ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၀/၁ စာ. ၁၉-၂၄
  • မိဘခြေရာအတိုင်း လိုက်လျှောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘခြေရာအတိုင်း လိုက်လျှောက်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်အတွက် အဖေ့ဇွဲလုံ့လ
  • အမေ့သစ္စာရှိ လုပ်ငန်းတော်
  • ငယ်ရွယ်သူ၏ လုပ်ငန်းတော်
  • ဒုတိယကမ္ဘာစစ်ဖြစ်ခြင်း
  • ကြည်နူးဖွယ် အချိန်ပြည့်လုပ်ငန်း
  • ကျွန်ုပ်တို့၏ ကြွယ်ဝသော ဝိညာဏအမွေအနှစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ရှားပါးသည့်ခရစ်ယာန်အမွေတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ကျွန်မတို့ရဲ့မိဘများက ဘုရားသခင်ကို ချစ်မြတ်နိုးဖို့သင်ကြားပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “ကျွန်မ ဘာကိုမှပြောင်းလဲမှာ မဟုတ်ဘူး!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၀/၁ စာ. ၁၉-၂၄

မိဘခြေရာအတိုင်း လိုက်လျှောက်ခြင်း

ဟီလ်တာ ပက်ဂျက် ပြောပြသည်

“ကျွန်မရဲ့အသက်တာကို အမြင့်ဆုံးသော ဘုရားသခင်ထံမှာ အပ်နှံထားပါတယ်။ ပြီးတော့ သခင်နှစ်ဦးကို ကျွန်

မအစေမခံနိုင်ဘူး” ဟုသတင်းစာက ဖော်ပြသည်။ ၁၉၄၁ ခုနှစ်တွင် ဗြိတိသျှ အလုပ်သမားနှင့် အမျိုးသားရေးဝန်ဆောင်ဝန်ကြီးဌာန အရာရှိများထံသို့ ကျွန်

မ၏တင်ပြချက်မှ ဤစကားများက ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံ၌အမှုထမ်းရန် သူတို့၏ညွှန်ကြားချက်အား ကျွန်

မငြင်းဆိုရသည့်အကြောင်းရင်းကိုဖော်ပြသည်။ များမကြာမီတွင်ပင် ကျွန်

မ၏ငြင်းဆိုချက်ကြောင့် အပြစ်ရှိကြောင်းစီရင်ချက်ချခံရပြီး ထောင်သုံးလချခံရသည်။

ကျွန်မအား ဤအခက်အခဲနှင့်ရင်ဆိုင်ရလေအောင် အဘယ်အရာကဖြစ်စေသနည်း။ အချို့သောလူငယ်များ၏ စိတ်ထင်ရာလုပ်တတ်သော သို့မဟုတ် ပုန်ကန်တတ်သော အမူအကျင့်များက ဖြစ်စေခြင်းမဟုတ်ပါ။ သို့အစား အကြောင်းရင်းသည် ကျွန်

မကလေးအရွယ်သာရှိသေးသည့်အချိန်ကကြောင့်ဖြစ်သည်။

ဘုရားသခင့်နိုင်ငံတော်အတွက် အဖေ့ဇွဲလုံ့လ

ကျွန်

မသည် အင်္ဂလန်နိုင်ငံမြောက်ပိုင်း လိဒ်စ်မြို့တော်အနီး ဟောစ်ဖော့ထ်ခရိုင်တွင် ၁၉၁၄ ခု၊ ဇွန်လ ၅ ရက်နေ့၌ မွေးဖွားခဲ့သည်။ ကျွန်

မ၏မိဘများဖြစ်သော အဲကဲဆင်နှင့် ပက်တီ ပက်ဂျက်တို့သည် ပရီမစ်တစ် မက်သဒစ်ဘုရားကျောင်းမှ ဥပုသ်စာဖြေကျောင်းဆရာများဖြစ်ပြီး ဓမ္မတေးသံစုံအဖွဲ့ဝင်လည်းဖြစ်ကာ ထိုတွင်အဖေက အော်ဂင်တီးပေးသည်။ ကျွန်

မကလေးဘဝက ကျွန်

မတို့အိမ်သည် အရာတစ်ခုမှလွဲလျှင် ပျော်ရွှင်ဖွယ်ဖြစ်ခဲ့သည်။ ကမ္ဘာ့အခြေအနေများကို အဖေစိုးရိမ်သည်။ သူသည် စစ်မှုနှင့် အဓမ္မမှုကို မုန်းတီးပြီး “လူအသက်ကို မသတ်နှင့်” ဟူသည့် ကျမ်းစာအမိန့်ကိုယုံကြည်သည်။—ထွက်မြောက်ရာ ၂၀:၁၃။

၁၉၁၅ ခုနှစ်တွင် စစ်မှုမထမ်းမနေရ ဥပဒေမှလွတ်ဖို့ စစ်တပ်တွင်စေတနာ့ဝန်ထမ်းကြရန် ယောက်ျားပျိုလေးများအား အစိုးရကတိုက်တွန်းသည်။ အဖေသည် စစ်သားအဖြစ်စာရင်းသွင်းရန် သူ့အလှည့်ကို မိုးရွာထဲတွင် စိတ်တထင့်ထင့်ဖြင့် တစ်နေ့လုံးစောင့်နေခဲ့ရသည်။ နောက်တစ်နေ့တွင်ပင် သူဘဝတစ်ခုလုံး ပြောင်းလဲသွားတော့သည်!

