အောက်တိုဘာအတွင်း မဂ္ဂဇင်းများကို အာရုံစိုက်လေ
၁ကင်းမျှော်စင် နှင့် နိုးလော့! တွင် အားရနှစ်သိမ့်ဖွယ် ထာဝရသတင်းကောင်းပါရှိသည်။ မဂ္ဂဇင်းကို အာရုံစိုက်ခြင်းဟုဆိုရာတွင် ၎င်းတို့ကို အသေအချာဖတ်ရှုခြင်း၊ ကျွန်ုပ်တို့ရပ်ကွက်ရှိသူများ ဆောင်းပါးများကို မည်သို့နှစ်သက်သဘောကျနိုင်မည်အကြောင်း စဉ်းစားခြင်း ပါဝင်သည်။
၂ ဦးဆုံး၊ မျက်နှာဖုံးတွင် ဖော်ပြထားရာကိုပေါ်လွင်စေသည့် ဆောင်းပါးများကို ကောင်းစွာသိထားပါ။ မျက်နှာဖုံးရုပ်ပုံများကပင် မဂ္ဂဇင်းများကို ယူလိုစိတ်ရှိစေနိုင်သည်။ သင့်ရပ်ကွက်ရှိသူများ နှစ်သက်မည်ဟု အထင်ရှိသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြပါ။ အများအားဖြင့် လူအများတို့သည် ဘာသာတစ်ခုတည်းမှ ဖြစ်ကြသလော။ သူတို့ အဓိကစိုးရိမ်တတ်ကြသည်ကား အဘယ်အရာနည်း။ ဤအချက်များကို သတိပြုပြီး ထိရောက်သော တင်ဆက်ပုံကို ပြင်ဆင်နိုင်သင့်သည်။ အောက်ပါ တင်ဆက်ပုံများကို သတိပြုပါ။
၃ အောက်တိုဘာ ၁ “ကင်းမျှော်စင်” ကို သင်ဝေငှနေမည်ဆိုလျှင် “သမ္မာကျမ်းစာ—ယင်း၏တန်ဖိုးအစစ်အမှန်ကား အဘယ်နည်း” ဆောင်းပါးကို တင်ပြလိုမည်။ သင်ဤသို့ပြောနိုင်မည်–
▪ “ကျွန်တော်တို့ရဲ့ရပ်ကွက်မှာ အိမ်တိုင်းလိုလို ကျမ်းစာရှိတယ်။ အဲ့ဒီထဲမှာ တန်ဖိုးအထူးရှိတဲ့စကားတွေ ပါတယ်လို့လဲ အများက သဘောထားကြတယ်။” ထိုနောက် ဤသို့ တိုက်ရိုက်မေးနိုင်သည်– “သမ္မာကျမ်းစာဟာ တစ်မူထူးခြားတယ်လို့ ဘာကြောင့်ထင်သလဲ။” သို့မဟုတ် “လူအတော်များများ သမ္မာကျမ်းစာကနေ အကျိုးရလာဖို့ ဘာကအကူအညီဖြစ်စေမယ်လို့ထင်သလဲ။” အိမ်ရှင်ဖြေဆိုပုံကို လိုက်လျောပြီး ဤကဲ့သို့သင့်တော်စွာ ဆက်ပြောဆိုနိုင်ပေမည်– “သမ္မာကျမ်းစာဟာ ဘုရားသခင့်မှုတ်သွင်းခြင်းအားဖြင့်ဖြစ်ပြီး ကျွန်တော်တို့အတွက် စိတ်ချရတဲ့ လမ်းပြဖြစ်တယ်ဆိုတာကို ထောက်ခံတဲ့ သက်သေအများကြီးရှိတယ်။ ထာဝရအသက်သို့ပို့ဆောင်မယ့် အသိပညာပါပါတယ်။ [ယော. ၁၇:၃ ဖတ်။] ကျမ်းစာကို လူအများ တန်ဖိုးထားတတ်ကြပေမယ့် အသုံးမပြုတတ်ကြဘူး။ အနာဂတ်နဲ့ပတ်သက်တဲ့ ခင်ဗျားမေးခွန်းတွေရဲ့အဖြေကို ကျမ်းစာထဲမှာ ကိုယ်တိုင် ဘယ်လိုရှာယူနိုင်မယ့်အကြောင်း ဒီကင်းမျှော်စင် မှာပါတဲ့ ဆောင်းပါးက ရှင်းပြလိမ့်မယ်။ ဒီတစ်စောင်ကို ယူဖတ်စေချင်တယ်။ ဖတ်လို့ကောင်းရင် နောက်တစ်ခါပြန်လာတဲ့အခါ ကင်းမျှော်စင် ကို ဘယ်လိုမှန်မှန်ရနိုင်မယ့်အကြောင်း ပြောပြမယ်။”
