သက္ကရာဇ် ၂၀၀၀ အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်
ညွှန်ကြားချက်များ
သက္ကရာဇ် ၂၀၀၀ အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
ရည်ညွှန်းကိုးကားချက်– ကမ္ဘာသစ်ဘာသာပြန်ကျမ်း [ကဘ]၊ ကင်းမျှော်စင် [က]၊ “ကျမ်းစာတစ်ကျမ်းလုံးဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” [ကမ]၊ ထာဝရအသက်ရစေသောအသိပညာ [သည] နှင့် “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” [ဆအ] သည် တာဝန်ခန့်အပ်ချက်များအတွက် အခြေခံဖြစ်ပါမည်။
သီချင်းဆို၊ ဆုတောင်း၊ ကြိုဆိုနှုတ်ဆက်ခြင်းဖြင့် ကျောင်းကို အချိန်မီ စတင်သင့်သည်။ အစီအစဉ်တွင်တင်ပြမည့်အကြောင်းအရာကို အကြိုတင်ပြရန်မလိုပေ။ ကျောင်းကြီးကြပ်မှူးသည် အပိုင်းတစ်ခုစီကိုမိတ်ဆက်ပေးစဉ် သူသည် တင်ဆက်သွားမည့်အကြောင်းအရာကို ဖော်ပြပေးပါမည်။ အောက်ပါအတိုင်း ကျင်းပသွားရန်ဖြစ်သည်–
တာဝန်နံပါတ် ၁– ၁၅ မိနစ်။ အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ဤဟောပြောချက်ကို တာဝန်ယူသင့်သည်။ ကင်းမျှော်စင် သို့မဟုတ် “ကျမ်းစာတစ်ကျမ်းလုံးဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” ပါအကြောင်းကို အခြေခံမည်ဖြစ်သည်။ ကင်းမျှော်စင်ပါအကြောင်းကို အခြေခံသောအခါ ပြန်လည်မေးမြန်းခြင်းမပြုဘဲ ၁၅ မိနစ်လုံးလုံးသွန်သင်ဟောပြောချက်အနေနှင့် တင်ပြသင့်သည်; “ကျမ်းစာတစ်ကျမ်းလုံး” ပါအကြောင်းကို အခြေခံသောအခါ ၁၀-၁၂ မိနစ်ခန့် ဟောပြောချက်အနေနှင့် တင်ပြသင့်ပြီး စာအုပ်ပါပုံနှိပ်ထားသည့် မေးခွန်းများကိုအသုံးပြု၍ ၃-၅ မိနစ်ခန့် မေးမြန်းစစ်ဆေးမည်။ အကြောင်းအရာအားလုံးကို အပြီးတင်ပြနိုင်ရုံသာ ဦးတည်ချက်မထားသင့်ဘဲ ဆွေးနွေးဖော်ပြသည့်အကြောင်း၏ လက်တွေ့ကျတန်ဖိုးကို အာရုံစူးစိုက်ရမည်။ အသင်းတော်အတွက် အကူအညီအဖြစ်ဆုံးသောအချက်များကို ပေါ်လွင်စေပါ။ ဖော်ပြထားသောအဓိကခေါင်းစဉ်ကို အသုံးပြုသင့်သည်။
ဤဟောပြောချက်ကို တာဝန်ရသည့်ညီအစ်ကိုများသည် ကန့်သတ်ထားချိန်အတွင်းဟောပြောရန်ဂရုစိုက်သင့်သည်။ လိုအပ်လျှင် သို့မဟုတ် ဟောပြောသူကတောင်းဆိုလျှင် သီးသန့်သွန်သင်ချက်ပေးနိုင်သည်။
ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ– ၆ မိနစ်။ ဒေသလိုအပ်ရာများနှင့်အညီ သက်ဆိုင်ပုံကို ထိရောက်စွာတင်ပြမည့် အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦး တာဝန်ယူသင့်သည်။ ခေါင်းစဉ်မလိုအပ်ပါ။ ဖတ်ရန်ပေးထားသည့်အခန်းများကို အကျဉ်းချုံးဖော်ပြရုံမျှမဖြစ်သင့်။ တာဝန်ပေးထားသောအခန်းများကိုခြုံငုံ၍ ၃၀-မှ ၆၀-စက္ကန့်အထိ တင်ပြခြင်းပါဝင်နိုင်သည်။ သို့ရာတွင် အဓိကရည်ရွယ်ချက်မှာ အကြောင်းအရာသည် အဘယ်ကြောင့်နှင့် အဘယ်သို့ ကျွန်ုပ်တို့ကို အကျိုးပေး၍တန်ဖိုးရှိသည်ကို ပရိသတ်အား သဘောပေါက်စေရန်ဖြစ်သည်။
တာဝန်နံပါတ် ၂– ၅ မိနစ်။ သတ်မှတ်ထားသည့်ကျမ်းပိုဒ်များကိုဖတ်ရန် ညီအစ်ကိုတစ်ဦးအားပေးရသည့်တာဝန်ဖြစ်သည်။ ဖတ်ရန်ကျမ်းပိုဒ်များမှာ များလွန်းခြင်းမရှိသဖြင့် စကားချီးနှင့်နိဂုံးတွင် ဆီလျော်သည့်ရှင်းလင်းချက်တို့ကို ကျောင်းသားအနေနှင့် အတိုချုပ်၍တင်ပြနိုင်သည်။ ရာဇဝင်နောက်ခံ၊ ပရောဖက်ပြုချက် သို့မဟုတ် အယူဝါဒတို့၏အနက်အဓိပ္ပာယ်နှင့် မူများ၏လက်တွေ့အသုံးကျပုံတို့ကို ထည့်သွင်းတင်ပြနိုင်သည်။ တာဝန်ပေးထားသည့်အခန်းငယ်အားလုံးကို ဆက်တိုက်ဖတ်ပြရပါမည်။ ဖတ်ရမည့်အခန်းငယ်များသည် ဆက်တိုက်မဟုတ်ပါက ကျောင်းသားသည် ဆက်ဖတ်မည့်အခန်းငယ်ကို ဖော်ညွှန်းပေးပေမည်။