ပိုက်ပြင်သမားအဖြစ် အိမ်ကြီးတစ်လုံးတွင် အလုပ်လုပ်နေစဉ် အခြားအလုပ်သမားများနှင့် ကမ္ဘာ့အဖြစ်အပျက်များအကြောင်း ပြောမိသည်။ ဥယျာဉ်မှူးက သူ့အား သခင့်ရတနာများကို စုသိမ်းခြင်း ဟူသည့် ဝေစာငယ်လေးကို ကမ်းခဲ့သည်။ ယင်းကို အဖေအိမ်ယူလာပြီး ထပ်ခါထပ်ခါဖတ်လေသည်။ “ဒါသာအမှန်တရားဖြစ်မယ်ဆိုရင် တခြားဟာတွေအားလုံး မှားနေပြီပေါ့” ဟု သူပြောသည်။ နောက်နေ့၌ ထပ်ဆင့်အကြောင်းအရာများတောင်းခံခဲ့ပြီး သုံးပတ်ကြာမျှ ကျမ်းစာကို မနက်စောစောပိုင်းအထိ လေ့လာသည်။ သမ္မာတရားကိုတွေ့ပြီဖြစ်ကြောင်း သူသိလိုက်သည်! ၁၉၁၆ ခု၊ ဇန်နဝါရီလ ၂၊ တနင်္ဂနွေနေ့၊ သူ၏ ဒိုင်ယာရီတွင် ဤသို့ပြောထားသည်– “မနက်ပိုင်း ဘုရားကျောင်းသွား၊ ညနေပိုင်း အိုင်.ဘီ.အက်စ်.အေ. [ထိုအချိန်က အင်္ဂလန်နိုင်ငံတွင် ယေဟောဝါသက်သေများအား အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများဟု သိကြ] သို့သွား —ဟေဗြဲ ၆:၉-၂၀ ကိုလေ့လာ—ညီအစ်ကိုများထံ ပထမဦးဆုံးလည်ပတ်ခြင်း။”

မကြာမီ အတိုက်အခံများပေါ်လာသည်။ ဆွေမျိုးများနှင့် ဘုရားကျောင်းမှ မိတ်ဆွေများက အဖေရူးသွားပြီဟု ထင်ကြသည်။ သို့သော် သူသည် ဆုံးဖြတ်ချက်ချပြီးနေပြီ။ စည်းဝေးများနှင့် လေ့လာမှုအတွက် သူအဓိကအသက်ရှင်ပြီး မတ်လတွင် ယေဟောဝါထံ သူ၏ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အနေနှင့် ရေနှစ်ခြင်းယူခဲ့သည်။ အပတ်အနည်းငယ်ကြာသည့်အထိ အဖေတစ်ယောက်တည်း စည်းဝေးသွားပြီးသည့်နောက် အမေလည်းမခံနိုင်တော့ပေ။ ကျွန်

မအား လက်တွန်းလှည်းထဲထည့်ပြီး လိဒ်စ်မြို့တော်သို့ ငါးမိုင်ခရီးလျှောက်သွားကာ စည်းဝေးပြီးသည့်အချိန်၌ ရောက်သွားခဲ့သည်။ အဖေ့ပျော်ရွှင်မှုကို သင်စဉ်းစားကြည့်နိုင်သည်။ ထိုအချိန်မှစ၍ ယေဟောဝါ၏အမှုတော်၌ ကျွန်

မတို့မိသားစု ပေါင်းစည်းခဲ့ကြသည်။

အမှန်ပင် အဖေ၏အခြေအနေသည် အလွန်ခက်ခဲခဲ့သည်။ စစ်တပ်တွင် စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပြီးရာမှ အပတ်အနည်းငယ်အတွင်း ယုံကြည်မှုအရစစ်မတိုက်သူဖြစ်သွားသည်။ စစ်မှုထမ်းရန်ဆင့်ခေါ်ခံရသောအခါ လက်နက်ကိုင်ရန်ငြင်းဆိုသောကြောင့် ခုံရုံး ငါးကြိမ်တက်ရသည့်အနက် ပထမဆုံးအကြိမ်ကို ၁၉၁၆ ခု၊ ဇူလိုင်လတွင် တက်ရပြီး ရက်ပေါင်း ၉၀ ထောင်ကျခံရန် ပြစ်ဒဏ်စီရင်ခံရသည်။ ပထမပြစ်ဒဏ်ကျခံပြီးနောက် အဖေသည် နှစ်ပတ်ခွင့်ပြုချက်ရသည်။ ထို့နောက် ခုံရုံးနောက်တစ်ကြိမ်တက်ရကာ ရက်ပေါင်း ၉၀ ထောင်ကျခံရပြန်သည်။ ဒုတိယအကြိမ် ထောင်ဒဏ်ကျခံပြီးနောက် သူ့ကို ဘုရင့်ဆေးတပ်အဖွဲ့သို့ပြောင်းရွှေ့လိုက်ရာ ၁၉၁၇ ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ လိုအာမြို့သို့ စစ်သင်္ဘောဖြင့် ထွက်ခွာခဲ့ရသည်။ ထို၌ သူ့အခြေအနေသည် နေ့စဉ်နှင့်အမျှ ပို၍စိတ်ပျက်ဖွယ်ဖြစ်ကြောင်း သူ့ဒိုင်ယာရီက ဖော်ပြသည်။ သူသည် စစ်သားများအား စစ်ပြန်သွားတိုက်နိုင်ရန် ပြုစုပေးရမည်ဖြစ်ကြောင်းကို သူသဘောပေါက်သည်။

ပူးပေါင်းလုပ်ဆောင်ရန် နောက်တစ်ဖန် သူငြင်းဆန်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ့အား လိုအာမြို့ရှိဗြိတိန်စစ်အကျဉ်းထောင်တွင် ထောင်ဒဏ်ငါးနှစ်ကျခံရန် ခုံရုံးက စီရင်ချက်ချလိုက်သည်။ ယုံကြည်မှုအရ စစ်မတိုက်သူတစ်ဦးအဖြစ် အရပ်ဘက်ဆိုင်ရာထောင်သို့ ပြောင်းရွှေ့ပေးရန် အဖေကထပ်တလဲလဲတောင်းဆိုနေသောကြောင့် သုံးလလုံး မုန့်နှင့်ရေသာပေးပြီးနောက်မှ ကိုယ်အလေးချိန်ပြန်တိုးလာသည့်အထိ ပုံမှန်ထောင်စာကို ကျွေးခြင်းဖြင့် ဒဏ်ခတ်သည်; ထို့နောက် အစီအစဉ်တစ်ခုလုံးအတိုင်းပြန်လုပ်သည်။ သူသည် နေ့ဘက်တွင် လက်ကိုနောက်ကျော၊ ညနှင့် အစားစာချိန်တွင် လက်ကိုရှေ့တွင်ထားကာ လက်ထိတ်ခတ်ခံရသည်။ ငယ်လွန်းသောလက်ထိတ်က အသားထဲထိညှပ်သောကြောင့် ပြည်တည်နာဖြစ်ပြီး သူ၏လက်ကောက်ဝတ်တွင် တစ်သက်တာလုံး အမာရွတ်ကြီးအဖြစ်ကျန်ရစ်ခဲ့သည်။ ခြေတွင်လည်းသံကြိုးနှင့်ချည်ပြီး ခါးသို့ဆက်ထားသည်။