၄ အောက်တိုဘာ ၁၅ “ကင်းမျှော်စင်” ကိုအသုံးပြုရာတွင် ဤကဲ့သို့ ရိုးရိုးကလေး ပြောဆိုလိုပေမည်–
▪ “လူတိုင်းလိုလို ချစ်မြတ်နိုးရသူတစ်ယောက်ယောက် သေသွားလို့ ပူဆွေးခဲ့ကြဖူးတယ်။ ‘လူသေတွေရဲ့အခြေအနေက ဘယ်လိုလဲ’ ဆိုတဲ့မေးခွန်းကို ဒီဆောင်းပါးမှာ ရှင်းပြတယ်။ လူသေတဲ့အခါ ဘာဖြစ်သွားတယ်လို့ ထင်သလဲ။ [ဖြေဆိုပါစေ။] အဲ့ဒီမေးခွန်းကို ကျမ်းစာက ဘယ်လိုဖြေဆိုထားတယ်ဆိုတာကို သိချင်ရင် ဒီမဂ္ဂဇင်းကို ယူဖတ်စေချင်တယ်။” ထိုထက် လိုရင်းတိုရှင်းကျသောအကြောင်းကို အိမ်ရှင်ရလိုလျှင် ချစ်မြတ်နိုးရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက် ရှိသနည်း ဝေစာကို ပေးကမ်းရန် အသင့်သယ်ဆောင်ထားပါ။
၅ အောက်တိုဘာ ၂၂ နိုးလော့! [လိပ်] က မှောက်မှားသောဘာသာ၏ ပျက်ကွက်မှုအများအနက် တစ်ခုကို ဆွေးနွေးတင်ပြထားသည်။ “ဘာသာတရားသည် စစ်မှုတွင် ဘက်လိုက်ပါဝင်သည့်အခါ” ဆောင်းပါးများကို အသုံးပြုကာ ဤမေးခွန်းကို သင်မေးမြန်းနိုင်သည်–
▪ “ယေရှုသာ ဒီနေ့ ဒီနေရာမှာ ရှိမယ်ဆိုရင် ကျွန်တော်တို့ ပတ်ပတ်လည်မှာရှိတဲ့ အဓမ္မမှုကို သူဘယ်လိုယူမှတ်မယ်ထင်သလဲ။ [ဖြေဆိုပါစေ။] လူတိုင်းကိုချစ်ရမယ်၊ ရန်သူကိုတောင်မှ ချစ်ရမယ်လို့ ယေရှုသွန်သင်ခဲ့တယ်။ ဒါပေမဲ့ ခရစ်ယာန်ပါလို့ဆိုတဲ့ ဘာသာအများဟာ နိုင်ငံရေးပဋိပက္ခတွေထဲမှာ ဘက်လိုက်ပါဝင်ကြတယ်။ အဲ့ဒီသဘောက ယေရှုသွန်သင်တဲ့အတိုင်း အသက်ရှင်နေထိုင်ချင်တဲ့သူတွေကို ဘယ်လိုဖြစ်စေမယ် ထင်သလဲ။ [ဖြေဆိုပါစေ။] ဒီနိုးလော့! စာစောင်က အဲ့ဒီစိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းကို ဆွေးနွေးပြီး ဘုရားသခင့်နိုင်ငံတော်က ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာကို ရှင်းပြထားတယ်။”
၆ ဤစာစောင်များကို မြန်မာဘာသာစကားဖြင့် မရရှိသေးလျှင် အဆိုပါတင်ဆက်ပုံကို အင်္ဂလိပ်၊ တရုတ်၊ တယ်မီလ်မဂ္ဂဇင်းများဝေငှရာတွင် အသုံးပြုနိုင်သည်။ သင့်မြန်မာစာစောင်များ ထွက်လာသည့်အခါ ဤအချက်များကို အသုံးပြုနိုင်ပါသည်။