တာဝန်နံပါတ် ၃– ၅ မိနစ်။ ယင်းကို ညီအစ်မတစ်ဦးအား တာဝန်ပေးပါမည်။ ဤတင်ဆက်မှုအတွက်အကြောင်းအရာသည် “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” [ဆအ] ကိုအခြေခံမည်ဖြစ်သည်။ အလွတ်သဘောသက်သေခံခြင်း၊ ပြန်လည်ပတ်မှု သို့မဟုတ် အိမ်တွင်းကျမ်းစာသင်အံမှုတို့ဖြင့် ဇာတ်အိမ်ကိုတင်ပြနိုင်ပြီး ပါဝင်သူများသည် ထိုင်လျက်ဖြစ်စေ၊ မတ်တတ်ရပ်လျက်ဖြစ်စေ တင်ပြနိုင်သည်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသူက တာဝန်ရထားသည့်အကြောင်းအရာကို အဆင့်ဆင့်တင်ဆက်ကာ အိမ်ရှင်အား ကျမ်းချက်များအပေါ်ဆင်ခြင်ရန်ကူညီပေးပုံကို အထူးစိတ်ဝင်စားမည်။ ဤအပိုင်းကိုတာဝန်ရရှိသောကျောင်းသူသည် မည်သို့စာဖတ်ရမည်ကို သိသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သူ့ကိုကူညီပေးရန် တစ်ဦးကိုတာဝန်ပေးမည်။ သို့သော် တစ်ဦးထက်မက အသုံးပြုနိုင်သည်။ ဇာတ်အိမ်ကိုမဟုတ်ဘဲ ကျမ်းစာကို ထိရောက်စွာအသုံးပြုခြင်းကို အဓိကဂရုပြုသင့်သည်။
တာဝန်နံပါတ် ၄– ၅ မိနစ်။ ဤတာဝန်အတွက်အကြောင်းအရာသည် ထာဝရအသက်ရစေသောအသိပညာ သို့မဟုတ် “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” ကိုအခြေခံမည်ဖြစ်သည်။ ဤအပိုင်းသည် “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” ကိုအခြေခံသောအခါ တာဝန်ပေးထားသည့်ခေါင်းစဉ်ကို သုံးသင့်ပြီး ကျောင်းသားသည် ကျမ်းချက်များ၏လက်တွေ့ကျသက်ဆိုင်မှုကိုတင်ပြရန် ကြိုးစားသင့်သည်။ တာဝန်နံပါတ် ၄ ကိုညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးအား တာဝန်ပေးမည်။ ညီအစ်ကိုတစ်ဦးကိုတာဝန်ပေးလျှင် ဟောပြောချက်တစ်ခုအနေဖြင့် အမြဲတင်ပြသင့်၏။ ညီအစ်မတစ်ဦးကိုတာဝန်ပေးလျှင် တာဝန်နံပါတ် ၃ အတိုင်းတင်ဆက်သင့်သည်။ ထို့အပြင် တာဝန်နံပါတ် ၄ အတွက်ခေါင်းစဉ်အရှေ့တွင် # ရှိသည့်အခါတိုင်း ညီအစ်ကိုတစ်ဦးအား တာဝန်ပေးလျှင် ပိုကောင်းပါသည်။
*ထပ်ဆင့်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်– ယင်းကို ပတ်စဉ်အတွက် သီချင်းနံပါတ်နောက်တွင် ကွင်းထဲ၌ ဖော်ပြထားသည်။ တစ်ပတ်လျှင် ဆယ်မျက်နှာခန့်ဖတ်သည့် ဤအစီအစဉ်ကိုလိုက်နာခြင်းဖြင့် ကျမ်းစာတစ်အုပ်လုံးကို သုံးနှစ်အတွင်း ဖတ်ပြီးနိုင်ပါသည်။ ထပ်ဆင့်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်အပေါ် မည်သည့်ကျောင်းသားအစီအစဉ်အပိုင်း သို့မဟုတ် ရေးဖြေစစ်ဆေးခြင်းကိုမျှ အခြေခံထားခြင်းမရှိပါ။
မှတ်ချက်– သွန်သင်ချက်၊ အချိန်၊ ရေးဖြေစစ်ဆေးခြင်း၊ တာဝန်များပြင်ဆင်ခြင်းတို့နှင့်စပ်လျဉ်းသည့် ထပ်ဆင့်အချက်အလက်နှင့် ညွှန်ကြားချက်အတွက် ၁၉၉၆၊ အောက်တိုဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာမျက်နှာ ၃ ကိုကျေးဇူးပြု၍ကြည့်ပါ။
အစီအစဉ်
ဇန် ၃ ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၄–၆
သီချင်းနံပါတ် ၉ [*ယေရမိ ၄၉-၅၂]
နံပါတ် ၁– ယေဟောဝါ၏ကောင်းချီးများကို လေးမြတ်ပါ (က၉၈ ၁/၁ စစ. ၂၂-၄)
နံပါတ် ၂– တရားဟောရာ ၆:၄-၁၉
နံပါတ် ၃– ဆအ ၁၉က ဘိုးဘေးကိုးကွယ်မှုကို ဘုရားသခင်မနှစ်သက်ရသည့်အကြောင်းရင်း
နံပါတ် ၄– လူကိုသေဖို့ဖန်ဆင်းသည်မဟုတ် (သည စ. ၅၃ အပိုဒ် ၁-၃)
ဇန် ၁၀ ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၇–၁၀
သီချင်းနံပါတ် ၄၉ [*ယေရမိမြည်တမ်းစကား ၁-၅]
နံပါတ် ၁– စစ်မှန်သောဘုရားသခင်ကို ချီးမြှောက်လော့ (က၉၈ ၁/၁ စစ. ၃၀-၁)
နံပါတ် ၂– တရားဟောရာ ၈:၁-၁၈
နံပါတ် ၃– ဆအ ၁၉ခ လူတို့ကိုရိုသေလေးစားနိုင်၊ သို့သော် ဘုရားသခင်ကိုသာကိုးကွယ်ရ
နံပါတ် ၄– ယုတ်မာသောလျှို့ဝှက်ကြံစည်မှု (သည စစ. ၅၅-၆ အပိုဒ် ၄-၇)
ဇန် ၁၇ ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၁၁–၁၄