စစ်တပ်အရာရှိများက သူ၏သဘောထားကိုပြောင်းလဲရန် အစွမ်းရှိသမျှဖြင့် အမျိုးမျိုးကြိုးစားကြသော်လည်း အချည်းနှီးသာဖြစ်သည်။ သူ၏ကျမ်းစာနှင့် စာအုပ်များ သူ့ဆီမှသိမ်းလိုက်သည်။ အိမ်မှစာလည်းမရသလို သူလည်းစာမပို့နိုင်ပါ။ နှစ်နှစ်ကြာသောအခါ အစာငတ်ခံဆန္ဒပြခြင်းဖြင့် သူ၏အရိုးခံစိတ်ကိုပြသရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သူ့ဆုံးဖြတ်ချက်အတိုင်း ခုနစ်ရက်လုံးလုံးအစာမစား၊ ရေမသောက်ဘဲ နေသည်။ အကျိုးဆက်အနေနှင့် အသည်းအသန်ဖျားပြီး အကျဉ်းထောင်ဆေးရုံသို့ ပြောင်းရွှေ့ရသည်။ သူ၏ရည်ရွယ်ချက်ကို သက်သေထူနိုင်ခဲ့သော်လည်း အသက်ဆုံးမတတ်သာ အကျိုးရခဲ့သည်။ သူ့အသက်ကို ဤနည်းဖြင့်ဘေးဥပဒ်ဖြစ်စေခြင်းသည် မှားကြောင်း နောက်ပိုင်းနှစ်များ၌ သူဝန်ခံခဲ့ပြီး နောက်ဘယ်တော့မျှ ဤနည်းလမ်းအတိုင်းမလုပ်တော့ချေ။

၁၉၁၈ ခု၊ နိုဝင်ဘာလတွင် စစ်ပြီးသွားသည့်တိုင် အဖေမူ လိုအာမြို့ရှိထောင်တွင် ဆက်နေနေရသည်။ သို့သော် နောက်နှစ်ဦးပိုင်းတွင် သူ့ကို အင်္ဂလန်နိုင်ငံရှိ အရပ်ဘက်ဆိုင်ရာထောင်သို့ ပြောင်းရွှေ့လိုက်သည်။ စုပုံနေသည့် အမေ၏စာနှင့် ပါဆယ်အားလုံးအပြင် အမြတ်တနိုးထားသော သူ့ကျမ်းစာနှင့် စာအုပ်များပါ လက်ခံရရှိသောအခါ သူ၏ပျော်ရွှင်မှုကို စဉ်းစားကြည့်ပါ။ သူသည် ဝင်ချက်စတားအကျဉ်းထောင်သို့ ခေါ်သွားခံရကာ ထိုတွင် စစ်ကာလအတွင်း သူ့ကဲ့သို့ပင် တွေ့ ကြုံခဲ့ရသော ညီအစ်ကိုငယ်တစ်ဦးနှင့် တွေ့သည်။ သူ၏အမည်မှာ ဖရဲန့် ပလက်ထ်ဖြစ်ပြီး နောက်ပိုင်းတွင် လန်ဒန်ဗေသလ၌ နှစ်ပေါင်းများစွာအမှုထမ်းခဲ့သူဖြစ်သည်။ သူတို့သည် နောက်တစ်နေ့တွင်တွေ့ဆုံရန် အစီအစဉ်လုပ်ကြသော်လည်း ထိုအချိန်၌ ဖရဲန့်ကိုအခြားတစ်နေရာသို့ပြောင်းရွှေ့လိုက်ကြသည်။

၁၉၁၉ ခု၊ ဧပြီ ၁၂ ရက်နေ့တွင် “ဟာလေလုယ! အိမ်ပြန်လာမည်—လန်ဒန်သို့ဖုန်းဆက်သည်” ဟူသည့် ကြေးနန်းတစ်စောင်ကို အမေလက်ခံရရှိသည်။ သုံးနှစ်ကြာ စုံစမ်းမှု၊ ခက်ခဲမှုနှင့် ခွဲခွာမှုတို့ပြီးနောက် မည်မျှပျော်ရွှင်ဖွယ် အခါသမယပါတကား! အဖေ၏ပထမဦးဆုံးအကြံအစည်မှာ ဖုန်းဆက်ပြီး လန်ဒန်ဗေသလရှိ ညီအစ်ကိုများနှင့်တွေ့ရန်ဖြစ်သည်။ ၃၄ ခရေဗင် တာရေးစ် တွင် နွေးထွေးသောကြိုဆိုမှုကို သူလက်ခံရရှိသည်။ ရေချိုး၊ မုတ်ဆိတ်ရိတ်ပြီး ငှားထားသောအဝတ်နှင့် ဦးထုပ်ကိုဝတ်ကာ အဖေသည်အိမ်သို့ ပြန်လာသည်။ ကျွန်

မတို့၏ ပြန်လည်ပေါင်းစည်းမှုကို သင်စဉ်းစားကြည့်နိုင်မည်လော။ ထိုအချိန်က ကျွန်

မသည် ငါးနှစ်ခန့်သာရှိသေးပြီး သူ့ကိုမမှတ်မိပါ။

လွတ်မြောက်ပြီး ပထမဦးဆုံးအဖေတက်သည့်စည်းဝေးပွဲမှာ သတိရအောက်မေ့ပွဲဖြစ်သည်။ ခန်းမပေါ်သို့တက်သွားသည်တွင် ဦးဆုံးသူတွေ့ရှိသူမှာ လိဒ်စ်မြို့ရှိ စစ်ဆေးရုံသို့ပြောင်းရွှေ့ခံထားရသူ ဖရဲန့် ပလက်တ်ဖြစ်သည်။ သူတို့၏တွေ့ကြုံမှုများကို မျှဝေကြရာတွင် ပျော်ရွှင်လိုက်သည့်ဖြစ်ခြင်း! ထိုအချိန်မှစ၍ သူဆေးရုံမှဆင်းရသည့်အချိန်အထိ ဖရဲန့်သည် ကျွန်

