နိုင်ငံတော်သတင်း၌စိတ်ဝင်စားမှုကို ပျိုးထောင်ပေးပါ
၁ လွန်ခဲ့သည့်သတ္တပတ်အနည်းငယ်အတွင်းတွင် “လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်ကြပါဦးမည်လော” ဟူ၍ခေါင်းစဉ်တပ်ထားသည့် နိုင်ငံတော်သတင်း နံပါတ် ၃၅ ကိုဖြန့်ချိရသည့်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိခဲ့ကြသည်။ နေရာတိုင်း၌ရှိသောကြေညာသူများသည် ဤနိုင်ငံတော်သတင်းဝေစာဖြင့် ထိုက်တန်သူများနိုင်သလောက်များများထံရောက်ရှိရန် ကြိုးစားနေကြသည်။ (မ. ၁၀:၁၁) ကင်ပိန်းကို နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့တွင်ပြီးရန်စီစဉ်ထားသော်လည်း နောက်ထပ်လုပ်စရာရပ်ကွက်ရှိနေသေးပါက အသင်းတော်တွင် ဝေစာများရှိနေသရွေ့ နိုင်ငံတော်သတင်းနံပါတ် ၃၅ ကိုဆက်၍ဖြန့်ချိရန် အကြီးအကဲများက သင့်အားမေတ္တာရပ်ခံပေမည်။
၂ ဤနိုင်ငံတော်သတင်းဝေစာက လူများစွာတို့၏စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။ လူသားအများစုသည် ပင်ကိုအရချစ်ခင်စုံမက်ခြင်းမရှိကြတော့ဘဲ ယင်းကြောင့် အနာဂတ်တွင်ဘာဖြစ်မည်ကို သိလိုကြသည်။ (၂ တိ. ၃:၃) ပေါ်ပေါက်လာသည့်စိတ်ဝင်စားမှုကို ကျွန်ုပ်တို့ပျိုးထောင်ပေးလိုပါသည်။
၃ နိုင်ငံတော်သတင်းက အကျိုးရလဒ်ပေါ်ထွန်းစေ– ၁၉၉၅ နိုင်ငံတော်သတင်းကင်ပိန်းအတွင်းတွင် ဝေစာတစ်စောင်ကိုလက်ခံရရှိခဲ့သောအမျိုးသမီးတစ်ဦးသည် ယေဟောဝါသက်သေများ၏ယုံကြည်ချက်ကိုပို၍သိလိုသောကြောင့် နိုင်ငံတော်ခန်းမတွင်ကျင်းပသည့်စည်းဝေးတစ်ခုကို လာ၍တက်သည်။ ထိုစည်းဝေးတွင် သူမသည် ကျမ်းစာသင်အံမှုကိုလိုလိုလားလားလက်ခံခဲ့ပြီး ယင်းနောက်တွင် စည်းဝေးပျက်သည်မှာရှားပါသည်။ မကြာမီမှာပင် သူမ၏ယခင်ချာ့ချ်ထံစာရေးခဲ့ကာ သူမ၏အသင်းသားအဖြစ်ကို အဆုံးသတ်ခဲ့သည်။
၄ ယခုအချိန်လောက်တွင် ရပ်ကွက်ရှိလူရာပေါင်းများစွာသည် နိုင်ငံတော်သတင်းနံပါတ် ၃၅ ပါသတင်းတရားကို ဖတ်ရပြီးဖြစ်သည်။ သို့သော် ၎င်းအပေါ်သူတို့၏တုံ့ပြန်ပုံကားအဘယ်နည်း။ သူတို့ဖတ်ရသည့်အရာကြောင့် သူတို့အား နှစ်သက်စွဲမှတ်သွားစေသည့်တိုင် အများစုသည် ယေဟောဝါသက်သေတစ်ဦး သူတို့ထံပြန်မလည်ပတ်မချင်း အရေးယူလုပ်ဆောင်ကြမည်မဟုတ်ပါ။ ပြန်သွားရန် သင်စီစဉ်ထားသလော။ လူလူချင်းအတွက် မေတ္တာပါသောအရေးစိုက်မှုက ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်သင့်သည်။ နိုင်ငံတော်သတင်းကိုစိတ်ဝင်စားသူတိုင်းထံ ပြန်သွားသင့်သည်။