သီချင်းနံပါတ် ၁၃၂ [*ယေဇကျေလ ၁-၉]
နံပါတ် ၁– ချစ်မြတ်နိုးရသူများအတွက် ကြိုတင်စီစဉ်ထားရသည့်အကြောင်းရင်း (က၉၈ ၁/၁၅ စစ. ၁၉-၂၂)
နံပါတ် ၂– တရားဟောရာ ၁၁:၁-၁၂
နံပါတ် ၃– ဆအ ၄၃က အာမဂေဒုန်—ဆိုးသွမ်းမှုကိုအဆုံးသတ်မည့်စစ်ပွဲ
နံပါတ် ၄– စာတန်သည် သူ၏လျှို့ဝှက်ကြံစည်မှုကို အကောင်အထည်ဖော်ပုံ (သည စစ. ၅၆-၈ အပိုဒ် ၈-၁၂)
ဇန် ၂၄ ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၁၅–၁၉
သီချင်းနံပါတ် ၁၆၂ [*ယေဇကျေလ ၁၀-၁၆]
နံပါတ် ၁– သမ္မာတရား၏ပြောင်းလဲနိုင်စွမ်းနှင့် စည်းလုံးနိုင်စွမ်း (က၉၈ ၁/၁၅ စစ. ၂၉-၃၁)
နံပါတ် ၂– တရားဟောရာ ၁၉:၁၁-၂၁
နံပါတ် ၃– ဆအ ၄၃ခ အာမဂေဒုန်သည် ဘုရားသခင်၏မေတ္တာပါသောလုပ်ရပ်တစ်ခုဖြစ်
နံပါတ် ၄– အပြစ်နှင့်သေခြင်း ပြန့်ပွားလာပုံ (သည စစ. ၅၈-၉ အပိုဒ် ၁၃-၁၅)
ဇန် ၃၁ ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၂၀–၂၃
သီချင်းနံပါတ် ၁၃ [*ယေဇကျေလ ၁၇-၂၁]
နံပါတ် ၁– ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းဆိုင်ရာ ကျမ်းစာရှုထောင့် (က၉၈ ၂/၁ စစ. ၂၉-၃၁)
နံပါတ် ၂– တရားဟောရာ ၂၀:၁၀-၂၀
နံပါတ် ၃– ဆအ ၁၆က နှစ်ခြင်း—ခရစ်ယာန်တို့လိုက်နာရမည့်အမိန့်
နံပါတ် ၄– စာတန်၏နည်းဗျူဟာများကို သတိထားပါ (သည စစ. ၅၉-၆၀ အပိုဒ် ၁၆-၁၈)
ဖေ ၇ ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၂၄–၂၇
သီချင်းနံပါတ် ၂၂၂ [*ယေဇကျေလ ၂၂-၂၇]
နံပါတ် ၁– အကောင်းမြင်သဘောထားမှန်အတွက်အခြေခံ (က၉၈ ၂/၁ စစ. ၄-၆)
နံပါတ် ၂– တရားဟောရာ ၂၅:၅-၁၆
နံပါတ် ၃– ဆအ ၁၆ခ နှစ်ခြင်းသည် အပြစ်များကိုမဆေးကြော
နံပါတ် ၄– အတိုက်အခံအတွက် ယုံကြည်ခြင်းရှိကာ ပြင်ဆင်ထားပါ (သည စစ. ၆၀-၁ အပိုဒ် ၁၉-၂၁)
ဖေ ၁၄ ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၂၈–၃၀
သီချင်းနံပါတ် ၁၈၀ [*ယေဇကျေလ ၂၈-၃၃]
နံပါတ် ၁– ကျေးဇူးသိတတ်သောစိတ်မွေးပါ (က၉၈ ၂/၁၅ စစ. ၄-၇)
နံပါတ် ၂– တရားဟောရာ ၂၈:၁-၁၄
နံပါတ် ၃– ဆအ ၃၆က သမ္မာကျမ်းစာသည် ဘုရားသခင်၏မှုတ်သွင်းခံနှုတ်ကပါဌ်တော်ဖြစ်
နံပါတ် ၄– လူသားတို့ကိုကယ်တင်သည့် ဘုရားသခင့်နည်းလမ်း (သည စစ. ၆၂-၃ အပိုဒ် ၁-၅)
ဖေ ၂၁ ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၃၁–၃၄
သီချင်းနံပါတ် ၄၆ [*ယေဇကျေလ ၃၄-၃၉]
နံပါတ် ၁– တရားဟောရာကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၂၉-၃၀ အပိုဒ် ၃၀-၄)
နံပါတ် ၂– တရားဟောရာ ၃၂:၃၅-၄၃
နံပါတ် ၃– ဆအ ၃၆ခ သမ္မာကျမ်းစာ—ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျသောလမ်းညွှန်
နံပါတ် ၄– မေရှိယ အသေခံတော်မူရခြင်းအကြောင်း (သည စစ. ၆၃-၅ အပိုဒ် ၆-၁၁)
ဖေ ၂၈ ကျမ်းစာဖတ်ရှုခြင်း– ယောရှု ၁–၅
သီချင်းနံပါတ် ၄၀ [*ယေဇကျေလ ၄၀-၄၅]
နံပါတ် ၁– ယောရှုကျမ်း၏နိဒါန်း (ကမ စစ. ၃၁-၄ အပိုဒ် ၁-၅)
နံပါတ် ၂– ယောရှု ၂:၈-၁၆
နံပါတ် ၃– ဆအ ၃၆ဂ သမ္မာကျမ်းစာ—လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်
နံပါတ် ၄– ရွေးနုတ်ဖိုးပေးခဲ့ပုံ (သည စစ. ၆၅-၈ အပိုဒ် ၁၂-၁၆)
မတ် ၆ ကျမ်းစာဖတ်ရှုခြင်း– ယောရှု ၆–၉
သီချင်းနံပါတ် ၁၆၄ [*ယေဇကျေလ ၄၆–ဒံယေလ ၂]
နံပါတ် ၁– မိဘတို့—သင်တို့၏ရင်သွေးများကို ကာကွယ်ပါလေ! (က၉၈ ၂/၁၅ စစ. ၈-၁၁)
နံပါတ် ၂– ယောရှု ၇:၁၊ ၁၀-၁၉
နံပါတ် ၃– ဆအ ၃၈က သွေးသွင်းခြင်းသည် သွေး၏မြင့်မြတ်မှုကိုချိုးဖောက်
နံပါတ် ၄– ခရစ်တော်၏ရွေးနုတ်ဖိုးနှင့် သင် (သည စစ. ၆၈-၉ အပိုဒ် ၁၇-၂၀)
မတ် ၁၃ ကျမ်းစာဖတ်ရှုခြင်း– ယောရှု ၁၀–၁၃
သီချင်းနံပါတ် ၁၃၈ [*ဒံယေလ ၃-၇]
