နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
နိုဝင်ဘာ ၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဇူလိုင်လလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို မှတ်ချက်ပေးပါ။
၁၅ မိ– “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးပွင့်နေ။” ပရိသတ်နှင့်ဆွေးနွေးခြင်းအပါအဝင် အကြီးအကဲတစ်ဦးဟောရန်။ ဟောပြောခြင်းလုပ်ငန်းတွင် ပို၍ပါဝင်နိုင်ရန် အားစိုက်ထုတ်နိုင်သူအားလုံးကို ပို၍ပါဝင်ကြဖို့တိုက်တွန်းပါ။ ၁၉၈၈၊ ဩဂုတ် ၁၅၊ ကင်းမျှော်စင်၊ [လိပ်] စာမျက်နှာ ၂၂ မှအကြံပြုချက်တချို့ကို ပါဝင်စေပါ။
၂၀ မိ– “နိုင်ငံတော်သတင်း၌စိတ်ဝင်စားမှုကို ပျိုးထောင်ပေးပါ။” မေးဖြေရန်။ အပိုဒ် ၆ ပါတင်ဆက်ပုံများကို သရုပ်ပြပါ။ ၎င်းတို့အနက်တစ်ခုတွင် ကျမ်းစာသင်အံမှုအစပြုပုံကို ပြပါ။
သီချင်း ၁၄၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၁၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ နိုင်ငံတော်သတင်းနံပါတ် ၃၅ ကိုဝေငှပြီးစီးရန် မည်သည့်ရပ်ကွက်ကျန်နေသေးကြောင်း အသင်းတော်ကိုအသိပေးပါ။ ဤအထူးကင်ပိန်း၏နောက်ဆုံးအပတ်တွင် အပြည့်အဝပါဝင်ကြရန် အားလုံးကိုတိုက်တွန်းပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “သက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်များကိုကူညီပါ။” မယုံကြည်သူအိမ်ထောင်ဖက်များနှင့်ပိုမိုရင်းနှီးကျွမ်းဝင်ခြင်းနှင့်စပ်လျဉ်း၍ စိတ်ဝင်စားကြသောအကြီးအကဲနှစ်ဦး ဆွေးနွေးပါ။ သူတို့သည် ၁၉၉၀၊ မေ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၂၂၊ အပိုဒ် ၆-၉ ပါအကြံပြုချက်များကိုလည်း သုံးသပ်ကြသည်။ ၁၉၉၅၊ အောက်တိုဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၁၊ အပိုဒ် ၁၁-၁၂ မှတွေ့ ကြုံမှုများကို ပါဝင်စေပါ။
သီချင်း ၁၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၁၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာ ၁၄ နှင့် ၂၄ အတွက်အထူးလယ်ကွင်းလုပ်ငန်းတော်အစီအစဉ်များကို ဖော်ပြပါ။ နိုင်ငံတော်သတင်းနံပါတ် ၃၅ ကင်ပိန်းမှ ဒေသခံတွေ့ကြုံမှုတချို့ကိုမျှဝေပါ။
၂၀ မိ– ထူးခြားသောဤအခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်လေ! ၁၉၉၆၊ နိုဝင်ဘာ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၃ ကိုအခြေခံပြီးဟောရန်။
၁၅ မိ– “ကျွန်ုပ်ဘာပြောရမည်နည်း။” ပရိသတ်နှင့်ဆွေးနွေးရန်။ ကျိုးကြောင်းဆင်ခြင်စာအုပ် စာမျက်နှာ ၈ မှပထမအပိုဒ်ကိုဖတ်ပြီး ကျမ်းစာအကြောင်းအရာအမျိုးမျိုးကို ထိရောက်စွာသက်သေခံရန် ကျွန်ုပ်တို့ကိုအကူအညီပေးဖို့ ဤစာအုပ်ကိုမည်သို့စီမံထားကြောင်း ရှင်းပြပါ။ ကောင်းစွာပြင်ဆင်ထားသည့်သရုပ်ပြ တစ်ခုနှစ်ခုဖြင့် ရှင်းပြပါ။
