၂၀၀၁ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်
ညွှန်ကြားချက်များ
၂၀၀၁ ခုနှစ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
ရည်ညွှန်းကိုးကားချက်– ကမ္ဘာသစ်ဘာသာပြန်ကျမ်း [ကဘ]၊ ကင်းမျှော်စင် [က]၊ “ကျမ်းစာတစ်ကျမ်းလုံးဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” [ကမ] နှင့် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း [ကက] သည် တာဝန်ခန့်အပ်ချက်များအတွက် အခြေခံဖြစ်ပါမည်။
သီချင်းဆို၊ ဆုတောင်း၊ တိုတိုတုတ်တုတ် ကြိုဆိုနှုတ်ဆက်ခြင်းဖြင့် ကျောင်းကို အချိန်မီ စတင်သင့်သည်။ အစီအစဉ်တွင်တင်ပြမည့်အကြောင်းအရာကို ကြိုတင်,တင်ပြရန်မလိုပေ။ ကျောင်းကြီးကြပ်မှူးသည် အပိုင်းတစ်ခုစီကိုမိတ်ဆက်ပေးစဉ် သူသည် တင်ဆက်သွားမည့်အကြောင်းအရာကို ဖော်ပြပေးပါမည်။ အောက်ပါအတိုင်း ကျင်းပသွားရန်ဖြစ်သည်–
တာဝန်နံပါတ် ၁– ၁၅ မိနစ်။ အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ဤဟောပြောချက်ကို တာဝန်ယူသင့်သည်၊ ကင်းမျှော်စင် သို့မဟုတ် “ကျမ်းစာတစ်ကျမ်းလုံးဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” ပါအကြောင်းကို အခြေခံမည်ဖြစ်သည်။ ကင်းမျှော်စင်ပါအကြောင်းကို အခြေခံသောအခါ ပြန်လည်မေးမြန်းခြင်းမပြုဘဲ ၁၅ မိနစ်လုံးလုံး သွန်သင်ဟောပြောချက်အနေနှင့် တင်ပြသင့်သည်; “ကျမ်းစာတစ်ကျမ်းလုံး” ပါအကြောင်းကို အခြေခံသောအခါ ၁၀-၁၂ မိနစ်ခန့် ဟောပြောချက်အနေနှင့် တင်ပြသင့်ပြီး စာအုပ်ပါပုံနှိပ်ထားသည့် မေးခွန်းများကိုအသုံးပြု၍ ၃-၅ မိနစ်ခန့် မေးမြန်းစစ်ဆေးမည်။ အကြောင်းအရာအားလုံးကို အပြီးတင်ပြနိုင်ရုံသာ ဦးတည်ချက်မထားသင့်ဘဲ ဆွေးနွေးဖော်ပြသည့်အကြောင်း၏ လက်တွေ့ကျတန်ဖိုးကို အာရုံစူးစိုက်ရမည်၊ အသင်းတော်အတွက် အကူအညီအဖြစ်ဆုံးသောအချက်များကို ပေါ်လွင်စေပါ။ ဖော်ပြထားသောအဓိကခေါင်းစဉ်ကို အသုံးပြုသင့်သည်။
ဤဟောပြောချက်ကို တာဝန်ရသည့်ညီအစ်ကိုများသည် ကန့်သတ်ထားချိန်အတွင်းဟောပြောရန်ဂရုစိုက်သင့်သည်။ လိုအပ်လျှင် သို့မဟုတ် ဟောပြောသူကတောင်းဆိုလျှင် သီးသန့်သွန်သင်ချက်ပေးနိုင်သည်။
ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်မျာ– ၆ မိနစ်။ ဒေသလိုအပ်ရာများနှင့်အညီ သက်ဆိုင်ပုံကို ထိရောက်စွာတင်ပြမည့် အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦး တာဝန်ယူသင့်သည်။ ခေါင်းစဉ်မလိုအပ်ပါ။ ဖတ်ရန်ပေးထားသည့်အခန်းများကို အကျဉ်းချုံးဖော်ပြရုံမျှမဖြစ်သင့်။ တာဝန်ပေးထားသောအခန်းများကိုခြုံငုံ၍ ၃၀-မှ ၆၀-စက္ကန့်အထိ တင်ပြခြင်းပါဝင်နိုင်သည်။ သို့ရာတွင် အဓိကရည်ရွယ်ချက်မှာ အကြောင်းအရာသည် အဘယ်ကြောင့်နှင့် အဘယ်သို့ ကျွန်ုပ်တို့ကို အကျိုးပေး၍တန်ဖိုးရှိသည်ကို ပရိသတ်အား သဘောပေါက်စေရန်ဖြစ်သည်။ ယင်းနောက် ကျောင်းကြီးကြပ်မှူးက ကျောင်းသားများကို သက်ဆိုင်ရာအတန်းများသို့ သွားစေပါမည်။
