ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၇ စာ. ၁
  • ဥပေက္ခာပြုမှုကို သင်မည်သို့တုံ့ပြန်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥပေက္ခာပြုမှုကို သင်မည်သို့တုံ့ပြန်သနည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်တော်စိတ်မဝင်စားဘူး”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ထိရောက်သောနိဒါန်းများ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အချိန်ပြည့်လုပ်ငန်းတော်တွင် ရွှင်လန်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၁၀/၉၇ စာ. ၁

ဥပေက္ခာပြုမှုကို သင်မည်သို့တုံ့ပြန်သနည်း

၁ ဥပေက္ခာပြုခြင်းဟူသည် ခံစားချက် သို့မဟုတ် စိတ်လှုပ်ရှားမှုကင်းမဲ့ခြင်း၊ စိတ်ဝင်စားမှု သို့မဟုတ် အလေးထားမှုမရှိခြင်းဖြစ်သည်။ ၎င်းသည် ဓမ္မအမှုတွင် ကျွန်ုပ်တို့ရင်ဆိုင်ရသော ပို၍ကြုံရတတ်ပြီး ပို၍ခက်ခဲသည့်သဘောထားများမှ တစ်ခုဖြစ်သည်။ ၎င်းကို သင်မည်သို့တုံ့ ပြန်သနည်း။ ၎င်းက ဓမ္မအမှုတွင် သင့်အားအရှိန်လျော့သွားစေသလော။ နိုင်ငံတော်သတင်းတရား လူတို့ထံရောက်စေရန် ၎င်းကို သင်မည်သို့အောင်မြင်နိုင်သနည်း။

၂ ဦးဆုံး သင့်ရပ်ကွက်ရှိလူတို့ ဥပေက္ခာပြုရသည့်အကြောင်းရင်းကို စိစစ်သုံးသပ်ပါ။ သူတို့၏နိုင်ငံရေးနှင့်ဘာသာရေးခေါင်းဆောင်များကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းကြောင့်လော။ သူတို့ရင်ဆိုင်နေရသည့်ပြဿနာများကို ဖြေရှင်းရန် မည်သည့်နည်းလမ်းမျှမရှိဟူ၍ သူတို့ယူမှတ်ကြသလော။ သာ၍ကောင်းသည့်ကတိတော်များနှင့်စပ်လျဉ်း၍ သူတို့သံသယရှိသလော။ ချက်ချင်းလက်ဆုပ်လက်ကိုင်ပြနိုင်သောအကျိုးများကို မမြင်ရပါက ဝိညာဉ်ရေးရာများအကြောင်းစဉ်းစားရန် သူတို့စိတ်မပါခြင်းလော။

၃ နိုင်ငံတော်မျှော်လင့်ချက်ကိုထင်ရှားပေါ်လွင်စေပါ– နိုင်ငံတော်က မဖြေရှင်းပေးမည့်ပြဿနာဟူ၍မရှိပါ။ ထို့ကြောင့် ဖြစ်နိုင်သည့်အခါ ကျွန်ုပ်တို့သည် ကျမ်းချက်ပြခွင့်မရ သို့မဟုတ် သုံးရန်လက်တွေ့မကျသည့်တိုင် နိုင်ငံတော်ကတိတော်များအကြောင်းပြောကာ အဓိကကျသောကျမ်းစာဖော်ပြချက်များကို ရည်ညွှန်းပြောပြသင့်သည်။ (ဟေဗြဲ ၄:၁၂) သို့ရာတွင် ကျွန်ုပ်တို့သည် ထိုအခြေအနေသို့ရောက်သွားရန် မည်သို့စကားစမြည်ပြောဆိုနိုင်သနည်း။

၄ ကျွန်ုပ်တို့လည်ပတ်ရခြင်း၏ရည်ရွယ်ချက်ကို လူတို့နားလည်ရန်လိုသည်။ ကျွန်ုပ်တို့သည် အိမ်နီးချင်းကိုချစ်ပြီး ရပ်ကွက်အတွက် စိုးရိမ်မကင်းဖြစ်ခြင်းကြောင့် ရောက်ရှိလာသည်ကို သူတို့သဘောပေါက်ဖို့လိုသည်။ “[ရပ်ကွက်ကို ထိခိုက်နေသောပြဿနာတစ်ရပ်] ကိုဖြေရှင်းနည်းဟာ ဘာဖြစ်မယ်လို့ မိတ်ဆွေထင်ပါသလဲ” ကဲ့သို့သောကောင်းစွာကြိုတင်စဉ်းစားထားသည့်မေးခွန်းကို ကျွန်ုပ်တို့မေးနိုင်သည်။ ချဉ်းကပ်နည်းတစ်နည်းသည် ထိရောက်မှုမရှိပါက အခြားနည်းတစ်ခုကိုစမ်းကြည့်ပါ။

၅ နိုင်ငံတော်သတင်းတရားကို စိတ်ဝင်စားမှုမပြသောအိမ်ရှင်များရှိသည့် အလွန်ချမ်းသာကြွယ်ဝသောရပ်ကွက်တစ်ခုတွင် ကြေညာသူများသည် စိတ်ဝင်စားမှုကိုနှိုးဆွပေးမည့်နိဒါန်းတစ်ခုကို သိရှိရန်ကြိုးစားခဲ့ကြသည်။ အသိပညာစာအုပ်ကိုဝေငှသောအခါ မောင်နှံတစ်စုံသည် ဤနိဒါန်းကိုစမ်းသုံးကြည့်သည်– “ယနေ့လောကမှာ အောင်မြင်မှုရရှိဖို့အတွက် ပညာရေးကောင်းဟာ အရေးပါတယ်လို့ မိတ်ဆွေထင်သလား။ ကျယ်ပြန့်တဲ့ပညာရေးမှာ ကျမ်းစာအသိပညာပါမယ်ဆိုတာ မိတ်ဆွေသဘောတူပါသလား။” သူတို့သည် မွန်းလွဲပိုင်းတစ်ခုတွင် စာအုပ်သုံးအုပ်ကိုဝေငှခဲ့ရသည်၊ ယင်းတို့အနက်တစ်အုပ်မှာ အမျိုးသမီးတစ်ဦးအားဝေငှခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် အသိပညာစာအုပ်တစ်အုပ်လုံးကို မိမိဖတ်ပြီးကြောင်းပြောကာ ကျမ်းစာသင်အံမှုကိုသဘောတူခဲ့သည်။

၆ ဥပေက္ခာပြုမှုကိုသင်ကြုံတွေ့ရသောအခါ ခြားနားသည့်ချဉ်းကပ်နည်းများကို စမ်းကြည့်ပါ၊ စဉ်းစားဆင်ခြင်စရာဖြစ်စေသည့်မေးခွန်းများကိုမေးပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်၏အစွမ်းတန်ခိုးကို သုံးပါ။ ဤသို့ဖြင့် သင်သည် အခြားသူများအား မိမိတို့၏အံ့ချီးဖွယ်နိုင်ငံတော်မျှော်လင့်ချက်ကို ယုံကြည်လက်ခံလာရန်ကူညီပေးနိုင်ပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