၂,၅၀၀!
ယင်းကား ၁၉၉၈ ဩဂုတ်တွင် မြန်မာပြည်၌ မှတ်တမ်းသွင်းသည်ကို ကျွန်ုပ်တို့တွေ့ မြင်လိုသော ကြေညာသူအရေအတွက်ပင်ဖြစ်သည်။ ယင်းကိုရရှိရန် အလားအလာ ကျွန်ုပ်တို့တွင်ရှိသလော။ ရှိပါသည်! ကျွန်ုပ်တို့၏ တိုက်နယ်အားလုံးရှိအသင်းတော်များ၏ လက်ရှိစာရင်းအရ ကြေညာသူစုစုပေါင်း ၂,၅၂၀ ရှိ၏။ သို့သော် စက်တင်ဘာ ၁၉၉၇ တွင် မည်သည့်လ၌မျှမရဖူးသည့် အများဆုံးကြေညာသူ ၂,၄၇၆ ယောက်ကိုရရှိခဲ့သည်။ ထိုမှတ်တမ်းအရေအတွက်ကို ကျွန်ုပ်တို့မည်သို့ကျော်လွန်နိုင်သနည်း။ အသင်းတော်ရှိကြေညာသူတစ်ဦးစီသည် ဩဂုတ်လအတွင်း ဓမ္မအမှုတွင်ပါဝင်ရန် တိကျသောအစီအစဉ်များပြုလုပ်ပြီး ယင်းလုပ်ဆောင်မှုကို အချိန်မီမှတ်တမ်းပေးမည်ဆိုလျှင် ကျော်လွန်နိုင်၏။ ၎င်းလ၏ပထမဦးဆုံးနှစ်ရက်သည် စနေနှင့်တနင်္ဂနွေဖြစ်ရာ ထိုစနေတနင်္ဂနွေမှစ၍ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ရန် စီစဉ်ပါလေ။ သင်ခရီးသွားမည်ဆိုလျှင် ကျေးဇူးပြု၍ မသွားမီ မပျက်မကွက်မှတ်တမ်းပေးသွားပါ၊ ခရီးသွားရင်း အလွတ်သဘော အတော်အတန်သက်သေခံနိုင်မည်ဖြစ်ရာ ကျေးဇူးပြု၍ ထိုမှတ်တမ်းကိုလည်းပေးဖို့ မပျက်ကွက်စေပါနှင့်။ ၎င်းလတွင် စောစောစခြင်းဖြင့် ဩဂုတ်လအတွင်း သက်သေခံခြင်းလုပ်ငန်းတွင် အချိန်အတော်အတန်သုံးရန် ပျက်ကွက်လိမ့်မည်မဟုတ်။ စုပေါင်းကြိုးစားခြင်းဖြင့် မြန်မာပြည်၌ရရှိခဲ့ဖူးသမျှတွင် ပထမဆုံးအကြိမ်အနေနှင့် ၂,၅၀၀ အမှတ်ကိုကျော်လွန်ကာ အများဆုံးကြေညာသူနှုန်းသစ်ကို ကျွန်ုပ်တို့တွေ့ မြင်ရမည်ဖြစ်သည်။ ယေဟောဝါအား မည်မျှကျယ်လောင်စွာချီးမွမ်းခြင်းဖြစ်မည်ပါတကား!—ဆာ. ၄၇:၁။