ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၀/၁ စာ. ၃
  • လူတွေ ဘာကြောင့် ဆုတောင်းကြတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတွေ ဘာကြောင့် ဆုတောင်းကြတာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အဖြေရဖို့ ဘယ်လို ဆုတောင်းနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၀/၁ စာ. ၃

မျက်နှာဖုံးဆောင်းပါး | ဆုတောင်းတာ အကျိုးရှိသလား

လူတွေ ဘာကြောင့် ဆုတောင်းကြတာလဲ

“ကျွန်တော်က လောင်းကစားဆို အရူးအမူးပဲ၊ ဒီတော့ နိုင်ဖို့ ဆုတောင်းတာပေါ့။ ဒါပေမဲ့ တစ်ခါမှ ဆုတောင်းမပြည့်ပါဘူးဗျာ။”—ကင်ညာနိုင်ငံက ဆမ်မြူရယ်လ်။a

“ကျောင်းမှာဆို ကျွန်မတို့အားလုံးက အလွတ်ကျက်ထားတဲ့ ဆုတောင်းနည်းကိုပဲ အထပ်ထပ်ရွတ်ဆိုကြတာ။”—ဖိလစ်ပိုင်နိုင်ငံက ထရေဆာ။

“ပြဿနာကြုံတိုင်း ကျွန်မဆုတောင်းတယ်။ လုပ်မိတဲ့အပြစ်တွေ ခွင့်လွှတ်ခံရဖို့၊ ခရစ်ယာန်ကောင်းတစ်ဦးဖြစ်ဖို့ ဆုတောင်းတယ်။” —ဂါနာနိုင်ငံက မက်ဒဲလင်။

၁။ လောင်းကစားဝိုင်းမှာ ဆုတောင်းနေသူ; ၂။ ကျောင်းမှာ ဆုတောင်းနေတဲ့ မိန်းကလေး; ၃။ ဆုတောင်းနေတဲ့ အမျိုးသမီး

လူတွေဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဆုတောင်းကြတယ်ဆိုတာ ဆမ်မြူရယ်လ်၊ ထရေဆာ၊ မက်ဒဲလင်တို့ ပြောတဲ့စကားတွေက ဖော်ပြနေပါတယ်။ တချို့ဆုတောင်းချက်တွေဟာ တောင်းသင့်တောင်းအပ်ရာဖြစ်တယ်။ တချို့က စိတ်နှလုံးပါပါ လှိုက်လှိုက်လှဲလှဲဆုတောင်းကြတယ်။ တချို့ကျတော့ စိတ်မပါ့တပါ ခံစားချက်မဲ့ ဆုတောင်းကြတယ်။ စားမေးပွဲအောင်ဖို့၊ ကိုယ်ကြိုက်တဲ့ အားကစားအသင်းနိုင်ဖို့၊ မိသားစုအတွက် ဘုရားလမ်းညွှန်ပေးဖို့ပဲတောင်းတောင်း၊ ဘယ်လိုအကြောင်းရင်းနဲ့ပဲတောင်းတောင်း လူသန်းပေါင်းများစွာဟာ ဆုတောင်းဖို့လိုမှန်း အသိအမှတ်ပြုကြတယ်။ ဘာသာတရားမရှိသူတွေတောင် မှန်မှန်ဆုတောင်းကြတယ်ဆိုပြီး လေ့လာမှုတွေမှာ ဖော်ပြထားတယ်။

သင်ကော ဆုတောင်းသလား။ ဆုတောင်းတယ်ဆိုရင် ဘာအတွက် တောင်းတာလဲ။ သင့်မှာ ဆုတောင်းတဲ့အကျင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီလိုစဉ်းစားမိနိုင်ပါတယ်– “ဆုတောင်းတာ အကျိုးရှိရဲ့လား။ နားထောင်ပေးမယ့်သူကော ရှိသလား။” ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး စာရေးဆရာတစ်ဦး အခုလိုပြောတယ်– ‘ဆုတောင်းတယ်ဆိုတာ ကိုယ့်အချစ်တော်အိမ်မွေးငါးကလေးကို အပျင်းပြေစကားပြောသလိုမျိုး ကုထုံးတစ်မျိုးလောက်သာ ဖြစ်တယ်။’ ဆေးဘက်ဆိုင်ရာပညာရှင်တချို့ကလည်း အဲဒီလိုရှုမြင်ကြပြီး ဆုတောင်းခြင်းကို “သဘာဝကုထုံးတစ်မျိုး” လို့ နာမည်တပ်ကြတယ်။ ဒါဆို လူတွေက ဝတ်ကျေတန်းကျေလုပ်ရိုးလုပ်စဉ် ဆုတောင်းနေကြတာလား၊ အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရလို့ ဆုတောင်းနေကြတာလား။

ဒါပေမဲ့ ကျမ်းစာမှာတော့ ဆုတောင်းတာကို ကုထုံးတစ်ခုလောက်သာ မဟုတ်ဘူးလို့ ဖော်ပြထားတယ်။ တောင်းသင့်တောင်းအပ်ရာကို နည်းမှန်လမ်းကျဆုတောင်းမယ်ဆိုရင် တကယ်နားထောင်ပေးမယ့်သူရှိတယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။ အဲဒါ တကယ်ပဲမှန်လား။ အထောက်အထားတွေကို သုံးသပ်ကြည့်ကြစို့။

a နာမည်တချို့ ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