၅ ပြန်သွားသည့်အခါ သင်ဘာပြောမည်နည်း– နိုင်ငံတော်သတင်းပါသတင်းတရား၏ အခန့်သင့်မှုအကြောင်းကို အနည်းအကျဉ်းဖော်ပြကာ ယင်းနောက် စဉ်းစားစရာမေးခွန်းတစ်ခုကိုမေးပါ။ သူ့သဘောထားကိုသင်သိရှိနိုင်ရန် အိမ်ရှင်ပြောစဉ် ဂရုတစိုက်နားထောင်ပါ။ ထို့နောက် နိုင်ငံတော်သတင်းတွင်ဖော်ပြထားသည့် တောင်းဆိုဘရိုရှာမှသင့်လျော်သည့်အချက်တစ်ချက်ကို အာရုံစိုက်စေပါ။ သဘောကျနှစ်သက်ပုံရှိလျှင် ချက်ချင်းပင် ကျမ်းစာသင်အံမှုစရန်ကြိုးစားပါ။
၆ နိုင်ငံတော်သတင်းနံပါတ် ၃၅ ကိုစိတ်ဝင်စားသူများထံပြန်သွားသောအခါ သင်စမ်းကြည့်နိုင်သည့်အကြံပေးချက်အချို့ကို ဤတွင်တင်ပြထားသည်–
▪ “မကြာခင်ကပေးထားခဲ့တဲ့ဝေစာကို မှတ်မိမှာပါ။ ဒီသတင်းတရားဟာ ယနေ့လူသားတွေ စိတ်ဝမ်းကွဲပြားနေရတဲ့အရေးကြီးလှတဲ့ကိစ္စရပ်—အခြားသူတွေအပေါ်မေတ္တာတရားခေါင်းပါးခြင်းနဲ့ပတ်သက်နေပါတယ်။” “အိမ်နီးချင်းကိုချစ်သည့်မေတ္တာခေါင်းပါးလာ” ခေါင်းစဉ်အောက် နိုင်ငံတော်သတင်းစာမျက်နှာ ၂ တွင်တင်ပြထားသည့်သာဓကကို အာရုံစိုက်စေပါ။ ထို့နောက် “ဒီလမ်းစဉ်အတိုင်းအသက်ရှင်ဖို့ လူသားတွေအတွက်ဘုရားသခင်ရည်ရွယ်ခဲ့တယ်လို့ မိတ်ဆွေထင်သလား” ဟူ၍မေးပါ။ တုံ့ပြန်မှုကိုစောင့်ပါ။ တောင်းဆိုဘရိုရှာမှ သင်ခန်းစာ ၅ ကိုဖွင့်ပြီး ကျမ်းစာသင်အံမှုစရန်ကြိုးစားပါ။
▪ “စတွေ့တုန်းက ‘လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်ကြပါဦးမည်လော’ ဆိုတဲ့အကြောင်းအရာက အချက်အလက်တချို့ကိုပြောပြခဲ့တယ်။ အဲ့ဒီလိုကမ္ဘာမျိုးဖြစ်နိုင်စရာအကြောင်းရှိတယ်လို့ မိတ်ဆွေထင်သလား။” တုံ့ပြန်မှုကိုစောင့်ပါ။ တောင်းဆိုဘရိုရှာမှ သင်ခန်းစာ ၆ ကိုဖွင့်ပြီး အပိုဒ် ၆ ကိုဖတ်ပြပါ။ ထို့နောက် မိက္ခာ ၄:၃၊ ၄ ပါဘုရားသခင့်ကတိတော်ကိုဖတ်ပြပါ။ အိမ်ရှင်စိတ်ဝင်စားပုံပေါက်ပါက ဘရိုရှာကိုဝေငှပြီး သင်အံမှုကမ်းလှမ်းပါ။
