မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် စက်တင်ဘာ ၁
“ကမ္ဘာဦးကျမ်းမှတ်တမ်းမှာပါတဲ့ အာဒံနဲ့ဧ၀ကို စိတ်ကူးယဉ်ပုံပြင်လို့ လူအတော်တော်များ ယူမှတ်ကြတယ်။ တခြားသူတွေကျတော့ အာဒံနဲ့ဧ၀ကို အမှန်တကယ်အသက်ရှင်ခဲ့သူတွေလို့ ယုံကြည်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] သူတို့နဲ့ပတ်သက်ပြီး ယေရှုဘယ်လိုပြောခဲ့တယ်ဆိုတာ သတိပြုကြည့်ပါ။ [မာကု ၁၀:၆-၉ ကိုဖတ်ပါ။] ဒီဆောင်းပါးက အထောက်အထားကို ဆန်းစစ်ပြီး ကျွန်တော်တို့ယုံကြည်ရာဟာ ဘာ့ကြောင့်အရေးကြီးသလဲဆိုတာကို ရှင်းပြပေးပါတယ်။’’ စာမျက်နှာ ၁၂ မှဆောင်းပါးကိုပြပါ။
နိုးလော့! စက်တင်ဘာ
၁ ယောဟန် ၄:၈ ကိုဖတ်ပါ။ ထို့နောက်ဤသို့ပြောပါ– “ဘုရားသခင်က လူဆိုးတွေကို တောက်လောင်နေတဲ့မီးငရဲထဲမှာ ထာ၀စဉ်ညှဉ်းဆဲတယ်လို့ တချို့ကယုံကြည်ကြတယ်။ တခြားသူတွေကျတော့ အဲဒီအယူအဆဟာ အခုဖတ်သွားတဲ့ကျမ်းချက်နဲ့ မကိုက်ညီဘူးလို့ ခံစားတယ်။ မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာဘာသွန်သင်သလဲဆိုတာကို ဒီဆောင်းပါးက တင်ပြထားပါတယ်။’’ စာမျက်နှာ ၁၀ မှဆောင်းပါးကိုပြပါ။
ကင်းမျှော်စင် အောက်တိုဘာ ၁
“ဘ၀ရဲ့အခက်အခဲတွေကို ကျွန်တော်တို့အားလုံး ရင်ဆိုင်ကြုံတွေ့နေကြရတယ်။ [သင့်ရပ်ကွက်တွင် ဖြစ်နေကျအရာအချို့ကို ဖော်ပြပါ။] ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ကို ဘုရားသခင် ကူညီပေးနိုင်မယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းချက်မှာ ဘုရားသခင်ကူညီပေးတဲ့နည်းလမ်းတစ်ခုကို ယေရှုဖော်ပြထားပါတယ်။ [လုကာ ၁၁:၁၃ ကိုဖတ်ပါ။] သန့်ရှင်းသောစွမ်းအားတော်ဟာ ဘာလဲ၊ ကျွန်တော်တို့ကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာကို ဒီမဂ္ဂဇင်းက ရှင်းပြထားပါတယ်။
နိုးလော့! အောက်တိုဘာ
“မိသားစုတိုင်းမှာ ပြဿနာတွေရှိကြတယ်။ ယုံကြည်စိတ်ချရပြီး လက်တွေ့ကျတဲ့အကြံဉာဏ်ကို ဘယ်မှာရနိုင်မယ်လို့ ထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၃၂:၈ ကိုဖတ်ပါ။] ဒီအထူးထုတ် နိုးလော့!ထဲမှာ သတ်သတ်မှတ်မှတ်ကျမ်းစာမူအတော်များများ ဖော်ပြထားပါတယ်၊ လက်တွေ့ကျင့်သုံးမယ်ဆိုရင် မိသားစုကို အထောက်အကူပေးပါလိမ့်မယ်။”