ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၉/၁ စာ. ၃
  • ဖျားနာမှု၏လျှို့ဝှက်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖျားနာမှု၏လျှို့ဝှက်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လျှို့ဝှက်ချက်ကိုဖန်တီးခြင်း
  • ကျွန်ုပ်တို့ကို စာတန်ဖျားနာစေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • နတ်ဆိုးများ၏ ရန်မှ သင့်ကိုယ်သင် ကာကွယ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယုံကြည်မှုကုထုံးကိုဘုရားသခင်နှစ်သက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယုံကြည်ခြင်းသည် ဖျားနာသူအားမည်သို့ကူညီနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၉/၁ စာ. ၃

ဖျားနာမှု၏လျှို့ဝှက်ချက်

အိုမားဂျီလေးသည် ဝမ်းလျှောနေသည်။ သူ့မိခင်ဟာဝါးသည်ရေဓာတ်ကုန်ခန်းမည်ကိုစိုးရိမ်နေသည်; ရွာသို့ပြန်ရောက်လာသော ဝမ်းကွဲတစ်ဦး၏ကလေး မကြာသေးမီက ထိုသို့သေဆုံးသွားကြောင်း သူကြားထားသည်။ အိုမားဂျီ၏အဘွား၊ ဟာဝါး၏ယောက္ခမဖြစ်သူက အိုမားဂျီကို ပယောဂကုဆရာထံ ခေါ်သွားလိုသည်။ အဘွားဖြစ်သူက “နတ်ဆိုးက ကလေးဖျားအောင်လုပ်နေတယ်။ အကာအကွယ်အတွက် ကလေးကိုအဆောင်ဝတ်ပေးထားပါလို့ပြောတာ နင်နားမထောင်လို့ ခုလိုဖြစ်ရတာ!” ဟုပြောသည်။

ကမ္ဘာ့ဒေသအများတွင် ဤအခြေအနေမျိုးဖြစ်လေ့ရှိသည်။ သန်းပေါင်းများစွာသောသူတို့က ဖျားနာမှု၏လျှို့ဝှက်အကြောင်းရင်းမှာ နတ်ဆိုးများကြောင့်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယင်းသည်အမှန်လော။

လျှို့ဝှက်ချက်ကိုဖန်တီးခြင်း

မျက်မြင်မရနာမ်ဝိညာဉ်များက ရောဂါဖြစ်စေကြောင်း သင့်အနေနှင့် ယုံမည်မဟုတ်ပေ။ အမှန်ဆိုလျှင် ရောဂါအများစုမှာ ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားတို့ကြောင့်ဖြစ်ကြောင်း သိပ္ပံပညာကဖော်ပြထားရာ ထိုသို့အဘယ်ကြောင့်ယူဆကြသည်ကို သင်သိလိုပေမည်။ သို့သော် လူသားတို့သည် ရောဂါဖြစ်စေသည့် ဤပိုးငယ်များအကြောင်းကို အစဉ်သိခဲ့ကြခြင်းမဟုတ်ကြောင်းသတိရပါ။ ၁၇ ရာစုတွင် အန်ထော်နီ ဗန် လျူဝင်ဟော့ခ်က အဏုကြည့်မှန်ဘီလူးကို တီထွင်ပြီးနောက်မှသာ အလွန်သေးငယ်သောအရာများကို လူ့မျက်စိဖြင့်မြင်လာနိုင်ခဲ့သည်။ သို့ဖြစ်လျက်ပင် ၁၉ ရာစုတွင် လူဝီပါစတာ၏ ရှာဖွေတွေ့ရှိချက်များကြောင့်သာ သိပ္ပံပညာသည် ရောဂါဖြစ်စေသောပိုးမွှားများနှင့် အနာရောဂါတို့အကြားရှိဆက်နွှယ်မှုကို စတင်နားလည်ခဲ့သည်။

လူ့သမိုင်းအများစုအတွင်း ဖျားနာမှု၏အကြောင်းရင်းများကို မသိခဲ့ကြရသောကြောင့် ဖျားနာမှုမှန်သမျှသည် နတ်ဆိုးတို့ကြောင့်ဖြစ်၏ဟူသော ယူဆချက်အပါအဝင် အယူသီးသည့်အယူအဆများစွာ ပေါ်ပေါက်လာခဲ့သည်။ ဖြစ်လာနိုင်ခဲ့သည့်နည်းတစ်နည်းကို ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်ကဖော်ပြသည်။ အစောပိုင်းကုသပေးသူများသည် အမြစ်၊ အရွက်နှင့် သူတို့၌ရှိထားရာတစ်ခုခုဖြင့် ဖျားနာသူများကို ကြိုးစားကုသပေးခဲ့ကြသည်ဟု ၎င်းကဆိုသည်။ တစ်ခါတစ်ရံ အလုပ်ဖြစ်ခဲ့ကြသည်။ ထိုအခါ ကုသပေးသူက ဆေးနည်းအမှန်ကိုမသိစေရန် သူ၏ကုထုံးတွင် အယူသီးသည့်ထုံးတမ်းဓလေ့နှင့် ကုသချက်များစွာထည့်သွင်းပေမည်။ ထိုနည်းဖြင့် ကုသပေးသူသည် မိမိနှင့်လူတို့ဆက်ကုသခံကြရန် ရှာကြံပြုလုပ်ခဲ့သည်။ သို့ဖြင့် ဆေးဝါးသည် လျှို့ဝှက်နက်နဲမှုဖြင့်လွှမ်းခြုံလာကာ ဝိညာဉ်လောကမှအကူအညီရယူရန် လူတို့အားပေးခံခဲ့ကြရသည်။

နိုင်ငံအတော်များများတွင် ဤထုံးတမ်းစဉ်လာကုသနည်းများကို အသုံးပြုကြဆဲဖြစ်သည်။ လူအများက သေလွန်သူဘိုးဘေးများ၏ဝိညာဉ်များသည် ဖျားနာစေသည်ဟုဆိုကြသည်။ အခြားသူတို့ကမူ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖျားနာစေ၍ ယင်းသည် ကျွန်ုပ်တို့၏အပြစ်အတွက် ဒဏ်စီရင်ချက်ဖြစ်သည်ဟုဆို၏။ ပညာတတ်များသည် ဖျားနာမှု၏ဇီဝသဘောတရားကို နားလည်ထားလျက်ပင် ဝိညာဉ်လောက၏သြဇာများကို သူတို့ကြောက်ရွံ့ဆဲရှိမည်။

အောက်လမ်းဆရာများနှင့် ထုံးတမ်းစဉ်လာအတိုင်း ကုသပေးသူများသည် လူတို့ကိုအမြတ်ထုတ်ရန် ဤကြောက်ရွံ့မှုကိုအသုံးပြုကြသည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့အဘယ်အရာကိုယုံကြည်သင့်သနည်း။ ကျန်းမာရေးအတွက် နာမ်ဝိညာဉ်များထံမှ အကူအညီရဖို့မျှော်လင့်ခြင်းသည် အကျိုးရှိသလော။ ကျမ်းစာကအဘယ်သို့ဆိုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