ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၇ စာ. ၁
  • “ကျွန်တော်စိတ်မဝင်စားဘူး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်တော်စိတ်မဝင်စားဘူး”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဥပေက္ခာပြုမှုကို သင်မည်သို့တုံ့ပြန်သနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—အလိုက်သင့်ပြောင်းပေးခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • အချိန်ပြည့်လုပ်ငန်းတော်တွင် ရွှင်လန်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သတင်းကောင်းဝေငှခြင်း—ကြိမ်ဖန်များစွာ အမှုဆောင်သည့်ရပ်ကွက်တွင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁/၀၇ စာ. ၁

“ကျွန်တော်စိတ်မဝင်စားဘူး”

၁ ဒေသအချို့တွင် ကျွန်ုပ်တို့၏သတင်းကောင်းကို လူအများစု ထိုသို့တုံ့ပြန်တတ်ကြသည်။ ထိုသို့ကြုံရသည့်အခါ စိတ်ပျက်အားလျော့မသွားရန် အဘယ်အရာက ကူညီပေးမည်နည်း။ သတင်းကောင်းကို လူတို့စိတ်ဝင်စားလာရန် မည်သို့လှုံ့ဆော်နိုင်သနည်း။

၂ ဆက်ပျော်ရွှင်နေပါ– လူတို့အဘယ်ကြောင့်လျစ်လျူရှုကြောင်း အမှတ်ရနေခြင်းက ဆက်ပျော်ရွှင်နေစေရန် ကူညီပေးနိုင်သည်။ ဆင့်ကဲသီအိုရီအကြောင်း သွန်သင်ခံရသူ သို့မဟုတ် ဘုရားမဲ့အသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူတို့သည် ကျမ်းစာ၏တန်ဖိုးကို ထည့်တွက်စဉ်းစားမည်မဟုတ်ပေ။ အချို့က ဘာသာရေးအရေခြုံမှုများကြောင့် အထင်အမြင်လွဲမှားနေခြင်းဖြစ်နိုင်သည်။ အချို့မူ စိတ်ပျက်အားလျော့ပြီး မျှော်လင့်ချက်မဲ့နေသည့်အတွက် ထိုသို့လျစ်လျူရှုခြင်းဖြစ်ပေမည်။ (ဧ. ၂:၁၂) လူအချို့မှာ ဘဝစိုးရိမ်ပူပန်မှုများ ဖိစီးနေသောကြောင့် “သတိမဲ့နေ” ကြခြင်းဖြစ်သည်။—မ. ၂၄:၃၇-၃၉။

၃ ထိုသို့အပျက်သဘောတုံ့ပြန်လင့်ကစား ကျွန်ုပ်တို့၏ကြိုးစားလုပ်ဆောင်မှုများက ယေဟောဝါ၏ဘုန်းတော်ထင်ရှားစေကြောင်း သိရှိရသည့်အတွက် ဓမ္မအမှုတွင် ဆက်ပျော်ရွှင်နိုင်ကြသည်။ (၁ ပေ. ၄:၁၁) ထို့ပြင် သမ္မာတရားကို တန်ဖိုးမထားသူတို့အား ဟောပြောခြင်းကပင် ယုံကြည်ခြင်းခိုင်ခံ့စေသည်။ ထို့ကြောင့် ရပ်ကွက်ရှိလူတို့ကို ယေဟောဝါနည်းတူ ရှုမြင်နိုင်ရန် ကြိုးစားကြပါစို့။ ကိုယ်တော်သည် “ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိ” နိုင်အောင် များပြားသော နိနဝေမြို့သားများကို နှမြောတော်မူသည်။ (ယောန ၄:၁၁) ရပ်ကွက်ရှိလူများသည် သတင်းကောင်းကြားနာရန် အလွန်လိုအပ်နေသည်။ ထို့ကြောင့် ကျွန်ုပ်တို့လက်လျှော့လိုက်မည့်အစား ကျမ်းစာသတင်းတရားကို လူတို့စိတ်ဝင်စားလာရန် လှုံ့ဆော်ပေးနိုင်မည့်နည်းလမ်းများကို ရှာဖွေသင့်သည်။

၄ ဒေသအတွင်း စိုးရိမ်ပူပန်နေသောအရာများကို ဆွေးနွေးပါ– သင့်နိဒါန်းတွင် ဒေသအတွင်း စိုးရိမ်ပူပန်နေသောအရာတစ်ခုကိုဖော်ပြပြီး အိမ်ရှင်၏သဘောထားကို မေးမြန်းနိုင်သည်။ အိမ်ရှင်၏အဖြေကို နားထောင်ပြီးနောက် ယင်းနှင့်သက်ဆိုင်သော နှစ်သိမ့်မှုဖြစ်စေသည့်ကျမ်းချက်ကိုဖွင့်ပြပါ။ ဒေသအတွင်း အဖြစ်ဆိုးတစ်ခု ဖြစ်ပျက်ပြီးနောက် သက်သေခံညီအစ်ကိုတစ်ဦးသည် ယင်းကြောင့် စိတ်မကောင်းဖြစ်ရကြောင်း အိမ်ရှင်များကို ပြောခဲ့သည်။ “ဒီလိုစိတ်ဝင်စားမှုပြတဲ့အတွက် အိမ်ရှင်တွေက စကားစမြည် စပြောလာတော့တယ်။ အဲဒီနေ့မှာ လူအများကြီးကို ကောင်းကောင်းသက်သေခံနိုင်ခဲ့တယ်” ဟုထိုညီအစ်ကိုပြောခဲ့သည်။

၅ လူသားတို့ရင်ဆိုင်နေရသော ပြဿနာခပ်သိမ်းကို ဘုရားသခင့်နိုင်ငံတော်ကသာ ဖြေရှင်းပေးပါလိမ့်မည်။ အိမ်ရှင် အစိုးရိမ်ဆုံးပြဿနာကို ပိုင်းခြားသိမြင်နိုင်ရန် ကြိုးစားပါ။ သို့ဆိုလျှင် ကျမ်းစာပါ မျှော်လင့်ခြင်းသတင်းတရားကို ရှင်းပြခွင့်ရပေမည်။ ထိုသို့မဖြစ်လျှင်ပင် သူသည် “နောက်တစ်ဖန်နားထောင်” ပေမည်။—တ. ၁၇:၃၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