ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၅ စာ. ၁
  • လူတိုင်းအတွက် အထူးနိုင်ငံတော်သတင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတိုင်းအတွက် အထူးနိုင်ငံတော်သတင်း
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သခင်ဘုရား၏လုပ်ငန်းတော်၌ လုပ်ကိုင်စရာများစွာရှိ”
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • “ထောင်စုနှစ်သစ် —သင့်အတွက် မည်သည့်အနာဂတ်အလားအလာရှိသနည်း”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • နိုင်ငံတော်သတင်း နံပါတ် ၃၅ ကိုနှံ့နှံ့စပ်စပ်ဖြန့်ချိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • နိုင်ငံတော်သတင်း၌စိတ်ဝင်စားမှုကို ပျိုးထောင်ပေးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၅/၉၅ စာ. ၁

လူတိုင်းအတွက် အထူးနိုင်ငံတော်သတင်း

၁ ဧပြီ ၂၄ ရက်နေ့မှစတင်၍ နေရာအနှံ့အပြားရှိ လူတိုင်း၏ စိတ်ဝင်စားမှုကို နှိုးဆွပေးသော အထူးနိုင်ငံတော်သတင်း ကို ကျွန်ုပ်တို့ဝေငှခဲ့ကြသည်! ယင်း၏သတင်းတရားသည် အခန့်သင့်ရုံမက အရေးတကြီး လည်းဖြစ်သည်။ အသင်းတော်တိုင်းတွင်ရှိ ကြေညာသူများသည် စိတ်နှလုံးအပြည့်ပါဝင်ဆောင်ရွက်နေကြသည်ဖြစ်၍ ယင်းသတင်းတရားကို ထောင်ပေါင်းများစွာသောသူတို့ထံ ရောက်ရှိစေလိုကြသည်။ သင်သည် ယင်း၌အပြည့်အဝပါဝင်ရန် ကြိုးစားနေပါသလော။

၂ ကြေညာသူတစ်ဦးလျှင် ၅၀ စီနှင့် ရှေ့ဆောင်များအတွက် ၂၅၀ စီဖြင့် နိုင်ငံတော်သတင်း စာစောင်များ အသင်းတော်တိုင်းထံ ပို့ထားပါသည်။ သင်မည်မျှဝေငှနိုင်ခဲ့ပြီနည်း။ သင်မျှော်လင့်ထားသည့်အတိုင်း မဆောင်ရွက်နိုင်သေးလျှင် မေလ ၁၄ ရက်မတိုင်မီ ပိုမိုဝေငှနိုင်သည့်နည်းလမ်းများကို ဆင်ခြင်စဉ်းစားထားပါသလော။ အရန်ရှေ့ဆောင်အဖြစ် နာမည်စာရင်းသွင်းခြင်းကော။ ရက်သတ္တပတ်အတွင်း ညနေပိုင်း သက်သေခံထွက်ခြင်း အစရှိသည့် လုပ်ငန်းတော်အတွက် စည်းဝေးခြင်းမှ အကျိုးရယူနိုင်မည်လော။

၃ အကြီးအကဲများသည် ရပ်ကွက်တွင်နှံ့စပ်ရန် အသေအချာစီစဉ်ပေးပါမည်။ တာဝန်ရထားသော အသင်းတော်အနေဖြင့် အချို့နေရာများတွင် အမှုမဆောင်ရွက်နိုင်လျှင် အနီးအနားရှိအသင်းတော်များထံမှ အကူအညီကို အကြီးအကဲများ တောင်းခံသင့်သည်။ ကျွန်ုပ်တို့စိတ်နှလုံးအပြည့် ကြိုးစားပါဝင်ကာ အသင်းတော်အချင်းချင်း ဝိုင်းဝန်းကူညီပေးခြင်းအားဖြင့် လုပ်ငန်းပြီးစီး နိုင်ပါလိမ့်မည်။

