံ့ဆော်ပေးဖို့လားဆိုတာ စဉ်းစားပြီးနောက် အဲဒီအချက်နဲ့အညီ ဟောပြောပါ။ အဓိကအချက်အားလုံးက သင့်ရည်ရွယ်ချက်ကို အထမြောက်စေကြောင်း သေချာစေပါ။

    လေ့ကျင့်ရမယ့်အချက်

    ကိုယ့်ကိုယ်ကိုယ်မေးပါ– ‘ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပရိသတ်က ဘယ်မေးခွန်းတွေ မေးလာနိုင်သလဲ။ ဘယ်လို ကန့်ကွက်ပြောဆိုလာနိုင်သလဲ။ အဖြေပေးပြီးတဲ့နောက် ဘယ်မေးခွန်းတွေ အဆင့်ဆင့် မေးလာနိုင်သလဲ။’ ပြီးတဲ့နောက် အဲဒီမေးခွန်းတွေအတိုင်း အဓိကအချက်တွေကို အစဉ်လိုက် စီပါ။ ဒါမှ ပရိသတ်က စိတ်ဝင်စားပြီး နားလည် လက်ခံနိုင်မယ်။

  • ဟောပြောချက်ရဲ့ အဓိကအကြောင်းကို အလေးပေးဖော်ပြပါ။ ဟောပြောနေစဉ်တစ်လျှောက် အကြောင်းအရာရဲ့ အဓိကစကားလုံးတွေ ဒါမှမဟုတ် အဓိပ္ပာယ်တူတဲ့ တခြားစကားလုံးတွေကို ခဏခဏ ပြန်ပြောပါ။

  • အဓိကအချက်တွေကို ရိုးရိုးရှင်းရှင်း ဖော်ပြပါ။ အကြောင်းအရာနဲ့သက်ဆိုင်တဲ့ အဓိကအချက်တွေကိုပဲ ရွေးပါ။ ဒါမှ သတ်မှတ်ချိန်အတွင်း ထိထိရောက်ရောက် သွန်သင်ပေးနိုင်မယ်။ အဓိကအချက်တွေကို ကန့်သတ်ထားပါ။ အချက်တိုင်းကို ရှင်းရှင်းလင်းလင်း တင်ဆက်ပါ။ နောက်တစ်ချက် မပြောင်းခင် ခဏရပ်ပါ။ ပြေပြေပြစ်ပြစ် ကူးပြောင်းပါ။

    လေ့ကျင့်ရမယ့်အချက်

    ပရိသတ် အာရုံစိုက်နိုင်ဖို့ နိဒါန်းမှာ အဓိကအချက်တွေကို ဖော်ပြနိုင်တယ်၊ ဒါမှမဟုတ် နိဂုံးမှာ ပြန်ဖော်ပြခြင်းအားဖြင့် မှတ်မိစေနိုင်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