နံပါတ် ၁– ကြည်ညိုလေးမြတ်ဖွယ်ကောင်းခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာပြောသည့်အရာ(က၉၈ ၂/၁၅ စစ. ၂၃-၇)
နံပါတ် ၂– ယောရှု ၁၁:၆-၁၅
နံပါတ် ၃– ဆအ ၃၈ခ မည်သို့ပင်ဖြစ်စေ အသက်တစ်ချောင်း ကယ်တင်ခံရဖို့လော
နံပါတ် ၄– လူ့ဒုက္ခဆင်းရဲအတွက် ဘုရားသခင်တာဝန်ရှိသလော (သည စစ. ၇၀-၂ အပိုဒ် ၁-၅)
မတ် ၂၀ ကျမ်းစာဖတ်ရှုခြင်း– ယောရှု ၁၄–၁၇
သီချင်းနံပါတ် ၁၀ [*ဒံယေလ ၈–ဟောရှေ ၂]
နံပါတ် ၁– “ငါတို့နည်းတူ” သစ္စာရှိသောလူသားများ (က၉၈ ၃/၁ စစ. ၂၆-၉)
နံပါတ် ၂– ယောရှု ၁၅:၁-၁၂
နံပါတ် ၃– ဆအ ၆က မည်သည့်အချိန်တွင် တစ်ပါးအမျိုးသားအချိန်ကုန်ဆုံးခဲ့သနည်း
နံပါတ် ၄– စုံလင်သောအစနှင့် မလိုတမာစိန်ခေါ်ချက် (သည စစ. ၇၂-၃ အပိုဒ် ၆-၁၀)
မတ် ၂၇ ကျမ်းစာဖတ်ရှုခြင်း– ယောရှု ၁၈–၂၀
သီချင်းနံပါတ် ၁၀၅ [*ဟောရှေ ၃-၁၄]
နံပါတ် ၁– ကမ္ဘာပေါ် ယေရှု၏နောက်ဆုံးနေ့ရက်များကို ပြန်လည်ခံစားခြင်း (က၉၈ ၃/၁၅ စစ. ၃-၉)
နံပါတ် ၂– ယောရှု ၁၈:၁-၁၀
နံပါတ် ၃– ဆအ ၇က ခရစ်ယာန်ချာ့ချ်ကား အဘယ်နည်း
နံပါတ် ၄– တကယ့်ပြဿနာများနှင့် ယင်းတို့ကိုဖြေရှင်းသည့် ယေဟောဝါ၏နည်းလမ်းတော်(သည စစ. ၇၄-၆ အပိုဒ် ၁၁-၁၅)
ဧပြီ ၃ ကျမ်းစာဖတ်ရှုခြင်း– ယောရှု ၂၁–၂၄
သီချင်းနံပါတ် ၁၄၄ [*ယောလ ၁–အာမုတ် ၇]
နံပါတ် ၁– ယောရှုကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၃၅-၇ အပိုဒ် ၂၁-၄)
နံပါတ် ၂– ယောရှု ၂၁:၄၃-၂၂:၈
နံပါတ် ၃– ဆအ ၇ခ ပေတရုသည် “အုတ်မြစ်ကျောက်” ဖြစ်သလော
နံပါတ် ၄– ဆိုးယုတ်မှုကို ဘုရားသခင်ခွင့်ပြုတော်မူခြင်းက သက်သေထူခဲ့သည့်အရာ(သည စစ. ၇၆-၇ အပိုဒ် ၁၆-၁၉)
ဧပြီ ၁၀ ကျမ်းစာဖတ်ရှုခြင်း– တရားသူကြီး ၁–၄
သီချင်းနံပါတ် ၄၃ [*အာမုတ် ၈–မိက္ခာ ၅]
နံပါတ် ၁– တရားသူကြီးမှတ်စာ၏နိဒါန်း (ကမ စစ. ၃၈-၄၁ အပိုဒ် ၁-၈)
နံပါတ် ၂– တရားသူကြီး ၃:၁-၁၁
နံပါတ် ၃– ဆအ ၁၇က မှန်ကန်သောသိပ္ပံပညာသည် သမ္မာကျမ်းစာ၏ဖန်ဆင်းခြင်းမှတ်တမ်းကိုထောက်ခံ
နံပါတ် ၄– မည်သူ့ဘက်တွင် သင်ရပ်တည်မည်နည်း (သည စစ. ၇၈-၉ အပိုဒ် ၂၀-၃)
ဧပြီ ၁၇ ကျမ်းစာဖတ်ရှုခြင်း– တရားသူကြီး ၅–၇
သီချင်းနံပါတ် ၁၉၃ [*မိက္ခာ ၆–ဇေဖနိ ၁]
နံပါတ် ၁– လူ ၇၀ ကိုပေးသည့် ယေရှု၏ညွှန်ကြားချက်များမှ သင်ယူပါ (က၉၈ ၃/၁ စစ. ၃၀-၁)
နံပါတ် ၂– တရားသူကြီး ၅:၂၄-၃၁
နံပါတ် ၃– ဆအ ၁၇ခ ဖန်ဆင်းရာတစ်နေ့စီသည် ၂၄ နာရီဖြစ်သလော
နံပါတ် ၄– သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း (သည စစ. ၈၀-၁ အပိုဒ် ၁-၆)
ဧပြီ ၂၄ ရေးဖြေစစ်ဆေးခြင်း။ တရားဟောရာ ၄–တရားသူကြီး ၇
သီချင်းနံပါတ် ၉၁ [*ဇေဖနိ ၂–ဇာခရိ ၇]
မေ ၁ ကျမ်းစာဖတ်ရှုခြင်း– တရားသူကြီး ၈–၁၀
သီချင်းနံပါတ် ၃၈ [*ဇာခရိ ၈–မာလခိ ၄]
နံပါတ် ၁– အခြားသူများ၏ဂုဏ်သိက္ခာကိုလေးစားပါ (က၉၈ ၄/၁ စစ. အပိုဒ် ၂၈-၃၁)
နံပါတ် ၂– တရားသူကြီး ၉:၇-၂၁
နံပါတ် ၃– ဆအ ၃၁က ယေရှုသည် လက်ဝါးကားတိုင်ပေါ်တွင် သေဆုံးခဲ့သလော
နံပါတ် ၄– မြေမှုန့်သို့ပြန်ခြင်းဟူသည် အမှန်တကယ်ဘာကိုဆိုလို (သည စစ. ၈၂-၃ အပိုဒ် ၇-၁၀)
မေ ၈ ကျမ်းစာဖတ်ရှုခြင်း– တရားသူကြီး ၁၁–၁၄
နံပါတ် ၁– “သက်သာစေခြင်း၏သား” ဗာနဗ (က၉၈ ၄/၁၅ စစ. ၂၀-၃)
နံပါတ် ၂– တရားသူကြီး ၁၃:၂-၁၀၊ ၂၄
နံပါတ် ၃– ဆအ ၃၁ခ ခရစ်ယာန်များသည် လက်ဝါးကားတိုင်ကို ကိုးကွယ်သင့်သလော
နံပါတ် ၄– လူသေတို့၏အခြေအနေကား အဘယ်နည်း (သည စစ. ၈၃-၄ အပိုဒ် ၁၁-၁၄)
မေ ၁၅ ကျမ်းစာဖတ်ရှုခြင်း– တရားသူကြီး ၁၅–၁၈
နံပါတ် ၁– စစ်တပ်များမရှိသည့် ကမ္ဘာ့လုံခြုံရေး (က၉၈ ၄/၁၅ စစ. ၂၈-၃၀)
နံပါတ် ၂– တရားသူကြီး ၁၇:၁-၁၃
နံပါတ် ၃– ဆအ ၃၄က သေရခြင်း၏အကြောင်းရင်းကား အဘယ်နည်း
