ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၉ စာ. ၇
  • သင်ပြောင်းရွှေ့မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ပြောင်းရွှေ့မည်လော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော် ပြောင်းတဲ့အခါ နေသားကျဖို့ ဘာက ကူညီပေးမလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အသင်းတော်သည် ယေဟောဝါကို ချီးမွမ်းစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၁၀/၉၉ စာ. ၇

သင်ပြောင်းရွှေ့မည်လော

ထိုမေးခွန်းအတွက်အဖြေသည် ပြောင်းမည်ဟူ၍ဖြစ်သောအခါ သင်နှင့်အခြားသူများ အစပြုလုပ်ဆောင်ရန်လိုအပ်သည့်အရာများစွာရှိ၏။ သင်သည် အောက်တွင်ဖော်ပြထားသည့် အခြေခံခြေလှမ်းများကို လိုက်လျှောက်ခြင်းဖြင့် သင့်အသင်းတော်အသစ်တွင် မြန်မြန်အခြေကျပါလိမ့်မည်။

(၁) သင်ပြောင်းရွှေ့မည့်နေရာကိုသိသည်နှင့် သင့်လက်ရှိအသင်းတော်အတွင်းရေးမှူးသည် သင့်အသင်းတော်သစ်၏နိုင်ငံတော်ခန်းမလိပ်စာကို ရယူနိုင်ပေမည်။ ထိုဒေသသို့ရောက်လျှင် ခန်းမရှိသောနေရာကို ချက်ချင်းရှာပြီး အသင်းတော်အစည်းအဝေးအချိန်များကို အသေအချာရယူပါ။ နိုင်ငံတော်ခန်းမကို အသင်းတော်တစ်ခုထက်မကသုံးလျှင် သင်သည် မည်သည့်အသင်းတော်ရပ်ကွက်တွင် နေထိုင်နေကြောင်း သင့်ကိုပြောပြစေရန် အသင်းတော်အကြီးအကဲများအား မေးပါ။ အစည်းအဝေးများတက်ရောက်ရာတွင်နှင့် ဒေသခံအကြီးအကဲများနှင့် ရင်းနှီးကျွမ်းဝင်ရာတွင် မနှောင့်နှေးပါနှင့်။

(၂) သင့်လက်ရှိအသင်းတော်နှင့် အသင်းတော်သစ်နှစ်ခုစလုံး၏ အတွင်းရေးမှူးများသည် သင်နှင့်သင့်မိသားစုအတွက် အသင်းတော်ကြေညာသူကတ်များကိုလွှဲပြောင်းပေးရာတွင် ပူးပေါင်းလုပ်ဆောင်ပါမည်။ သင့်အသင်းတော်သစ်၏အကြီးအကဲများထံ မိတ်ဆက်စာတစ်စောင်ကိုလည်းပို့ပါမည်။ (ဖေဖော်ဝါရီ ၁၉၉၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမေးခွန်းသေတ္တာကိုရှု။) ထိုတွင်ရှိသည့်အသင်းတော်လုပ်ငန်းတော်ကော်မတီသည် သင်ရောက်ရှိကြောင်းကို သင့်လျော်သည့်စာအုပ်ကြီးသင်တန်းမှူးကိုအကြောင်းကြားသင့်သည်၊ အကြောင်းမှာ သူသည် သင့်ကိုဆက်သွယ်ကာ သင့်အသင်းတော် စာအုပ်ကြီးသင်တန်းအုပ်စုအသစ်ရှိသည့် နေရာကိုရှာရာတွင် သင့်အားကူညီပေးနိုင်ရန်ဖြစ်သည်။—ရော. ၁၅:၇။

(၃) သင့်အသင်းတော်သစ်ရှိကြေညာသူများအားလုံးတွင် ရွှင်လန်းစွာပါဝင်လုပ်ဆောင်ရမည့်အပိုင်းရှိသည်—သင်နှင့်ရင်းနှီးကျွမ်းဝင်ခြင်းနှင့် သင့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခြင်းဖြစ်သည်။ (၃ ယောဟန် ၈ နှိုင်းယှဉ်။) မှန်ပါသည်၊ ယင်းက ညီအစ်ကိုညီအစ်မများနှင့် အပြန်အလှန်အားပေးတည်ဆောက်ရာတွင် ပျော်မွေ့နိုင်ဖို့ အစည်းအဝေးများတွင် သင်ရှိနေရမည်ဟုဆိုလိုပါသည်။

(၄) သင်သည် သင့်အသင်းတော်သစ်နှင့်အတူ လယ်ကွင်းဓမ္မအမှုတွင်မပါဝင်မီ ပြောင်းရွှေ့ခြင်းနှင့်ဆိုင်သည့် လုပ်ငန်းဆောင်တာအားလုံးပြီးသည်အထိ စောင့်ဆိုင်းမနေသင့်ပါ။ သင်သည် နိုင်ငံတော်ရေးရာများကိုရှေးဦးထားသည်နှင့်အမျှ အခြားကိစ္စရပ်များသည် ဖြည့်ဆည်းပေးခြင်းခံရမည်ဖြစ်ပြီး သင်သည် သင့်ဝန်းကျင်အသစ်တွင် အလွန်သက်သောင့်သက်သာရှိပါမည်။ (မ. ၆:၃၃) သင်သည် သင့်နေအိမ်အသစ်တွင်အခြေကျသောအခါ အသင်းတော်မှအချို့ကို အလည်ဖိတ်ခေါ်လိုမည်ဖြစ်ပြီး သာ၍ရင်းနှီးကျွမ်းဝင်မှုရလိုပေမည်။—ရော. ၁၂:၁၃ခ။

ပြောင်းရွှေ့ခြင်းသည် ကြီးမားသောစီမံကိန်းတစ်ခုဖြစ်၏။ သို့သော် အကြံပြုထားသည့်အရာများကို သက်ဆိုင်သူယောက်တိုင်း လုပ်ဆောင်သောအခါ မည်သည့်ဝိညာဉ်ရေးအဟန့်အတားမှ ရှိမည်မဟုတ်ပါ။ အားလုံးသည် ကျွန်ုပ်တို့၏ မေတ္တာရှိသောခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကြောင့် အလွန်စိတ်စွဲမှတ်ကြပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