၄ ဤလုပ်ငန်းတွင် ကြေညာသူအသစ်များနှင့် လူငယ်များပါ အပါအဝင် များစွာသောသူတို့ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သောကြောင့် ပျော်ရွှင်မှုပိုရရှိနေပေမည်။ စိတ်ဝင်စားမှု တင်ပြသူများထံ ပြန်လည်ပတ်သွားရန် အားပေးထားသည့်အတွက် ယင်းသို့ ပြုခြင်းအားဖြင့် ဤ ရွှင်လန်းမှုကို ဆက်ရရှိနိုင်မည်ဟု မျှော်လင့်ပါသည်။ စိတ်ဝင်စားသူများ၏ နာမည်လိပ်စာကို တိတိကျကျမှတ်သားထားရန် ကျွန်ုပ်တို့အား တိုက်တွန်းထားပါသည်။ မေလအကုန်ပိုင်းတွင် ကျမ်းစာသင်အံမှုအသစ်များစတင်ရန်ရည်ရွယ်ချက်နှင့် ပြန်လည်ပတ်မှုများပြုလုပ်ရန် အထူးဂရုစိုက်သင့်သည်။

၅ ပြန်သွားသည့်အခါ ဘာပြောဆိုနိုင်သနည်း။ ဤသို့ပြောဆိုခြင်းသည် ထိရောက်ပေမည်– “မကြာခင်က ပေးထားခဲ့တဲ့ စာစောင်ကို မှတ်မိမှာပါ; အဲ့ဒါကိုဖတ်ပြီး စဉ်းစားစရာတွေ ရှိနေမယ်ထင်တယ်။ လူသားအားလုံးရင်ဆိုင်ရတဲ့ အရေးကြီးရာတွေနဲ့ပတ်သက်နေတဲ့အတွက် အဲ့ဒီအကြောင်းဟာ ကျွန်ုပ်တို့ရပ်ကွက်မှာ ဆွေးနွေးစရာအကြောင်း တစ်ခုဖြစ်နေတယ်။” ဒုတိယစာမျက်နှာပါ စဉ်းစားဆင်ခြင်စရာအချက်အချို့ကို ကိုးကားပြီး ဤသို့မေးပါ– “အနာဂတ်အတွက် အသင့်ရှိနေဖို့ ဘာလုပ်ထားရင် ကောင်းမယ်ထင်သလဲ။” ဖြေဆိုပါစေ။ စိတ်ဝင်စားမည်ဆိုလျှင် နိုင်ငံတော်သတင်း စာစောင်၏ စာမျက်နှာ ၂-၄ ပါအခြားအချက်များကို ဆွေးနွေးပြီး ကျမ်းစာသင်အံမှုကမ်းလှမ်းပါ။ သို့မဟုတ် ထိုသို့မပြုနိုင်လျှင် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှပါ။

၆ အခြားအသင်းတော်ရပ်ကွက်တွင် သင်သွားရောက်အမှုဆောင်သည်ဆိုလျှင် သင်တွေ့ရှိခဲ့သော စိတ်ဝင်စားသူများ၏ နာမည်ကို အသေအချာအပ်ထားခဲ့ပါ။ သို့မှသာ ထိုအသင်းတော်မှကြေညာသူများ ပြန်လည်ပတ်မှုများ ပြုလုပ်နိုင်ပေမည်။ ထိုနည်းတူ ပြန်လည်ပတ်သွားရန် နာမည်များပေးထားခံရလျှင် ချက်ချင်းပြန်သွားဖို့ မပျက်ကွက်ပါနှင့်။

၇ ဤနိုင်ငံတော်သတင်း စာစောင်ကို အထူးဝေငှပေးခြင်းက စိတ်တက်ကြွစေခဲ့ပြီဖြစ်၍ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင် တိုး၍ကြိုးစားပါဝင်ရန် တိုက်တွန်းမှုဖြစ်စေခဲ့ပြီ။ ဤလုပ်ငန်းသည် အကြီးအကျယ်အောင်မြင်ပြီး ယေဟောဝါ၏နာမတော်မြတ်နှင့် ရည်ရွယ်ချက်ကို နေရာအနှံ့ရှိလူများစွာ ပိုမို၍သိရှိလာစေမည်ဟု မျှော်လင့်ပါသည်။ (ဟေရှာ. ၁၂:၄၊ ၅) ဤလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်ဆောင်ရွက်နိုင်လေ ကျွန်ုပ်တို့၏ပျော်ရွှင်မှုသည် များပြားလာလေဖြစ်မည်။—ဆာ. ၁၂၆:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