စိတ်ဝင်စားသူထံ ပိုင်းခြားသိမြင်ခြင်းအသုံးပြု၍ ပြန်လည်ပတ်
၁ သတင်းတရားကိုစိတ်ဝင်စားကြောင်း တင်ပြခဲ့သူများစွာတို့သည် ဒီဇင်ဘာလအတွင်း ပွဲသဘင်ဆိုင်ရာတို့နှင့် အလုပ်များနေမည်။ ထိုကြောင့် ပြန်လည်ပတ်သွားသည့်အခါ ပိုင်းခြားသိမြင်ဉာဏ်အသုံးပြုကာ အိမ်ရှင်သည် ရှည်ရှည်ဝေးဝေးမပြောဆိုစေလိုလျှင် လိုရင်းချက်ကို တင်ပြပြောဆိုရန် အသင့်ရှိပါ။
၂ ကျွန်ုပ်တို့ပြောမည့်အကြောင်းကို ကြိုတင်တွေးတောထားပါ။ ကျွန်ုပ်တို့ပြောဆိုလိုသည့်အကြောင်းကို ကောင်းစွာသိထားသင့်သည်။ ယင်းသို့ပြုရန် ယခင်အချိန်နှင့်ပတ်သက်သည့်မှတ်ချက်များကို ပြန်ကြည့်ရန်၊ ဆွေးနွေးခဲ့သည့်အချက်များကို ပြန်စဉ်းစားရန်၊ အဖြေမပေးခဲ့သည့် မေးခွန်းတစ်ခုခုရှိက ပြန်သတိရရန် လိုပါသည်။
၃ အထက်ပါဆောင်းပါး၏ အပိုဒ် ၅ ပါအကြံပြုချက်ကို အသုံးပြုခဲ့မည်ဆိုလျှင် ပြန်လည်ပတ်သွားသည့်အခါ ဤသို့ပြောနိုင်ပါသည်။
▪ “ဒီအချိန်မှာ ခရစ်တော်မွေးဖွားခြင်းအကြောင်း အများသတိရကြပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့ချိန်က ယေရှုမွေးဖွားခဲ့တဲ့မြို့နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအကြောင်းတစ်ခုကို ပြောပြမယ်လို့ ကတိပေးခဲ့ပါတယ်။ ယေရှုဟာ ဗက်လင်မြို့မှာ မွေးဖွားလိမ့်မယ်လို့ ကျမ်းစာမှာ နှစ်ပေါင်း ၇၀၀ ကျော်ကြိုတင်ဟောခဲ့ကြောင်း သိပါသလား။” ဖြေဆိုပါစေ။ ထိုနောက် မိက္ခာ ၅:၂ ကိုဖတ်ပြီး ဤသို့ပြောနိုင်သည်။ “တကယ်အံ့သြစရာကောင်းတဲ့ ပရောဖက်ပြုချက်ဖြစ်တယ်မဟုတ်လား။ ဒီအရာဟာ စိတ်ဝင်စားစရာကျမ်းချက်ဖြစ်တာမှန်ပေမဲ့ ကျွန်တော်တို့ခေတ်မှာလည်း ကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံလာနေတာကို ခင်ဗျားသိပါသလား။” အချိန်ရှိမည်ဆိုလျှင် ဆက်ဆွေးနွေးနိုင်ပါမည်။ သို့မဟုတ် အိမ်ရှင်အလုပ်များနေမည်ဆိုလျှင် နောက်တစ်ကြိမ်ပြန်လာ၍ ယင်းအကြောင်းဆွေးနွေးလိုကြောင်း တင်ပြနိုင်သည်။
၄ “ဤလောက ဆက်လက်တည်ရှိမည်လော” ဝေစာကိုဝေငှထားခဲ့မည်ဆိုလျှင် အောက်ပါအတိုင်း ပြောနိုင်ပါမည်။
▪ “‘နိမိတ်’ ဆိုတဲ့ခေါင်းစဉ်ငယ်အောက်မှာ ဘယ်လိုဆိုထားကြောင်း သတိပြုပါ။ အဲဒါက နောက်ဆုံးကာလဖြစ်ကြောင်း သတ်မှတ်တယ်လို့ယေရှုမိန့်တော်မူခဲ့တဲ့ ပရောဖက်ပြုချက်များနှင့်ပတ်သက်ပါတယ်။ [အိမ်ရှင်နှင့် ပရောဖက်ပြုချက် နှစ်ခုသုံးခုကို ဆွေးနွေးပါ။] ဒီပရောဖက်ပြုချက်များဟာ ကျွန်တော်တို့ခေတ်မှာပြည့်စုံနေတယ်လို့ သက်သေပြနိုင်ပုံရှိပါသလား။” တကယ်စိတ်ဝင်စားမှုတွေ့ရှိ၍ အချိန်ရမည်ဆိုလျှင် အကြီးမြတ်ဆုံးလူသား စာအုပ်ကိုသုံးသပ်ကြည့်ရန် သင်အကြံပြုလိုမည်။ ယေရှုပေးခဲ့သောပုပ္ပနိမိတ်နှင့်စပ်လျဉ်း၍ အခန်း ၁၁၁ ကမည်သို့အသေးစိတ်ဖော်ပြထားကြောင်း ရှင်းပြပါ။ ဝေစာကိုသာထားရစ်ခဲ့မည်ဆိုလျှင် နောက်တစ်ကြိမ်ပြန်လည်ပတ်သွားသည့်အခါ အခြားဝေစာတစ်ခု၊ သို့မဟုတ် ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ သို့မဟုတ် “ ကြည့်ရှုလော့။ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” အစရှိသည့် ဘရိုရှာကိုဆွေးနွေးတင်ပြနိုင်ပါလိမ့်မည်။
၅ အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းခြင်း။ အိမ်ရှင်နှင့် အကြီးမြတ်ဆုံးလူသား စာအုပ်ထားရစ်ခဲ့မည်၊ သို့မဟုတ် သူ့မှာရှိနှင့်မည်ဆိုလျှင် အခန်း ၁၁၁ ကိုအသုံးပြုကာ အိမ်တွင်းကျမ်းစာသင်အံမှုကို သရုပ်ပြလျှင်ကောင်းပေမည်။ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် လေ့လာပုံအတိုင်း ပြုလုပ်နိုင်ပါသည်။ သင်အံမှုကို ဆက်ပြုလုပ်သွားနိုင်ပါက ဘရိုရှာတစ်ခုခု၊ သို့မဟုတ် ထာဝစဉ်အသက်ရှင် စာအုပ်ကိုတိုက်ရိုက် ဆက်လေ့လာသွားနိုင်ပါသည်။
၆ စိတ်ဝင်စားမှုပြသူတိုင်းထံ ပြန်လည်ပတ်သွားရန် အမြဲပြင်ဆင်ကြစို့။ ပိုင်းခြားဉာဏ်အသုံးပြုကာ တွေ့ဆုံစကားပြောခွင့်ရတိုင်း အဆုံးတွင် စိတ်ဝင်စားဖွယ်ရာမေးခွန်းများ မေးမြန်းလိုက်ခြင်းဖြင့် နောင်တစ်ကြိမ်လည်ပတ်နိုင်ရန် လမ်းကြောင်းခင်းကျင်းပေးရန် အမြဲကြိုးစားသင့်သည်။ ယင်းသို့ပြုလုပ်ခြင်းအားဖြင့် “ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်” မှုအပြည့်အစုံရှိသူဖြစ်ရန် အကူအညီရပါလိမ့်မည်။—၂ တိ၊ ၃:၁၇။