နံပါတ် ၄– ယေဟောဝါ၏မှတ်ဉာဏ်၌ရှိသူအားလုံး ရှင်ပြန်ထမြောက်ခြင်းခံရမည် (သည စစ. ၈၅-၇ အပိုဒ် ၁၅-၁၈)
မေ ၂၂ ကျမ်းစာဖတ်ရှုခြင်း– တရားသူကြီး ၁၉–၂၁
နံပါတ် ၁– တရားသူကြီးမှတ်စာ—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၄၃-၄ အပိုဒ် ၂၇-၉)
နံပါတ် ၂– တရားသူကြီး ၁၉:၁၁-၂၁
နံပါတ် ၃– ဆအ ၃၄ခ လူသေတို့သည် သင့်ကိုအန္တရာယ်ပြုနိုင်သလော
နံပါတ် ၄– အဘယ်အရပ်သို့ ရှင်ပြန်ထမြောက်မည်နည်း (သည စစ. ၈၈-၉ အပိုဒ် ၁၉-၂၂)
မေ ၂၉ ကျမ်းစာဖတ်ရှုခြင်း– ရုသ ၁–၄
သီချင်းနံပါတ် ၁၂၀ [*မဿဲ ၂၂-၂၆]
နံပါတ် ၁– ရုသကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၄၄-၆ အပိုဒ် ၁-၃၊ ၉-၁၀)
နံပါတ် ၂– ရုသ ၃:၁-၁၃
နံပါတ် ၃– ဆအ ၃၄ဂ လူတို့သည် မိမိတို့၏သေလွန်သွားသောဆွေမျိုးများနှင့် စကားပြောနိုင်သလော
နံပါတ် ၄– ဘုရားသခင်၏နိုင်ငံတော်နှင့် ယင်း၏ရည်ရွယ်ချက် (သည စစ. ၉၀-၁ အပိုဒ် ၁-၅)
ဇွန် ၅ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၁–၃
သီချင်းနံပါတ် ၁၉၁ [*မဿဲ ၂၇–မာကု ၄]
နံပါတ် ၁– ၁ ဓမ္မရာဇဝင်ကျမ်း၏နိဒါန်း (ကမ စစ. ၄၇-၉ အပိုဒ် ၁-၆)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၁:၉-၂၀
နံပါတ် ၃– ဆအ ၂၀က မာရ်နတ်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော
နံပါတ် ၄– ဘုရားသခင့်နိုင်ငံတော်သည် အစိုးရတစ်ခုဖြစ် (သည စစ. ၉၁-၂ အပိုဒ် ၆-၇)
ဇွန် ၁၂ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၄–၇
နံပါတ် ၁– ယေဟောဝါကား မည်သူနည်း (က၉၈ ၅/၁ စစ. ၅-၇)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၄:၉-၁၈
နံပါတ် ၃– ဆအ ၂၀ခ မာရ်နတ်—ဤလောက၏အရူပအုပ်စိုးသူ
နံပါတ် ၄– ဘုရားသခင့်နိုင်ငံတော်သည် အမှန်တကယ်ရှိသည့်အရာဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိပုံ(သည စစ. ၉၂-၃ အပိုဒ် ၈-၁၁)
ဇွန် ၁၉ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၈–၁၁
သီချင်းနံပါတ် ၁၆၀ [*မာကု ၁၀-၁၄]
နံပါတ် ၁– သမာဓိစောင့်သိမှု ဆုချခံရ (က၉၈ ၅/၁ အပိုဒ် ၃၀-၁)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၈:၄-၂၀
နံပါတ် ၃– ဆအ ၂၀ဂ အဆင့်နိမ့်ကျသွားသော ကောင်းကင်တမန်များအကြောင်း သမ္မာကျမ်းစာပြောသည့်အရာ
နံပါတ် ၄– ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့၏တစ်ခုတည်းသောမျှော်လင့်ရာ ဖြစ်ရသည့်အကြောင်းရင်း (သည စစ. ၉၄-၅ အပိုဒ် ၁၂-၁၃)
ဇွန် ၂၆ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၁၂–၁၄
သီချင်းနံပါတ် ၁၇၂ [*မာကု ၁၅–လုကာ ၃]
နံပါတ် ၁– စည်းစိမ်ချမ်းသာက သင့်ကိုပျော်ရွှင်စေနိုင်သလော (က၉၈ ၅/၁၅ စစ. ၄-၆)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၁၄:၁-၁၄
နံပါတ် ၃– ဆအ ၃က ကမ္ဘာမြေကြီး—ပရဒိသုတစ်ခုဖြစ်ဖို့ ဖန်ဆင်းခံခဲ့ရ
နံပါတ် ၄– ယေရှုသည် ကောင်းကင်ဘုံသို့တက်ကြွပြီးသည်နှင့်တစ်ပြိုင်နက် စတင်မအုပ်ချုပ်ရသည့်အကြောင်း (သည စစ. ၉၅-၆ အပိုဒ် ၁၄-၁၅)
ဇူလိုင် ၃ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၁၅–၁၇
နံပါတ် ၁– ဥနိတ်နှင့်လောဣ—စံထားလောက်သောနည်းပေးလမ်းပြသူများ (က၉၈ ၅/၁၅ စစ. ၇-၉)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၁၆:၄-၁၃
နံပါတ် ၃– ဆအ ၃ခ မြေကြီးပေါ်ရှိသက်ရှိများ မည်သည့်အခါမျှကုန်ဆုံးမည်မဟုတ်
နံပါတ် ၄– လူမျိုးခြားတို့၏အချိန်ကာလသည် မည်သည့်အချိန်တွင်စတင်၍ မည်သည့်အချိန်တွင်ကုန်ဆုံးသနည်း (သည စစ. ၉၆-၇ အပိုဒ် ၁၆-၁၈)
ဇူလိုင် ၁၀ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၁၈–၂၀