မတို့အိမ်ကို သူ၏ဒုတိယအိမ်အဖြစ် သဘောထားခဲ့သည်။

အမေ့သစ္စာရှိ လုပ်ငန်းတော်

အဖေမရှိစဉ်တစ်လျှောက်လုံး အမေသည် အာဏာပိုင်များထံမှရသော မလောက်မငသာဖြစ်သည့် သူမ၏ဝင်ငွေကို ထပ်ဆင့်ရန် အဝတ်လျှော်ရသည်။ ညီအစ်ကိုများသည် ကျွန်

မတို့အပေါ်၌ အလွန်ကြင်နာကြပါသည်။ အပတ်အနည်းငယ်ကြာတိုင်း အသင်းတော်အကြီးအကဲများမှတစ်ယောက်သည် အမည်မသိလက်ဆောင်ပါသော စာအိတ်ငယ်လေးကို သူမအားပေးကမ်းကြသည်။ ယေဟောဝါနှင့်တရင်းတနှီးရှိရန်နှင့် ထိုခက်ခဲသောကာလတစ်လျှောက် ခံရပ်တည်ကြည်နိုင်ရန် ညီအစ်ကိုများ၏မေတ္တာကအကူအညီဖြစ်စေကြောင်း အမေအမြဲပြောသည်။ အမေသည် အဖေမရှိစဉ်ကာလတစ်လျှောက်လုံး အသင်းတော်အစည်းအဝေးများကို သစ္စာရှိရှိတက်ရောက်သည်။ သူမအတွက် အပြင်းထန်ဆုံးသောစမ်းသပ်မှုမှာ တစ်နှစ်ကျော်နီးပါး အဖေသေသလော၊ ရှင်သလော မသိရသောအချိန်ပင်ဖြစ်သည်။ ထပ်ဆင့်ဒုက္ခအနေနှင့် ၁၉၁၈ ခုတွင် အမေကောကျွန်

မပါ စပိန်တုတ်ကွေးမိကြသည်။ ကျွန်

မတို့ပတ်ဝန်းကျင်ရှိလူများ တစ်ယောက်ပြီးတစ်ယောက်သေနေကြသည်။ အိမ်နီးချင်းများကိုသွားကူညီသောသူများ ရောဂါရ၍သေကုန်ကြသည်။ ထိုအချိန်တွင်ဖြစ်သော အစာခေါင်းပါးမှုက ကူးစက်မှုကိုခုခံအားနည်းစေသည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

တမန်တော်ပေတရု၏ဤစကားများသည် ကျွန်

မတို့မိသားစုအတွက် အလွန်မှန်လှပေသည်– “ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသောသင်တို့ကို စုံလင်တည်ကြည် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်”! (၁ ပေတရု ၅:၁၀) ကျွန်

မ၏မိဘများခံစားရသည့် ဒုက္ခဝေဒနာများက သူတို့တွင် ယေဟောဝါအား ခိုင်မြဲသောယုံကြည်မှုရှိရန် တည်ဆောက်ပေးသည်။ ယင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်ကြောင်းနှင့် မည်သည့်အရာကမျှ ဘုရားသခင်၏မေတ္တာတော်နှင့် ကျွန်ုပ်တို့ကိုမဝေးကွာစေနိုင်ကြောင်းဟူသည့် လုံးလုံးလျားလျားယုံကြည်စိတ်ချမှုဖြစ်သည်။ ယုံကြည်ခြင်း၌ ဤကဲ့သို့သောပြုစုပျိုးထောင်မှုရခဲ့သည့်အတွက် ကျွန်မသည် အထူးကောင်းချီးခံစားခဲ့ရသည်။—ရောမ ၈:၃၈၊ ၃၉; ၁ ပေတရု ၅:၇။

ငယ်ရွယ်သူ၏ လုပ်ငန်းတော်

အဖေလွတ်လာပြီးနောက် ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာလုပ်ငန်းတော်သည် ကျွန်

မတို့ဘဝတွင် အဓိကဖြစ်လာသည်။ ဖျားနာမှုမှလွဲလျှင် စည်းဝေးပျက်ခဲ့ကြောင်းကို ကျွန်

မ မမှတ်မိနိုင်တော့ပါ။ အဖေအိမ်ပြန်ရောက်ပြီးမကြာမီ စည်းဝေးကြီးတက်ရန်အတွက် သူ့ပလိတ်ကင်မရာနှင့် အမေရွှေလက်ကောက်ကို ရောင်းလိုက်သည်။ အပန်းဖြေခရီးထွက်နိုင်စွမ်းမရှိသော်လည်း လန်ဒန်မြို့တွင်ကျင်းပသော စည်းဝေးကြီးများအပြင် ဤကဲ့သို့သောတွေ့ဆုံပွဲကို ဘယ်တော့မျှလက်မလွတ်ပေ။

စစ်ကြီးပြီးနောက် ပထမနှစ်နှစ်၊ သုံးနှစ်သည် အားတက်ဖွယ်အချိန်ဖြစ်သည်။ အဖေနှင့် အမေတို့သည် ပေါင်းသင်းဆက်ဆံမှု အခွင့်အရေးအားလုံးကို အကျိုးအပြည့်အဝရယူခဲ့ကြသည်။ အခြားညီအစ်ကိုညီအစ်မများထံ ကျွန်

မတို့လည်ပတ်ကြပုံနှင့် ကျွန်

မထက်အကြီးများက အသစ်သောသမ္မာတရားအသိပညာများအကြောင်း ပြောနေကြချိန်တွင် မိန်းမငယ်လေးတစ်ယောက်ဖြစ်သည့်အလျောက် ကျွန်

မသည်ထိုင်၍ အရောင်ခြယ်၊ ရုပ်ပုံရေးဆွဲနေလေ့ရှိပုံတို့ကို ပြန်မှတ်မိနိုင်သေးသည်။ အတူတကွစကားပြောကြ၊ အော်ဂင်ပတ်လည်တွင် သီချင်းဆိုကြ၊ နှစ်သက်ဖွယ်ပေါင်းသင်းမှု၌ မွေ့လျော်ကြကာ ယင်းတို့က အလွန်ပျော်ရွှင်ဖွယ်နှင့် လန်းဆန်းဖွယ်ဖြစ်စေခဲ့သည်။

