ဘုရားသခင့်ပရောဖက်ပြုချက်စကားအားလုံးပြည့်စုံလာမည်!
၁ ယေဟောဝါသက်သေများသည် ကျမ်းစာပရောဖက်ပြုချက်ကို အမြဲစိတ်ဝင်စားကြသည်။ ထို့ကြောင့် ဤနှစ်ခရိုင်စည်းဝေးကြီး၏ခေါင်းစဉ်သည် “ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်” ဖြစ်မည်ဟုသိရ၍ ကျွန်ုပ်တို့ပီတိဖြစ်ကြရသည်။ ကျွန်ုပ်တို့အတွက် ‘အချိန်တန်အစာ’ အဖြစ် ယေဟောဝါသိုမှီးထားရာများကို ကျွန်ုပ်တို့အလွန်သိလိုကြသည်။ (မ. ၂၄:၄၅) ကိုယ်တော်သည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပါ။
၂ စည်းဝေးကြီးပေါ်လွင်ချက်များ– “ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်လော့” ဟူသော သောကြာနေ့၏အဓိကဟောပြောချက်တွင် ကိုယ်ယောင်ပြောင်းလဲခြင်းမှတ်တမ်းဆိုင်ရာ ဉာဏ်အလင်းပေးသော ဆွေးနွေးခန်းတစ်ခုပါဝင်ပါမည်။ (မ. ၁၇:၁-၉) ကျွန်ုပ်တို့သည် လက်တစ်ကမ်းလေးတွင်ရှိသည့် စနစ်သစ်နှင့်အတူ ဆုံးခန်းကာလ၏အဆုံးစွန်ပိုင်းတွင်ရောက်ရှိနေကြသောကြောင့် အကောင်းဆုံးအချိန်၏နှုတ်ခမ်းဝတွင် ယခုရှိနေကြသည်! ဘုရားသခင့်စကားတော်ကိုအာရုံစိုက်ရန် ကျွန်ုပ်တို့လိုအပ်သည့်အရေးကြီးသောနည်းတစ်နည်းမှာ ယင်းကို မှန်မှန်ဖတ်ရှုခြင်းအားဖြင့်ဖြစ်သည်။ “ဘုရားသခင့်စကားတော်ကိုဖတ်ရှုခြင်းတွင် ပျော်မွေ့လော့” ဟူသည့်အခန်းဆက်ဟောပြောချက်က ကျွန်ုပ်တို့၏ကျမ်းစာဖတ်ရှုခြင်းကို ပို၍အကျိုးဖြစ်ထွန်းပြီး ပျော်ရွှင်စရာဖြစ်စေရန် လက်တွေ့ကျအကြံပြုချက်များပေးပါမည်။
၃ စနေနေ့မွန်းလွဲပိုင်း၌ နောက်ဆုံးကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေရကြောင်းကို ယုံကြည်လက်ခံသင့်သည့် အကြောင်းရင်းများကို သုံးသပ်ပါမည်။ စည်းဝေးကြီးတွင် သင်ရှိမည်လော။ တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ကျွန်ုပ်တို့၏ခေတ်သည် ဟဗက္ကုတ်၏ခေတ်နှင့်အလွန်ဆင်တူကြောင်း၊ ယေဟောဝါသည် ဆိုးသွမ်းသူများကိုဖျက်ဆီးကာ ဖြောင့်မတ်သူများကိုကယ်တင်သောအခါ အရေးပါသောဖြစ်ရပ်များ ဖြစ်ပျက်လုနီးပြီဖြစ်ကြောင်း ကျွန်ုပ်တို့သိရစဉ် ၎င်း၏ပရောဖက်ပြုချက်သည် အသက်ဝင်လာပါမည်။ ယာကုပ်နှင့်ဧသောအကြောင်း အလွန်သင့်လျော်သော ကျမ်းစာပြဇာတ်တစ်ခုရှိပါမည်။ ကျွန်ုပ်တို့သည် အရေးမစိုက် ဂရုမမူသောစိတ်ဓာတ်ကို ခုခံတွန်းလှန်ကာ ယေဟောဝါထံမှကောင်းချီးများကို တက်ကြွစွာလိုက်စားရမည်။
၄ စည်းဝေးကြီးတွင် သင်ရှိမည်လော– ထိုတွင် သင့်မိသားစုတစ်ခုလုံးနှင့်အတူရှိရန် ကြိုးစားပါ။ သင်သည် အကြောင်းတစ်စုံတစ်ရာကြောင့် ထိုသို့မရှိနိုင်လျှင် မိသားစုခွဲပြီး အခြားစည်းဝေးကြီးများကိုတက်နိုင်သည်။ သင့်သားသမီးများအား စည်းဝေးကြီးအတွင်း အာရုံစိုက်ရန်၊ မှတ်စုများယူရန် ပုံသက်သေနှင့် သွန်သင်ပြညွှန်ပေးခြင်းတို့ဖြင့်သင်ပေးပါ။ အစီအစဉ်မစတင်မီ ထိုင်ခုံတွင်ရှိနေကြပါ။
၅ စည်းဝေးကြီးအစီအစဉ်က မပြည့်စုံသေးသော ဘုရားသခင့်ကတိတော်အားလုံးသည် ပြည့်စုံလာမည်ဟူသော ကျွန်ုပ်တို့၏ယုံကြည်ချက်ကို များစွာခိုင်မာစေပါမည်။ စည်းဝေးကြီးကို ကျွန်ုပ်တို့လွတ်မသွားစေသင့်ပါ!