မေးခွန်းသေတ္တာ
• ကြေညာသူတစ်ဦးသည် အခြားနေရာဒေသသို့ ပြောင်းရွှေ့နေထိုင်သည့်အခါ အသင်းတော်အသစ်သို့ ပြောင်းရွှေ့ခြင်းကို အထောက်အကူဖြစ်စေရန် အဘယ်အမှုများပြုလုပ်သင့်သနည်း။
အခြားအသင်းတော်မှ ကြေညာသူတစ်ဦးရောက်လာသည်နှင့် အတွင်းရေးမှူးသည် ထိုကြေညာသူ၏ ယခင်အသင်းတော်အမည်နှင့် ၄င်းအသင်းတော်ရှိ အတွင်းရေးမှူးအမည်နှင့်လိပ်စာကိုယူရမည်။ ထိုနောက် ယခင်အသင်းတော်၏အတွင်းရေးမှူးထံ သူစာရေး၍ အသင်းတော်ကြေညာသူကပ်ပြားနှင့်မိတ်ဆက်စာတစ်ခုကို တောင်းဆိုသင့်သည်။ ဤတောင်းခံချက်ကိုရရှိသော အတွင်းရေးမှူးကလည်း မဆိုင်းမတွဘဲ ချက်ချင်းစာပြန်သင့်သည်။—မိမိတို့ဓမ္မအမှုကို ကျေပွန်ရန် အဖွဲ့အစည်း စာအုပ် စာမျက်နှာ ၁၃၁-၁၃၂ ကိုကြည့်ပါ။
ပြောင်းရွှေ့ရန်ကြံရွယ်သောကြေညာသူကလည်း မိမိထွက်ခွာမည့်အသင်းတော်အမည်နှင့် အတွင်းရေးမှူး၏အမည်နှင့်လိပ်စာမှန်ကို သိထားမည်ဆိုလျှင် အထောက်အကူဖြစ်ပါလိမ့်မည်။ ထိုနောက် အသင်းတော်အသစ်သို့ရောက်ရှိလာသည့်အခါ ဤအကြောင်းအရာတို့ကို ထိုတွင်ရှိ အတွင်းရေးမှူးအားပြောပြမည်ဆိုလျှင် ချက်ချင်းပင် ပြုလုပ်စရာများကို ပြုလုပ်ပေးနိုင်မည်။ အသင်းတော်အသစ်၌သွင်းသောမှတ်တမ်းများကို ကြေညာသူကပ်ပြားရောက်ရှိသည်အထိ ဆိုင်းလင့်ထားမည်။ ထိုနောက် ကြေညာသူ၏လုပ်ငန်းကို ကပ်ပြားပေါ်ရေးသွင်း၍ အသင်းတော်၏နောက်လမှတ်တမ်းတွင် ထည့်ပေါင်းနိုင်ပါလိမ့်မည်။
အချို့သူတို့ကား မိမိပြောင်းရွှေ့မည့်အသင်းတော်ရှိ အတွင်းရေးမှူးအမည်နှင့်လိပ်စာကိုသိထားနှင့်မည်။ ထိုသို့ဖြစ်လျှင် အသင်းတော်ဟောင်းမှအကြီးအကဲများထံ စာရေးတောင်းဆိုချက်ပြုနေစရာလိုမည်မဟုတ်ပါ။ ကြေညာသူကပ်ပြားနှင့်မိတ်ဆက်စာကို ကြေညာသူယခုပေါင်းသင်းမည့်အသင်းတော်၏ အတွင်းရေးမှူးထံ ချက်ချင်းပို့ပေးလိုက်နိုင်ပါသည်။