ကျွန်

မ၏မိဘတို့သည် ကျွန်

မအား လေ့ကျင့်ပေးမှုနှင့်ပတ်သက်၍ အလွန်တင်းကျပ်သည်။ ကျောင်းတွင် ကျွန်

မသည်ကွဲပြားခြားနားကြောင်း ထင်ရှားသည်။ ငါးနှစ်အရွယ်ကပင် အတန်းထဲ၌ ဘာသာရေးဆိုင်ရာအမေးအဖြေကို သင်ကြားနေစဉ်တွင်ဖတ်ရှုရန် “ဓမ္မသစ်ကျမ်း” ကို ယူသွားရသည်။ အောက်မေ့ဖွယ်ရာနေ့ အခမ်းအနားတွင်မပါဝင်သောကြောင့် “ယုံကြည်မှုအရ စစ်မတိုက်သူ” အဖြစ် တစ်ကျောင်းလုံးရှေ့တွင် ထုတ်ပြခံရသည်။ aကျွန်

မပြုစုပျိုးထောင်ခံရပုံအတွက် ကျွန်

မဝမ်းမနည်းပါ။ အမှန်မှာ ယင်းက ကာကွယ်မှုတစ်ခုဖြစ်ပြီး ‘ကျဉ်းသောလမ်းတွင်’ လျှောက်လှမ်းရလွယ်ကူစေသည်။ အစည်းအဝေးသို့ ဖြစ်စေ၊ လုပ်ငန်းတော်၌ဖြစ်စေ ကျွန်

မ၏မိဘများဘယ်ကိုသွားသွား ထိုတွင်ကျွန်

မရှိနေသည်။—မဿဲ ၇:၁၃၊ ၁၄။

ကျွန်

မဘာသာပထမဦးဆုံးဟောပြောသည့် ထိုတနင်္ဂနွေနေ့နံနက်ခင်းကို အထူးသတိရမိသည်။ ကျွန်

မ ၁၂ နှစ်သာရှိသေးသည်။ ကျွန်

မဆယ်ကျော်သက်ရွယ်အချိန်က ကျွန်

မအိမ်မှာနေမည်ဟု ပြောလိုက်သည့် တစ်နေ့သောတနင်္ဂနွေနံနက်ခင်းကို သတိရနိုင်သေးသည်။ မည်သူမျှအပြစ်မတင်၊ သွားရန်လည်းအတင်းမခိုင်းသောကြောင့် ကျွန်မပန်းခြံထဲတွင်ထိုင်ပြီးကျမ်းစာလေ့လာနေရင်းက အလွန်စိတ်မသက်မသာဖြစ်လာသည်။ ယင်းနောက် တစ်ပတ်နှစ်ပတ်အကြာတွင် အဖေ့အား “ဒီမနက် ကျွန်

မအဖေနဲ့ လိုက်ခဲ့တော့မယ်” ဟုပြောလိုက်သည်။ ထိုအချိန်မှစ၍ ဘယ်တော့မျှနောက်သို့လှည့်မကြည့်တော့ပေ။

၁၉၃၁ ခုနှစ်သည် ထူးခြားသောနှစ်တစ်နှစ်ပါတကား! လန်ဒန်မြို့၊ အလက်ဇန်ဒရား ပဲလေ့စ်တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး၌ ယေဟောဝါသက်သေများဟူသည့် နာမည်သစ်ကို ကျွန်

မတို့ရခဲ့သည်သာမက ထိုတွင်ကျွန်

မရေနှစ်ခြင်းယူခဲ့သည်။ ထိုနေ့ကို ကျွန်

မဘယ်တော့မှမေ့လိမ့်မည် မဟုတ်ပါ။ ကျွန်

မတို့ အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ရသည်။ ကျွန်

မဟာမူ ရှေ့ရှိနှစ်ခြင်းခံသူဝတ်ပြီးသားဖြစ်သောကြောင့် စိုနေသည်!

ကလေးတစ်ယောက်အနေနှင့် ကျွန်

မ၏ရည်မှန်းချက်မှာ ထိုအချိန်က အချိန်ပြည့်ဟောပြောသူများအဖြစ်သိကြသော ကော်လ်ပေါ်တီရာတစ်ဦးဖြစ်ရန်တည်း။ ကြီးပြင်းလာသည်နှင့်အမျှ ယေဟောဝါ၏လုပ်ငန်းတော်၌ ပို၍လုပ်ဆောင်ရမည်ကိုသိလာသည်။ ထိုကြောင့် ၁၉၃၃ ခုနှစ်၊ ကျွန်

မအသက် ၁၈ နှစ်တွင် အချိန်ပြည့်ကျေးကျွန်

များအဖွဲ့တွင် ပါဝင်ခဲ့သည်။

အချို့ မြို့ကြီးများတွင် အချိန်ပြည့်ကျေးကျွန်

တစ်ဒါဇင်အထိ အတူတကွလာ၍ ဒေသခံညီအစ်ကိုများနှင့်နေကာ အဖွဲ့လိုက်အလုပ်လုပ်ကြသော “ရှေ့ဆောင်သီတင်းပတ်များ” သည် ကျွန်မတို့အတွက်အထူးပျော်ရွှင်ဖွယ်ဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များနှင့် အထင်ကရပုဂ္ဂိုလ်များကို စာအုပ်ငယ်များဝေငှကြသည်။ သူတို့ထံချဉ်းကပ်ရန် သတ္တိရှိဖို့လိုသည်။ အများအားဖြင့် မထီလေးစားမှုအပြင် ကျွန်

မတို့အများစုသည် တံခါးများဆောင့်ပိတ်သွားခြင်းကို ခံကြရသည်။ ခရစ်တော်၏နာမကြောင့် ကျွန်

မတို့၏စိတ်ထက်သန်မှုသည် အားကြီးလှရကား ရှုတ်ချခံရခြင်းကို ဝမ်းမြောက်ကြရာ ယင်းသည် ကျွန်