သီချင်းနံပါတ် ၁၅၆ [*လုကာ ၉-၁၂]
နံပါတ် ၁– သွေးဆောင်ခြင်းဖြင့် နှလုံးကိုထိမိပါ (က၉၈ ၅/၁၅ စစ. ၂၁-၃)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၁၉:၁-၁၃
နံပါတ် ၃– ဆအ ၂၂က မိစ္ဆာပရောဖက်များကို သင်သိနိုင်သလော
နံပါတ် ၄– ယခုနေ့ရက်များသည် နောက်ဆုံးသောနေ့ရက်များဖြစ်၏ (သည စစ. ၉၈-၉ အပိုဒ် ၁-၄)
ဇူလိုင် ၁၇ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၂၁–၂၄
သီချင်းနံပါတ် ၃၃ [*လုကာ ၁၃-၁၉]
နံပါတ် ၁– သင့်မိသားစုတာဝန်ကိုထမ်းရွက်ပါ (က၉၈ ၆/၁ စစ. ၂၀-၃)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၂၄:၂-၁၅
နံပါတ် ၃– ဆအ ၂၇က ဝိညာဉ်ရေးကုသမှုသည် မည်မျှအရေးကြီးသနည်း
နံပါတ် ၄– နောက်ဆုံးသောနေ့ရက်များ၏ ကြန်အင်လက္ခဏာအချို့ကားအဘယ်နည်း (သည စစ. ၉၉-၁၀၃ အပိုဒ် ၅-၇)
ဇူလိုင် ၂၄ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၂၅–၂၇
သီချင်းနံပါတ် ၆၀ [*လုကာ ၂၀-၂၄]
နံပါတ် ၁– တရားမျှတမှုအစစ်အမှန်—အဘယ်အချိန်နှင့် အဘယ်သို့နည်း (က၉၈ ၆/၁၅ စစ. ၂၆-၉)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၂၅:၂၃-၃၃
နံပါတ် ၃– ဆအ ၂၇ခ ဘုရားသခင့်နိုင်ငံတော်—တည်မြဲသောကာယရေးကုစားမှုကိုဖြစ်စေမည့်နည်းလမ်း
နံပါတ် ၄– နောက်ဆုံးသောနေ့ရက်များအတွက် ကြိုဟောထားသည့် လူသားတို့၏ယုတ်ညံ့သောအမူအကျင့် (သည စစ. ၁၀၃-၄ အပိုဒ် ၈-၁၂)
ဇူလိုင် ၃၁ ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၂၈–၃၁
သီချင်းနံပါတ် ၁၇၀ [*ယောဟန် ၁-၆]
နံပါတ် ၁– ၁ ဓမ္မရာဇဝင်ကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၅၀-၃ အပိုဒ် ၂၇-၃၅)
နံပါတ် ၂– ၁ ဓမ္မရာဇဝင် ၃၁:၁-၁၃
နံပါတ် ၃– ဆအ ၂၇ဂ မျက်မှောက်ခေတ်ယုံကြည်ခြင်းကုထုံးသည် ဘုရားသခင့်ထံတော်မှမဟုတ်
နံပါတ် ၄– နောက်ဆုံးသောနေ့ရက်များ၏ ထူးခြားသောကြန်အင်လက္ခဏာနှစ်ခု (သည စ. ၁၀၅ အပိုဒ် ၁၃-၁၄)
ဩဂုတ် ၇ ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၁–၄
သီချင်းနံပါတ် ၂၂ [*ယောဟန် ၇-၁၁]
နံပါတ် ၁– ၂ ဓမ္မရာဇဝင်ကျမ်း၏နိဒါန်း (ကမ စစ. ၅၃-၅ အပိုဒ် ၁-၅)
နံပါတ် ၂– ၂ ဓမ္မရာဇဝင် ၂:၁-၁၁
နံပါတ် ၃– ဆအ ၂၇ဃ ဘာသာစကားအမျိုးမျိုးပြောခြင်းသည် ဘုရားသခင့်မျက်နှာသာအတွက်သေချာသောအထောက်အထားဟုတ်သလော
နံပါတ် ၄– ယခုနေ့ရက်များသည် နောက်ဆုံးသောနေ့ရက်များဖြစ်သည်ဟူသော အထောက်အထားများကိုတုံ့ပြန်ပါ (သည စစ. ၁၀၆-၇ အပိုဒ် ၁၅-၁၇)
ဩဂုတ် ၁၄ ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၅–၈
သီချင်းနံပါတ် ၁၇၄ [*ယောဟန် ၁၂-၁၈]
နံပါတ် ၁– ‘အားတက်သရောကြိုးစားအားထုတ်ကြလော့’ (က၉၈ ၆/၁၅ စစ. ၃၀-၁)
နံပါတ် ၂– ၂ ဓမ္မရာဇဝင် ၇:၄-၁၆
နံပါတ် ၃– ဆအ ၂က မည်သူများကောင်းကင်သို့သွားမည်နည်း
နံပါတ် ၄– ဆိုးညစ်သောနာမ်ဝိညာဉ်များ မုချတည်ရှိ၏! (သည စ. ၁၀၈ အပိုဒ် ၁-၃)
ဩဂုတ် ၂၁ ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၉–၁၂
သီချင်းနံပါတ် ၁၀၇ [*ယောဟန် ၁၉–တမန်တော် ၄]
နံပါတ် ၁– အိမ်နီးချင်းကောင်းတစ်ဦးဖြစ်ပါ (က၉၈ ၇/၁ စစ. ၃၀-၁)
နံပါတ် ၂– ၂ ဓမ္မရာဇဝင် ၁၁:၂-၁၅
နံပါတ် ၃– ဆအ ၈က ငရဲဟူသည် ညှဉ်းပန်းသောနေရာတစ်ခုမဟုတ်
နံပါတ် ၄– ဆိုးညစ်သောကောင်းကင်တမန်များ စာတန်ဘက်ပါသွားကြ (သည စ. ၁၀၉ အပိုဒ် ၄-၅)
ဩဂုတ် ၂၈ ရေးဖြေစစ်ဆေးခြင်း။ တရားသူကြီး ၈–၂ ဓမ္မရာဇဝင် ၁၂
သီချင်းနံပါတ် ၁၇၇ [*တမန်တော် ၅-၁၀]
စက် ၄ ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၁၃–၁၅
သီချင်းနံပါတ် ၁၈၃ [*တမန်တော် ၁၁-၁၆]
နံပါတ် ၁– သင်တို့သားသမီးများ၏ဘဝကို အစကောင်းစေပါ (က၉၈ ၇/၁၅ စစ. ၄-၆)