သီချင်း ၁၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၂၄ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။
၁၅ မိ– အသင်းတော်စာအုပ်ကြီးသင်တန်းတွင် အမူအကျင့်ကောင်းများ။ မိမိတို့အိမ်တွင်စာအုပ်ကြီးသင်တန်းကျင်းပရန်ခွင့်ပြုသောမိသားစုများ၏ ဧည့်ဝတ်ကျေပွန်မှုကို ကျွန်ုပ်တို့လေးမြတ်ကြသည်။ ဤကဲ့သို့ခွင့်ပြုရာတွင် အတော်အတန်ပြင်ဆင်မှုနှင့် အဆင်မပြေမှုပါဝင်ပေမည်။ တက်ရောက်သောအခါ ကျွန်ုပ်တို့သည် အမူအကျင့်ကောင်းများကိုပြသသင့်ပြီး လေးစားမှုနှင့် ထောက်ထားစာနာမှုကိုတင်ပြသင့်သည်၊ ၎င်းတို့တွင် အောက်ဖော်ပြပါအရာများပါဝင်မည်– (၁) ကြမ်းပြင် သို့မဟုတ် ကော်ဇောများမညစ်ပေစေရန် အိမ်ထဲမဝင်မီ ကျွန်ုပ်တို့၏ခြေကို အသေအချာသုတ်သင့်သည်။ (၂) စာအုပ်ကြီးသင်တန်းအတွက်စီစဉ်ထားသည့်အိမ်တွင် အမူအကျင့်ကောင်းဖြင့်နေဖို့သေချာစေရန် မိဘများသည် မိမိတို့၏သားသမီးများကို ကြီးကြပ်ပေးသင့်သည်။ (၃) အုပ်စုသည်ငယ်ပြီး တခမ်းတနားမဟုတ်သော်လည်း ၎င်းသည် အသင်းတော်စည်းဝေးတစ်ခုဖြစ်၍ နိုင်ငံတော်ခန်းမသို့သွားသောအခါ ဝတ်ဆင်သကဲ့သို့ ဝတ်ဆင်သင့်သည်။ (၄) အိမ်သားများအတွက် ကိုယ်ပိုင်အချိန်များရှိနိုင်စေရန် စည်းဝေးပြီးနောက်ပေါင်းသင်းမှုကို ခဏတစ်ဖြုတ်သာပြုသင့်သည်။ (၅) အခါအားလျော်စွာ သင်တန်းကိုလက်ခံကျင်းပသည့်အိမ်ရှင်သည် သင်တန်းပြီးနောက် အဆာပြေကျွေးမွေးမည်ဖြစ်သော်လည်း ထိုသို့ကျွေးမွေးခြင်းသည် မျှော်လင့်ထားရာလည်းမဟုတ်၊ လိုအပ်ရာလည်းမဟုတ်ကြောင်း အားလုံးသဘောပေါက်သင့်သည်။
၂၂ မိ– သူတို့ကို တပည့်ဖြစ်စေကာ သင်ကြားပေးလော့။ အကြီးအကဲသည် ကြေညာသူသုံးလေးဦးအုပ်စုဖြင့် ဆွေးနွေးခန်းကိုဦးဆောင်ကာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာအုပ် စာမျက်နှာ ၈၉-၉၂ ကိုအခြေခံထားသည့်မေးခွန်းများကို ဖြေကြားသည်– (၁) ထိရောက်သောဓမ္မအမှုအတွက် ပြန်လည်ပတ်မှုများပြုလုပ်ခြင်းသည် အဘယ်ကြောင့်မရှိမဖြစ်လိုသနည်း။ လူတစ်ဦးသည် ပြန်လည်ပတ်မှုလုပ်ငန်း၏စိန်ခေါ်ချက်ကို မည်သို့ရင်ဆိုင်နိုင်သနည်း။ (၂) ကျွန်ုပ်တို့သည် ကျမ်းစာသင်အံမှုများစခြင်းအပေါ် အဘယ်ကြောင့်ဤမျှအလေးထားရသနည်း။ ကျွန်ုပ်တို့သည် သင်အံမှုများကျင်းပရာတွင် မည်သို့ကျွမ်းကျင်လာနိုင်သနည်း။ (၃) သင်သားများကို အဖွဲ့အစည်းသို့လမ်းညွှန်ပေးရန် အဘယ်ကြောင့်အရေးကြီးသနည်း။ ယင်းကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။ အုပ်စုကလည်း မကြာသေးမီကထွက်လာသော ၁၉၉၆ ဇွန်နှင့် ၁၉၉၇ မတ်၊ ဧပြီ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်များသည် ဤကဏ္ဍရပ်များတွင် မိမိတို့အားမည်သို့ထောက်ကူခဲ့ပုံကို ပြောပြကြသည်။
သီချင်း ၁၆၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။