မတို့အား အနှောင့်အယှက်မဖြစ်စေပါ။—မဿဲ ၅:၁၁၊ ၁၂။

လိဒ်စ်တွင် ကျွန်

မတို့သည် ဓာတ်စက်ကိုသယ်ယူရန် ကလေးလက်တွန်းလှည်း၊ သုံးဘီးစက်ဘီး၊ ဘေးတွဲယာဉ်ပါသော အဖေ့မော်တော်ဆိုင်ကယ်နှင့် နောက်ပိုင်းတွင် အဖေ့ကားတို့ကို ပြုပြင်ခဲ့ကြသည်။ ညီအစ်ကိုနှစ်ဦးသည် ထိုစက်ဖြင့် လမ်းထဲသို့ဝင်သွားပြီး လူများ သူတို့တံခါးပေါက်သို့ထွက်လာအောင် သီချင်းဓာတ်ပြားကိုဖွင့်၍ဆွဲဆောင်ပြီးနောက် ညီအစ်ကိုရပ်သဖော့ဒ်၏ငါးမိနစ်ဟောပြောချက်ကို အသံသွင်းထားသောဓာတ်ပြားအား ဖွင့်သည်။ ထို့နောက် ကြေညာသူများဖြစ်သောကျွန်

မတို့က လိုက်၍ကျမ်းစာစာပေများဝေငှနေချိန်၌ သူတို့က အခြားတစ်လမ်းသို့ထွက်သွားသည်။

နှစ်အတန်ကြာထိ တနင်္ဂနွေနေ့ညနေပိုင်း စည်းဝေးပြီးတိုင်း မြို့တော်ခန်းမဝင်းထဲသို့သွား၍ ဟောပြောသူအတွက်နေရာတွင် ညီအစ်ကိုရပ်သဖော့ဒ်၏တစ်နာရီကြာသောဟောပြောချက်တစ်ခုကို နားထောင်ခြင်းဖြင့်အားပေးထောက်ခံကာ၊ လက်ကမ်းဝေစာများကမ်းပေးခြင်း၊ စိတ်ဝင်စားမှုတင်ပြသောသူများနှင့် အဆက်အသွယ်ပြုလုပ်ကြသည်။ ထိုတွင် ကျွန်

မတို့အားလူသိများလာသည်။ ရဲများပင် ကျွန်

မတို့ကိုလေးစားကြသည်။ တစ်ညနေခင်းတွင် ခါတိုင်းကဲ့သို့စုရုံးနေချိန်၌ အဝေးမှ တီးဝိုင်းတစ်ဝိုင်းနှင့် ဒရမ်သံကို ကြားလိုက်ရသည်။ မကြာမီပင် ဖက်ဆစ်ဝါဒီ ၁၀၀ ခန့်ပါသော စစ်ရေးပြသည့်အဖွဲ့တစ်ဖွဲ့ လမ်းအတိုင်းချီတက်လာသည်။ ကျွန်

မတို့နောက်ဘက်နားတစ်ဝိုက်သို့ ချီတက်လာပြီး အမြင့်ကြီးထောင်ထားသော သူတို့၏အလံကြီးနှင့်အတူ ရပ်လိုက်ကြသည်။ တီးဝိုင်းအဖွဲ့ အတီးရပ်သွားသည်။ ညီအစ်ကိုရပ်သဖော့ဒ်၏အသံ ဟိန်းထွက်လာသည်နှင့် တိတ်ဆိတ်မှုကမင်းမူသွားသည်–“သူတို့ဆန္ဒရှိရင် သူတို့အလံကိုသူတို့အလေးပြုပြီး လူတွေကိုဂုဏ်ပြုပါစေ။ ကျွန်

တော်တို့ကတော့ ကျွန်

တော်တို့ရဲ့ဘုရားသခင်ယေဟောဝါကိုပဲ ကိုးကွယ်ဂုဏ်ပြုကြမယ်!” ဘာများဆက်ဖြစ်လာမလဲလို ကျွန်

မတို့သိချင်လိုက်ကြတာ! ဘာမှဆက်မဖြစ်လာဘဲ သူတို့ကိုသာ ကောင်းစွာသက်သေခံလိုက်ရသည်။ ဟောပြောချက် ကျန်အပိုင်းများကို ကျွန်

မတို့ ကြားနိုင်ရန် ရဲများကသူတို့ကို ငြိမ်သက်အောင်ထိန်းသိမ်းထားလိုက်သည်။

ဤအချိန်လောက်တွင် အကြီးအကျယ်သက်သေခံနိုင်ရန် ကျွန်

မတို့အားအကူအညီဖြစ်စေသော ဓာတ်စက်ကိုအသုံးပြုနေကြပြီ။ တံခါးပေါက်ရှိ အုတ်ခုံလှေကားထစ်တွင် အသံသွင်းထားသည့်ကျမ်းစာသြဝါဒကို ငါးမိနစ်အပြည့်နားထောင်ဖို့ လူတို့ကိုအားပေးရန် ဓာတ်စက်ကိုသေချာစိုက်ကြည့်နေကြသည်။ အများအားဖြင့် အိမ်ရှင်များသည် ကျွန်မတို့ကို အထဲသို့ခေါ်ဝင်ကာ ပြန်လာပြီးနောက်ထပ်ဓာတ်ပြားဖွင့်ပြရသည်ကို ဝမ်းသာခဲ့ကြသည်။

ဆန့်ကျင်မှု၊ အဓမ္မမှုတို့ ရုတ်တရက်ဖြစ်ပွားလာမှုနှင့်အတူ ၁၉၃၉ ခုနှစ်သည် အလွန်အလုပ်များပြီးခက်ခဲသော နှစ်ဖြစ်သည်။ စည်းဝေးကြီးတစ်ခုမတိုင်မီတွင် ညီအစ်ကိုများသည် လမ်းပေါ်တွင် လူအုပ်ဖွဲ့အော်ဟစ်ရမ်းကားမှုကိုခံခဲ့ရသည်။ ထိုကြောင့်စည်းဝေးအတွင်းတွင် အနှောင့်အယှက်ရှိသောနေရာများသို့ အထူးညီအစ်ကိုအဖွဲ့တစ်ဖွဲ့ကို ကားဖြင့်သွားဟောရန် စီစဉ်ပေးပြီး ညီအစ်မများနှင့် အချို့ ညီအစ်ကိုတို့မူ ပို၍အန္တရာယ်ကင်းသောနေရာများသို့ သွားကြသည်။ လမ်းတစ်လမ်းကို အုပ်စုလိုက်လုပ်ကြရာတွင် ကျွန်