နံပါတ် ၂– ၂ ဓမ္မရာဇဝင် ၁၃:၂၀-၃၃
နံပါတ် ၃– ဆအ ၈ခ မီးသည် အစတုံးဖျက်ဆီးခြင်း၏လက္ခဏာသာဖြစ်
နံပါတ် ၄– နတ်ဝိဇ္ဇာအတတ်မှန်သမျှကို ငြင်းပယ်လော့ (သည စ. ၁၁၁ အပိုဒ် ၆-၈)
စက် ၁၁ ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၁၆–၁၈
သီချင်းနံပါတ် ၁၂၉ [*တမန်တော် ၁၇-၂၂]
နံပါတ် ၁– အသုဘထုံးတမ်းများအပေါ် ခရစ်ယာန်အမြင် (က၉၈ ၇/၁၅ စစ. ၂၀-၄)
နံပါတ် ၂– ၂ ဓမ္မရာဇဝင် ၁၆:၅-၁၄
နံပါတ် ၃– ဆအ ၈ဂ သူဌေးကြီးနှင့်လာဇရုအဖြစ်အပျက်သည် ထာဝရညှဉ်းပန်းခြင်းကို သက်သေမထူ
နံပါတ် ၄– သမ္မာကျမ်းစာက နတ်ဝိဇ္ဇာအတတ်ကို ပြစ်တင်ရှုတ်ချရသည့်အကြောင်းရင်း (သည စစ. ၁၁၂-၁၃ အပိုဒ် ၉-၁၁)
စက် ၁၈ ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၁၉–၂၁
သီချင်းနံပါတ် ၁၉ [*တမန်တော် ၂၃–ရောမ ၁]
နံပါတ် ၁– သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ယုံကြည်စိတ်ချနိုင်ပါသလော (က၉၈ ၉/၁ စစ. ၄-၇)
နံပါတ် ၂– ၂ ဓမ္မရာဇဝင် ၂၀:၁၊ ၂၊ ၁၄-၂၂
နံပါတ် ၃– ဆအ ၃၉က အထိမ်းအမှတ်ပွဲများအပေါ် ခရစ်ယာန်အမြင်
နံပါတ် ၄– သမ္မာကျမ်းစာသည် ဆိုးညစ်သောနာမ်ဝိညာဉ်များလှုပ်ရှားပုံကို ဖော်ပြ (သည စစ. ၁၁၃-၁၄ အပိုဒ် ၁၂-၁၃)
စက် ၂၅ ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၂၂–၂၄
နံပါတ် ၁– ၂ ဓမ္မရာဇဝင်ကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၅၆-၇ အပိုဒ် ၂၈-၃၁)
နံပါတ် ၂– ၂ ဓမ္မရာဇဝင် ၂၃:၈-၁၇
နံပါတ် ၃– ဆအ ၂၈က ရုပ်ပွားဆင်းတုများအသုံးပြုခြင်းသည် ဘုရားသခင်ကိုရှုတ်ချရာကျ
နံပါတ် ၄– နာမ်ဝိညာဉ်ဆိုးများကို ခုခံတွန်းလှန်နည်း (သည စစ. ၁၁၄-၁၅ အပိုဒ် ၁၄-၁၅)
အောက် ၂ ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၁–၂
သီချင်းနံပါတ် ၃၆ [*ရောမ ၁၀–၁ ကောရိန္သု ၃]
နံပါတ် ၁– ၃ ဓမ္မရာဇဝင်ကျမ်း၏နိဒါန်း (ကမ စစ. ၅၇-၆၀ အပိုဒ် ၁-၅)
နံပါတ် ၂– ၃ ဓမ္မရာဇဝင် ၂:၁-၁၁
နံပါတ် ၃– ဆအ ၂၈ခ ရုပ်တုကိုးကွယ်ခြင်း၏အကျိုးဆက်များ
နံပါတ် ၄– ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပုံ (သည စစ. ၁၁၅-၁၆ အပိုဒ် ၁၆-၁၇)
အောက် ၉ ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၃–၆
သီချင်းနံပါတ် ၁၀၆ [*၁ ကောရိန္သု ၄-၁၃]
နံပါတ် ၁– ဦးစားထားသင့်ရာများကို ဦးစားထားပါ (က၉၈ ၉/၁ စစ. ၁၉-၂၁)
နံပါတ် ၂– ၃ ဓမ္မရာဇဝင် ၄:၂၁-၃၄
နံပါတ် ၃– ဆအ ၂၈ဂ ယေဟောဝါတစ်ပါးတည်းကိုသာ ကိုးကွယ်ရန်ဖြစ်
နံပါတ် ၄– ဆအ ၂၆က #ယုံကြည်ကိုးကွယ်မှုရောနှောခြင်းသည် ဘုရားသခင့်လမ်းစဉ်မဟုတ်
အောက် ၁၆ ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၇–၈
သီချင်းနံပါတ် ၇၆ [*၁ ကောရိန္သု ၁၄–၂ ကောရိန္သု ၇]
နံပါတ် ၁– ရာထူးကြီးမြင့်သူများရှေ့ သက်သေခံခြင်း (က၉၈ ၉/၁ စစ. ၃၀-၁)
နံပါတ် ၂– ၃ ဓမ္မရာဇဝင် ၇:၁-၁၄
နံပါတ် ၃– ဆအ ၂၆ခ ဘာသာတရားတိုင်းကောင်းသလော
နံပါတ် ၄– ဆအ ၂၄က ခရစ်ယာန်များသည် ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို အသုံးပြုသင့်
အောက် ၂၃ ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၉–၁၁
သီချင်းနံပါတ် ၉၇ [*၂ ကောရိန္သု ၈–ဂလာတိ ၄]
နံပါတ် ၁– ကွမ်းဖိုးအပေါ်ခရစ်ယာန်အမြင် (က၉၈ ၉/၁၅ စစ. ၂၄-၇)
နံပါတ် ၂– ၃ ဓမ္မရာဇဝင် ၁၁:၁-၁၃
နံပါတ် ၃– ဆအ ၂၄ခ ဘုရားသခင်ရှိခြင်းနှင့်ပတ်သက်သည့်အမှန်တရား
နံပါတ် ၄– ဆအ ၂၄ဂ #ဘုရားသခင့်ဂုဏ်တော်များကို ခွဲခြားသိရှိခြင်း
အောက် ၃၀ ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၁၂–၁၄
သီချင်းနံပါတ် ၁၁၃ [*ဂလာတိ ၅–ဖိလိပ္ပိ ၂]
