အကြီးမြတ်ဆုံးလူသား စာအုပ်ဖြင့် ကျမ်းစာသင်အံမှုများစခြင်း
၁ အိမ်တွင်းကျမ်းစာသင်အံမှုရှိခြင်းသည် သင်နှင့်အိမ်ရှင်အတွက်ပါ ပျော်ရွှင်စရာ၊ အကျိုးဖြစ်ထွန်းစရာ ဖြစ်နိုင်ပါသည်။ သူတစ်ပါးအား ကျမ်းစာပညာပေးခြင်းထက် ပျော်ရွှင်စရာကောင်းသည့်အလုပ် မရှိပါ။—သု၊ ၁၁:၂၅။
၂ နောက်ဆုံးကာလ၏ နိမိတ်။ အထက်ပါဆောင်းပါးရှိ အကြံပြုချက်ကို အသင်အသုံးပြု၍ ဤလောက ဆက်လက်တည်ရှိမည်လော ဝေစာနှင့် ဆွေးနွေးခန်းစခဲ့မည်ဆိုလျှင် အကြီးမြတ်ဆုံးလူသား စာအုပ် အခန်း ၁၁၁ ကိုအသုံးပြုကာ သင်အံမှု မည်သို့စနိုင်မည်နည်း။ အခန်း ၁၁၁ သို့ဖွင့်ပြီး ပထမအပိုဒ်သုံးပိုဒ်ကို ဖတ်ပါ။ ထိုနောက် အခန်း၏အဆုံးတွင်ရှိ ပထမမေးခွန်း၊ “တမန်တော်များမေးခွန်းမေးရန် ဘာကလှုံ့ဆော်သနည်း။ သို့သော် သူတို့စိတ်ထဲတွင် အခြားအဘယ်အရာရှိသေးကြောင်း ထင်ရှားသနည်း” ကိုမေးမြန်းပေမည်။ အဖြေကို အိမ်ရှင်သုံးသပ်ဆင်ခြင်ရန် အကူအညီပေးပြီး ရုပ်ပုံအသုံးပြု၍ သွန်သင်ပေးပါ။ စတုတ္ထမှဆဌမအပိုဒ်အထိ ဖတ်ပြီးသည့်နောက် ဒုတိယမေးခွန်းကိုမေးပါ။ “စီအီး ၇၀ ခုနှစ်တွင် ယေရှု၏ပရောဖက်ပြုချက်မှ မည်သည့်အပိုင်း ပြည့်စုံသနည်း။ သို့သော် အဘယ်အရာမဖြစ်ပျက်သေးသနည်း။” အိမ်ရှင်စိတ်ဝင်စားပုံရှိ၍ အချိန်ရမည်ဆိုလျှင် ဆက်ဆွေးနွေးပါ။
၃ အိမ်ရှင်အတွက် နောင်တစ်ကြိမ်မှဆွေးနွေးလျှင် ပိုအဆင်ပြေပုံရှိပါက သင်မေးမြန်းနိုင်မည်ကား “အစီအစဉ်စနစ်၏အဆုံး ဘယ်တော့ရောက်လာမယ်ဆိုတာ ပိုသိချင်သလား” ဖြစ်သည်။ ထိုအခါ မေးခွန်းကိုဖြေဆိုပေးရန် နေ့ရက်ချိန်းချက်လိုက်နိုင်မည်။
၄ ငြိမ်းချမ်းသောကမ္ဘာ ရှိလာနိုင်မည်လော။ အကြီးမြတ်ဆုံးလူသားစာအုပ်ကိုဆွေးနွေးခြင်းငှာ ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာကို သင်အသုံးပြုခဲ့လျှင် ကျမ်းစာသင်အံမှုစနိုင်ရန် အခန်း ၁၃၃ သည် မည်သို့အကူအညီဖြစ်နိုင်မည်နည်း။
၂ ပေတရု ၃:၁၃ ကိုဖတ်ပြီးနောက် ဝေစာ၏ စာမျက်နှာ ၃ ပါဒုတိယအပိုဒ်ကို ဖတ်ပြခြင်း၊ သို့မဟုတ် အတိုချုပ်ပြောပြပြီး ဤသို့ပြောဆိုနိုင်မည်။
▪ “ဘုရားသခင့်သားတော် ယေရှုခရစ်ဟာ ယေဟောဝါနိုင်ငံတော်ရဲ့ဘုရင် ဖြစ်လိမ့်မယ်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးသောလူသား စာအုပ်က ယေရှုအကြောင်းဘယ်လိုဖော်ပြထားတယ်၊ အနာဂတ်မှာ ကိုယ်တော် ဘာတွေဆောင်ရွက်လိမ့်မယ်ဆိုတာတွေကို ပြောပြထားတာ သတိပြုပါ။” ထိုနောက် တစ်ခန်းလုံးကိုဖတ်ပါ။ အခန်း၏အဆုံးပါ ပထမမေးခွန်းကို အိမ်ရှင်အား မေးမြန်းပါ။ ‘အာမဂေဒုန်ကပ်ကျော်သူများနှင့် သူတို့သားသမီးများ၏ ရွှင်လန်းဖွယ်အခွင့်အရေးကားအဘယ်နည်း။’ [ဖြေပါစေ။ အခြားမေးခွန်းများကိုလည်း ထပ်တူပင် ဆွေးနွေးနိုင်မည်။] ဘုရင်အဖြစ် ယေရှုအုပ်ချုပ်မယ့်ကမ္ဘာသစ်မှာ နေချင်သလား။ ဘယ်လိုနေထိုင်နိုင်မယ်ဆိုတာကို ကျမ်းစာဖော်ပြထားတာ သဘောပေါက်လာအောင် ပတ်စဉ်ကူညီပေးချင်တယ်။”
၅ ဤအကြိမ်တွင် ယေရှုခရစ်အကြောင်း ထပ်ဆင့်ဆွေးနွေးခြင်းကို အချို့သူများလည်း စိတ်ဝင်စားကြပေမည်။
သင်ပြောနိုင်သည်ကား။
▪ “ခရစ်ဝင်ကျမ်းလေးကျမ်းထဲမှာ ယေရှုရဲ့မြေကြီးအသက်တာအကြောင်း တင်ပြထားခဲ့သလို ဒီစာအုပ်ထဲမှာ ကြိုးစားဖော်ပြထားပါတယ်။ ကမ္ဘာပေါ်မှာ ယေရှုဘဝအကြောင်း ပိုသိချင်ပါသလား။” အိမ်ရှင်သဘောတူမည်ဆိုလျှင် အခန်း ၁၅ ပါယေရှု၏ပထမအံ့ဖွယ်ရာအကြောင်းကို သင်ဆွေးနွေးလိုပေမည်။
၆ ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးသူ စိတ်နှလုံးရိုးသားသူ အမြောက်အမြားရှိပါသေးသည်။ ဤသူတို့သည် ရင်ဆိုင်နေကြရသောပြဿနာများအတွက် ဖြေရှင်းနည်းရှာဖွေနေကြ၏။ မှန်ပါသည်။ ကျမ်းစာသင်အံမှုအားဖြင့် ယေရှုခရစ်တော်၏သွန်သင်ချက်များကို တင်ပြပြောဆိုခြင်းသည် အလွန်အကျိုးရှိသောလုပ်ငန်းတစ်ခု ဖြစ်ပါသည်။