မက နောက်ဘက်ရှိအိမ်များသို့သွားရန် လမ်းကျဉ်းလေးထဲသို့ဆင်းသွားခဲ့သည်။ တံခါးပေါက်တစ်ခု၌ရောက်နေစဉ် လမ်းထဲတွင် အော်ဟစ်၍ ရုတ်တရက်ရုတ်ရုတ်သဲသဲဖြစ်လာသံကို ကြားလိုက်ရသည်။ တံခါးပေါက်ရှိလူနှင့် ဆက်စကားပြောနေပြီး အသံများငြိမ်ကျသွားသံကြားရသည့်အထိ အချိန်ဆွဲနေလိုက်သည်။ ထို့နောက် လမ်းကျဉ်းလေးထဲကထွက်ပြီး လမ်းမပေါ်သို့တက်လိုက်ရာ ကျွန်

မကိုရှာမတွေ့၍ မွှန်ထူနေသော အခြားညီအစ်ကိုညီအစ်မများကို တွေ့လိုက်ရသည်! သို့ရာတွင် ထိုနေ့နောက်ပိုင်း၌ အနှောင့်အယှက်ပေးသူများ စည်းဝေးပွဲကိုပျက်အောင်ကြိုးစားကြသော်လည်း ညီအစ်ကိုများက ကြပ်မတ်၍ခေါ်ထုတ်သွားခဲ့သည်။

ဒုတိယကမ္ဘာစစ်ဖြစ်ခြင်း

ယင်းအချိန်တွင် အတင်းအကျပ်စစ်မှုထမ်းစေကြရာ ညီအစ်ကိုငယ်များစွာတို့သည် ၃ လမှ ၁၂ လအထိ ထောင်ချခံရသည်။ ထိုကြောင့် အဖေသည် ထောင်လည်ပတ်သူအဖြစ် အခွင့်အရေးထပ်ရခဲ့သည်။ တနင်္ဂနွေနေ့တိုင်း ဒေသန္တရအကျဉ်းထောင်တွင် ကင်းမျှော်စင် သင်တန်းကို သွားဦးစီးပေးရသည်။ ဗုဒ္ဓဟူးညနေပိုင်းများတွင် ညီအစ်ကိုများရှိသော အချုပ်ခန်းထဲသို့ သွားလည်ပတ်သည်။ ပထမကမ္ဘာစစ်အချိန်က ကြာရှည်ခက်ခဲသော ထောင်အတွေ့အကြုံကို သူကိုယ်တိုင်ခံစားခဲ့ရသောကြောင့် ထပ်တူစုံစမ်းမှုကိုခံနေရသောသူများအား အလုပ်အကျွေးပြုရသည့်အတွက် သူအထူးဝမ်းသာသည်။ ယင်းကို သူသေဆုံးသည့် ၁၉၅၉ ခုနှစ်အထိတိုင် နှစ် ၂၀ ကြာလုပ်ဆောင်ခဲ့သည်။

၁၉၄၁ ခုနှစ်တိုင်လေသော် ကျွန်

မတို့၏ကြားနေမှုအပေါ် လူအများ၏မလိုမုန်းတီးမှုနှင့် ရန်လိုမှုတို့ကို ကျင့်သားရလာသည်။ ယင်းတို့ကိုရင်ဆိုင်၍ လမ်းပေါ်တွင်မဂ္ဂဇင်းကိုင်ပြီးရပ်နေရန် မလွယ်ကူပါ။ တစ်ချိန်တည်းတွင် ကျွန်

မတို့ဒေသအတွင်း၌ ဒုက္ခသည်များကို နေရာထိုင်ခင်းချထားပေးရန် ကူညီပေးရသည့်အတွက် ဝမ်းသာရသည်။ လက်ဗီးယား၊ ပိုလန်၊ အက်စ်တိုနီးယား၊ ဂျာမန်လူမျိုးတို့သည် သူတို့ဘာသာစကားဖြင့် ကင်းမျှော်စင် သို့မဟုတ် Consolation (ယခု နိုးလော့!) ကို တွေ့ရသောအခါ သူတို့၏မျက်လုံးများ ရွှင်လန်းမှုဖြင့်ဝင်းပနေသည်ကို မြင်ရသည်မှာစိတ်ကြည်နူးစရာဖြစ်သည်!

ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း ကြားနေရပ်တည်မှုကြောင့် ကျွန်

မအား အမှုစစ်ဆေးရန် အလှည့်ရောက်လာသည်။ ကျွန်

မကို ၂၄ နာရီတိုင်း ၁၉ နာရီကြာ အချုပ်ခန်းထဲတွင် သော့ခတ်ထားသည်။ ထောင်သားဘဝ၏ခက်ခဲမှုကို ကျွန်မတွေ့ခဲ့ရသည်။ ပထမသုံးရက်သည် တစ်ယောက်တည်းနေရသည့်အတွက်ကြောင့် အခက်ခဲဆုံးဖြစ်သည်။ လေးရက်မြောက်သောနေ့တွင် အုပ်ချုပ်ရေးမှူးရုံးခန်းသို့ခေါ်ခံရပြီး ထိုတွင်အခြားမိန်းကလေးနှစ်ယောက်လည်းရပ်နေသည်ကို တွေ့လိုက်ရသည်။ မိန်းကလေးတစ်ယောက်က ကျွန်

မကို “ဘာကြောင့်ထောင်ထဲရောက်လာတာလဲ” ဟု တိုးတိုးလေးမေးသည်။ “ရှင်သိရင် အံ့သြသွားလိမ့်မယ်” ဟု ကျွန်

မပြောလိုက်သည်။ သူကစိတ်တထင့်ထင့်နှင့် “ရှင်ယေဟောဝါသက်သေလား” ဟု တိုးတိုးလေးမေးပြန်သည်။ အခြားမိန်းကလေးကြားသွားပြီး “ရှင်တို့ ယေဟောဝါသက်သေတွေလား” ဟု ကျွန်

မတို့နှစ်ယောက်ကိုမေးသည်။ ထို့နောက် သုံးယောက်သားတစ်ယောက်ကိုတစ်ယောက်ဖက်လိုက်ကြသည်။ ကျွန်မတို့ တစ်ယောက်တည်းမဖြစ်ကြတော့ပါ!