နံပါတ် ၁– ဘုရားသခင်သည် သင့်အတွက် ပုဂ္ဂိုလ်စင်စစ်ဖြစ်သလော (က၉၈ ၉/၁၅ စစ. ၂၁-၃)
နံပါတ် ၂– ၃ ဓမ္မရာဇဝင် ၁၃:၁-၁၀
နံပါတ် ၃– ဆအ ၂၄ဃ လူအားလုံးသည် ဘုရားတစ်ဆူတည်းကို ကိုးကွယ်နေသည်မဟုတ်
နံပါတ် ၄– ဆအ ၂၅က ယေဟောဝါသက်သေများသည် ဘာသာတရားအသစ်တစ်ခုလော
နို ၆ ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၁၅–၁၇
သီချင်းနံပါတ် ၁၂၃ [*ဖိလိပ္ပိ ၃–၁ သက်သာလောနိတ် ၅]
နံပါတ် ၁– ဝိညာဉ်ရေးတိုးတက်မှုကို ဆက်၍လုပ်ဆောင်နေပါလေ! (က၉၈ ၁၀/၁ စစ. ၂၈-၃၁)
နံပါတ် ၂– ၃ ဓမ္မရာဇဝင် ၁၅:၉-၂၄
နံပါတ် ၃– ဆအ ၂၃က ယေရှုခရစ်—ဘုရားသခင့်သားတော်နှင့် ဘိသိက်ခံမင်း
နံပါတ် ၄– ဆအ ၂၃ခ ကယ်တင်ခြင်းခံရဖို့အတွက် ယေရှုကိုယုံကြည်ဖို့ အဘယ်ကြောင့်လို
နို ၁၃ ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၁၈–၂၀
သီချင်းနံပါတ် ၁၅၉ [*၂ သက်သာလောနိတ် ၁–၂ တိမောသေ ၃]
နံပါတ် ၁– ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းပါ (က၉၈ ၁၁/၁ စစ. ၄-၇)
နံပါတ် ၂– ၃ ဓမ္မရာဇဝင် ၂၀:၁၊ ၁၃-၂၂
နံပါတ် ၃– ဆအ ၂၃ဂ ကယ်တင်ခြင်းခံရဖို့ ယေရှုကိုယုံကြည်ရုံနှင့် လုံလောက်သလော
နံပါတ် ၄– ဆအ ၁၅က #ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့်ကောင်းချီးများ
နို ၂၀ ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၂၁–၂၂
သီချင်းနံပါတ် ၁၇၉ [*၂ တိမောသေ ၄–ဟေဗြဲ ၇]
နံပါတ် ၁– ၃ ဓမ္မရာဇဝင်ကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၆၁-၂ အပိုဒ် ၂၃-၆)
နံပါတ် ၂– ၃ ဓမ္မရာဇဝင် ၂၂:၂၉-၄၀
နံပါတ် ၃– ဆအ ၁၅ခ ခရစ်တော်၏ရန်သူများလှုပ်ရှားဆဲမှာပင် နိုင်ငံတော်အုပ်ချုပ်မှုစတင်
နံပါတ် ၄– ဆအ ၁၅ဂ ဘုရားသခင့်နိုင်ငံတော်သည် လူ့ကြိုးစားအားထုတ်မှုများအားဖြင့် တည်ထောင်သည်မဟုတ်
နို ၂၇ ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၁–၃
သီချင်းနံပါတ် ၁၄၈ [*ဟေဗြဲ ၈–ယာကုပ် ၂]
နံပါတ် ၁– ၄ ဓမ္မရာဇဝင်ကျမ်း၏နိဒါန်း (ကမ စစ. ၆၃-၄ အပိုဒ် ၁-၄)
နံပါတ် ၂– ၄ ဓမ္မရာဇဝင် ၂:၁၅-၂၅
နံပါတ် ၃– ဆအ ၁၄က “ကပ်ကမ္ဘာအဆုံး” ဟူသည် ဘာကိုဆိုလို
နံပါတ် ၄– ဆအ ၁၄ခ #နောက်ဆုံးနေ့ရက်များ၏လက္ခဏာများနှင့်စပ်လျဉ်း၍ ဝိညာဉ်ရေးအရနိုးကြားနေပါ
ဒီ ၄ ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၄–၆
သီချင်းနံပါတ် ၁၀၉ [*ယာကုပ် ၃–၂ ပေတရု ၃]
နံပါတ် ၁– ဆိုင်မွန်နီကိုသတိပြု (က၉၈ ၁၁/၁၅ စ. ၂၈)
နံပါတ် ၂– ၄ ဓမ္မရာဇဝင် ၅:၂၀-၂၇
နံပါတ် ၃– ဆအ ၄၂က ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
နံပါတ် ၄– ဆအ ၄၂ခ မည်သူတို့ ကောင်းကင်သို့သွားသနည်း
ဒီ ၁၁ ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၇–၉
သီချင်းနံပါတ် ၁၁၇ [*၁ ယောဟန် ၁–ဗျာဒိတ် ၁]
နံပါတ် ၁– ငွေချေးပေးသည့်အခါ သို့မဟုတ် ငွေချေးယူသည့်အခါ လိုက်နာရမည့်ကျမ်းစာမူများ(က၉၈ ၁၁/၁၅ စစ. ၂၄-၇)
နံပါတ် ၂– ၄ ဓမ္မရာဇဝင် ၇:၁၊ ၂၊ ၆၊ ၇၊ ၁၆-၂၀
နံပါတ် ၃– ဆအ ၄၂ဂ မြေကြီးပေါ် ထာဝရအသက်ရရှိမည့်သူဦးရေကို ကန့်သတ်မထား
နံပါတ် ၄– ဆအ ၁၂က #ထိမ်းမြားပေါင်းစည်းခြင်းသည် အသရေရှိရမည်
ဒီ ၁၈ ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၁၀–၁၂
သီချင်းနံပါတ် ၁၈၁ [*ဗျာဒိတ် ၂-၁၂]
နံပါတ် ၁– ယေရှုမွေးဖွားခြင်းဖြစ်ရပ်မှန် (က၉၈ ၁၂/၁၅ စစ. ၅-၉)
နံပါတ် ၂– ၄ ဓမ္မရာဇဝင် ၁၁:၁-၃၊ ၉-၁၆
နံပါတ် ၃– ဆအ ၁၂ခ ခရစ်ယာန်များသည် ဦးစီးမှုမူကိုလေးစားရမည်
နံပါတ် ၄– ဆအ ၁၂ဂ မိဘတို့ သားသမီးအပေါ်ရှိသည့်တာဝန်
ဒီ ၂၅ ရေးဖြေစစ်ဆေးခြင်း။ ၂ ဓမ္မရာဇဝင် ၁၃–၄ ဓမ္မရာဇဝင် ၁၂
သီချင်းနံပါတ် ၁၂၇ [*ဗျာဒိတ် ၁၃-၂၂]