▪ “အရင်တစ်ခါလာတုန်းက ‘လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်မည့်အချိန် ရောက်ပါဦးမည်လော’ လို့ခေါင်းစဉ်တပ်ထားတဲ့အကြောင်းအရာတချို့ကိုပြောခဲ့တယ်။ အဲ့ဒီမှာ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက်ကမ်းလှမ်းချက်တစ်ခု ပါပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့သင်အံမှုအထောက်အကူကိုပြဖို့ မိတ်ဆွေဆီပြန်လာရတာပါ။ [အသိပညာစာအုပ်ကိုပြပါ။] လူအားလုံး တစ်ဦးကိုတစ်ဦးချစ်ခင်ကြမယ့်အချိန်နဲ့ပတ်သက်ပြီး ဒီစာအုပ်က ကောင်းကောင်းရှင်းပြပေးတယ်၊ မိတ်ဆွေစဉ်းစားကောင်းစဉ်းစားမယ့် အခြားမေးခွန်းတွေကိုလည်း ဖြေပေးပါတယ်– ကျွန်ုပ်တို့အဘယ်ကြောင့် အိုရသေရသနည်း၊ ဒုက္ခဆင်းရဲကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း၊ သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း စတဲ့မေးခွန်းတွေပါပဲ။ ထို့နောက် “လေ့လာတဲ့နည်းကို ကျွန်တော်ပြပေးလို့ရမလား” ဟူ၍မေးပါ။ သင့်ကမ်းလှမ်းချက်ကို အိမ်ရှင်ငြင်းဆိုပါက စာအုပ်ကို ကိုယ်ပိုင်ယူထားပြီးဖတ်လိုသလောဟု မေးပါ။ ဖတ်လိုပါက တစ်အုပ်ဝေငှပေးပြီး ၎င်း၏တန်ဖိုး ၄၀ ကျပ်ဖြစ်ကြောင်းရှင်းပြပါ။
၇ နိုင်ငံတော်သတင်းနံပါတ် ၃၅ ကို နှံ့နှံ့စပ်စပ်ဝေငှပြီးလျှင် လ၏ကျန်အချိန်အတွင်း အသိပညာစာအုပ်ကိုဝေငှကြမည်။ ဤစာအုပ်အတွက်အကြံပေးထားသည့်တင်ဆက်မှုနှင့်စပ်လျဉ်းသည့် ရွေးချယ်စရာအကြောင်းကောင်းများကို ၁၉၉၅ ဒီဇင်ဘာ; ၁၉၉၆ မတ်၊ ဇွန်နှင့် နိုဝင်ဘာ; နှင့် ၁၉၉၇ ဇွန်လထုတ်ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နောက်ကျောစာမျက်နှာတွင် တွေ့နိုင်သည်။
၈ ဤနိုင်ငံတော်သတင်းဝေစာကို အထူးဝေငှပေးခြင်းက ဟောပြောခြင်းလုပ်ငန်းတွင် တိုး၍ကြိုးစားပါဝင်ရန် တိုက်တွန်းမှုဖြစ်စေသင့်သည်။ ယေဟောဝါ၏အကူအညီဖြင့် ဤကင်ပိန်းသည် အောင်မြင်မှုရရှိမည်မှာသေချာပြီး လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်ရန်ဟူသည့် ဘုရားသခင့်ရည်ရွယ်ချက်ကို လူတို့သိမြင်ရန်ကူညီပေးနေကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ နိုင်ငံတော်သတင်း၌စိတ်ဝင်စားမှုကို ပျိုးထောင်ပေးစဉ် ကျွန်ုပ်တို့၏ ဝီရိယရှိရှိကြိုးစားအားထုတ်မှုများအပေါ် ယေဟောဝါဆက်၍ ကောင်းချီးပေးပါစေ။