ကြည်နူးဖွယ် အချိန်ပြည့်လုပ်ငန်း

ထောင်ကထွက်လာပြီးနောက် အချိန်ပြည့်လုပ်ငန်းကိုဆက်လုပ်ရာ ကျောင်းပြီးခါစသာရှိသေးသော ၁၆ နှစ်အရွယ် မိန်းမငယ်လေးတစ်ယောက် ကျွန်

မနှင့်လာပေါင်းသည်။ ကျွန်

မတို့သည် ယောရှိန်း ဒေးစ်ပြည်နယ်အစွန်အဖျားရှိ သာယာလှပသော အီကာလီမြို့သို့ပြောင်းရွှေ့လာကြသည်။ ခြောက်လလုံးလုံး စည်းဝေးအတွက် သင့်တော်မည့်နေရာတစ်နေရာကို ကြိုးစားရှာကြသည်။ နောက်ဆုံး ကားဂိုဒေါင်တစ်လုံးကိုငှားပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ် အသွင်ပြောင်းလိုက်ကြသည်။ အဖေသည် မီးနှင့် အပူပေးစနစ်တပ်ဆင်ပေးခြင်းဖြင့် လာရောက်ကူညီပေးသည်။ ကျွန်မတို့အတွက် အဆောက်အအုံကိုလည်း မွမ်းမံခြယ်သပေးသေးသည်။ လူထုဟောပြောချက်ပေးရန် အပတ်တိုင်း ညီအစ်ကိုများကိုတာဝန်ပေးခြင်းဖြင့် နှစ်အတန်ကြာသည့်အထိ အနီးရှိအသင်းတော်က ကျွန်

မတို့ကိုအကူအညီပေးခဲ့သည်။ ယေဟောဝါ၏အကူအညီဖြင့် ကျွန်

မတို့သည် တိုးတက်ကြီးပွား၍ နောက်ဆုံးအသင်းတော်တစ်ခုဖြစ်လာသည်။

၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလတွင် အဖေသည် ရုတ်တရက်မမာမကျန်း ဖြစ်လာသည်။ ကျွန်

မကို အိမ်သို့ ပြန်ခေါ်ခဲ့ပြီး ဧပြီလတွင် သူဆုံးသွားသည်။ ထိုနောက်ပိုင်းနှစ်များသည် ခက်ခဲသောနှစ်များဖြစ်သည်။ အမေ့ကျန်းမာရေးနှင့်အတူ သူမ၏မှတ်ဉာဏ်လည်း ချို့ယွင်းလာရာ ကျွန်

မအတွက်အခက်အခဲဖြစ်လာစေသည်။ သို့ရာတွင် သူမသေဆုံးသည့် ၁၉၆၃ ခုနှစ်အထိ သူမကိုပြုစုနိုင်ရန် ယေဟောဝါ၏ဝိညာဉ်တော်က ကျွန်

မအားခွန်အားပေးခဲ့သည်။

နှစ်များတစ်လျှောက် ယေဟောဝါထံမှကောင်းချီးများစွာကို ကျွန်

မခံစားခဲ့ရသည်။ ပြန်ပြောပြစရာ များစွာကျန်ပါသေးသည်။ ကျွန်

မ၏ဌာနေအသင်းတော် ကြီးပွားတိုးတက်လာပြီး လေးကြိမ်တိုင်ခွဲလိုက်ရသည်ကို တွေ့မြင်ရသည်။ ကြေညာသူနှင့် ရှေ့ဆောင်များအား အချို့ဆိုလျှင်သာသနာပြုများအဖြစ် ဘိုလီဗီးယား၊ လာအို၊ ယူဂန်ဒါနိုင်ငံများအထိ စေလွှတ်ခဲ့သည်။ အိမ်ထောင်ပြုပြီးအခြေတကျနေရန်အလားအလာသည် ကျွန်မအတွက်ဖြစ်မလာပါ။ ယင်းက ကျွန်မအားဝမ်းမနည်းစေပါ; ကျွန်မအလွန်အလုပ်များနေခဲ့သည်။ ကျွန်

မတွင် သွေးရင်းသားရင်းအမျိုးမရှိသော်လည်း သခင့်ဆီ၌ ကျွန်

မ၏ကလေးနှင့် မြေးများ များစွာ၊ အဆတစ်ရာပင်ရှိပါသည်။—မာကု ၁၀:၂၉၊ ၃၀။

ငယ်ရွယ်သောရှေ့ဆောင်များနှင့် လူငယ်လေးများကို ခရစ်ယာန်ပေါင်းသင်းမှု၌ပျော်မွေ့ရန် ကျွန်

မအိမ်သို့ အမြဲခေါ်ဖိတ်သည်။ ကင်းမျှော်စင် သင်တန်းအတွက် ကြိုတင်ပြင်ဆင်ကြသည်။ ကျွန်

မ၏မိဘများလုပ်လေ့ရှိသည့်အတိုင်းပင် ဘုရားသခင့်နိုင်ငံတော်သီချင်းဆိုကြကာ တွေ့ကြုံမှုများလည်းဖလှယ်ကြသည်။ ရွှင်မြူးသောလူငယ်များဖြင့် ဝိုင်းရံခံရသောကြောင့် ကျွန်

မလည်း စိတ်ပျိုကိုယ်နုနေပါတော့သည်။ ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ခြင်းထက် သာ၍ကောင်းသောအသက်တာမျိုး ကျွန်

မတွင်မရှိပါ။ မိဘခြေရာအတိုင်း လိုက်လျှောက်ခွင့်ရသောကြောင့် ယေဟောဝါကိုကျေးဇူးတင်မိသည်။ ကျွန်

မ၏ဆုတောင်းချက်မှာ အနန္တကာလတိုင်အောင် ယေဟောဝါ၏အမှုတော်ကို ဆက်လက်ထမ်းဆောင်နိုင်ရန်ပင်ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၁၈ ခုနှစ်နှင့် နောက်ပိုင်း ၁၉၄၅ ခုနှစ်တွင် စစ်မှုပြီးဆုံးသွားခြင်းကို အောက်မေ့ဖွယ်အထိမ်းအမှတ်ကျင်းပခြင်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဟီလ်တာ ပက်ဂျက်၊ မိဘများဖြစ်သော အဲကဲဆင်၊ ပက်တီတို့နှင့်အတူ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သမ္မာတရားတွင် အဖေ့စိတ်ဝင်စားမှုကိုအစပျိုးပေးလိုက်သော ဝေစာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