တာဝန်နံပါတ် ၂– ၅ မိနစ်။ ပင်မကျောင်းတွင်ဖြစ်စေ၊ အရန်ကျောင်းတွင်ဖြစ်စေ သတ်မှတ်ထားသည့်ကျမ်းပိုဒ်များကိုဖတ်ရန် ညီအစ်ကိုတစ်ဦးအားပေးရသည့်တာဝန်ဖြစ်သည်။ ဖတ်ရန်ကျမ်းပိုဒ်များမှာ များလွန်းခြင်းမရှိသဖြင့် စကားချီးနှင့်နိဂုံးတွင် ဆီလျော်သည့်ရှင်းလင်းချက်တို့ကို ကျောင်းသားအနေနှင့် အတိုချုပ်၍တင်ပြနိုင်သည်။ ရာဇဝင်နောက်ခံ ပရောဖက်ပြုချက် သို့မဟုတ် အယူဝါဒတို့၏အနက်အဓိပ္ပာယ်နှင့် မူများ၏လက်တွေ့အသုံးကျပုံတို့ကို ထည့်သွင်းတင်ပြနိုင်သည်။ တာဝန်ပေးထားသည့်အခန်းငယ်အားလုံးကို ဆက်တိုက်ဖတ်ပြရပါမည်။ ဖတ်ရမည့်အခန်းငယ်များသည် ဆက်တိုက်မဟုတ်ပါက ကျောင်းသားသည် ဆက်ဖတ်မည့်အခန်းငယ်ကို ဖော်ညွှန်းပေးပေမည်။
တာဝန်နံပါတ် ၃– ၅ မိနစ်။ ယင်းကို ညီအစ်မတစ်ဦးအား တာဝန်ပေးပါမည်။ ဤတင်ဆက်မှုအတွက်အကြောင်းအရာသည် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း ကို အခြေခံမည်ဖြစ်သည်။ အလွတ်သဘောသက်သေခံခြင်း၊ ပြန်လည်ပတ်မှု သို့မဟုတ် အိမ်တွင်းကျမ်းစာသင်အံမှုတို့ဖြင့် ဇာတ်အိမ်ကိုတင်ပြနိုင်ပြီး ပါဝင်သူများသည် ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ တင်ပြနိုင်သည်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသူက တာဝန်ရထားသည့်အကြောင်းအရာကို အဆင့်ဆင့်တင်ဆက်ကာ အိမ်ရှင်အား ကျမ်းချက်များအပေါ်ဆင်ခြင်ရန်ကူညီပေးပုံကို အထူးစိတ်ဝင်စားမည်။ ဤအပိုင်းကိုတာဝန်ရရှိသောကျောင်းသူသည် မည်သို့စာဖတ်ရမည်ကို သိသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သူ့ကိုကူညီပေးရန် တစ်ဦးကိုတာဝန်ပေးမည်၊ သို့သော် တစ်ဦးထက်မက အသုံးပြုနိုင်သည်။ ဇာတ်အိမ်ကိုမဟုတ်ဘဲ ကျမ်းစာကို ထိရောက်စွာအသုံးပြုခြင်းကို အဓိကဂရုပြုသင့်သည်။
တာဝန်နံပါတ် ၄– ၅ မိနစ်။ ဤတာဝန်အတွက်အကြောင်းအရာသည် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း ကို အခြေခံမည်ဖြစ်သည်။ တာဝန်နံပါတ် ၄ ကိုညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးအား တာဝန်ပေးမည်။ ညီအစ်ကိုတစ်ဦးကိုတာဝန်ပေးလျှင် ဟောပြောချက်တစ်ခုအနေဖြင့် အမြဲတင်ပြသင့်၏။ ညီအစ်မတစ်ဦးကိုတာဝန်ပေးလျှင် တာဝန်နံပါတ် ၃ အတိုင်းတင်ဆက်သင့်သည်။
ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်– တစ်နေ့လျှင် တစ်မျက်နှာခန့်ဖတ်သည့် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို လိုက်နာကြရန် အသင်းတော်ရှိသူတိုင်းကို အားပေးပါသည်။
မှတ်ချက်– သွန်သင်ချက် အချိန် ရေးဖြေစစ်ဆေးခြင်း တာဝန်များပြင်ဆင်ခြင်းတို့နှင့်စပ်လျဉ်းသည့် ထပ်ဆင့်အချက်အလက်နှင့် ညွှန်ကြားချက်အတွက် ၁၉၉၆ အောက်တိုဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာမျက်နှာ ၃ ကိုကျေးဇူးပြု၍ကြည့်ပါ။
အစီအစဉ်
ဇန် ၁ ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၁၃–၁၆
နံပါတ် ၁– ခွင့်လွှတ်မှုလုပ်ရပ်တစ်ခုက ကယ်တင်ခြင်းလမ်းကိုပွင့်စေ (က၉၉ ၁/၁ စစ. ၃၀-၁)
နံပါတ် ၂– ၄ ဓမ္မရာဇဝင် ၁၄:၁-၁၄
နံပါတ် ၃– ကိုယ်ဝန်ဖျက်ချခြင်း—အဘယ်ကြောင့်တားမြစ်ထား (ကက စစ. ၅၄-၅ အပိုဒ် ၄)
နံပါတ် ၄– ‘ကိုယ့်ရဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ကိစ္စကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်’ ဟုဆိုသူတစ်စုံတစ်ယောက်ကိုတုံ့ပြန်ခြင်း (ကက စ. ၅၅ အပိုဒ် ၅)
ဇန် ၈ ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၁၇–၂၀
နံပါတ် ၁– လက်ခံရန်လွယ်ကူသည့်သွန်သင်ချက် (က၉၉ ၁/၁၅ စစ. ၂၁-၄)
နံပါတ် ၂– ၄ ဓမ္မရာဇဝင် ၁၈:၁-၁၆
နံပါတ် ၃– အာဒံနှင့်ဧဝ—တကယ့်သမိုင်းဝင်ပုဂ္ဂိုလ်များလော (ကက စစ. ၄၁၁-၂ အပိုဒ် ၅)
နံပါတ် ၄– ‘အာဒံရဲ့အပြစ်ဟာ ဘုရားသခင်ရဲ့အလိုတော်၊ ဘုရားသခင်ရဲ့အကြံအစည်ပါပဲ’ ဟုဆိုသူတစ်စုံတစ်ယောက်ကို တုံ့ပြန်ခြင်း (ကက စ. ၄၁၃ အပိုဒ် ၁-၂)
ဇန် ၁၅ ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၂၁–၂၅
နံပါတ် ၁– ၄ ဓမ္မရာဇဝင်—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၆၆-၇ အပိုဒ် ၃၃-၆)
နံပါတ် ၂– ၄ ဓမ္မရာဇဝင် ၂၁:၁-၁၆
နံပါတ် ၃– ဘိုးဘေးကိုးကွယ်ခြင်းသည် အဘယ်ကြောင့်အချည်းနှီးဖြစ်သနည်း (ကက စစ. ၂၀၂-၃ အပိုဒ် ၁၀)
နံပါတ် ၄– ဘိုးဘေးကိုးကွယ်ခြင်းကို ယေဟောဝါဘုရားမနှစ်သက်သည့်အကြောင်းရင်း (ကက စ. ၂၀၄ အပိုဒ် ၁-၆)
ဇန် ၂၂ ကျမ်းစာဖတ်ရှုခြင်း– ၁ ရာဇဝင်ချုပ် ၁–၅
နံပါတ် ၁– ၁ ရာဇဝင်ချုပ်ကျမ်း၏နိဒါန်း (ကမ စစ. ၆၇-၇၀ အပိုဒ် ၁-၇)
နံပါတ် ၂– ၁ ရာဇဝင်ချုပ် ၁:၁-၂၇
နံပါတ် ၃– အန္တိခရစ်များကား မည်သူတို့နည်း (ကက စစ. ၄၂၉-၃၁)
နံပါတ် ၄– အယူဖောက်ပြန်သူများကို ခွဲခြားသိမြင်ခြင်း (ကက စစ. ၃၉၇-၉ အပိုဒ် ၂)
ဇန် ၂၉ ကျမ်းစာဖတ်ရှုခြင်း– ၁ ရာဇဝင်ချုပ် ၆–၁၀
နံပါတ် ၁– စစ်မှန်သောနှိမ့်ချမှုကို မည်သို့တင်ပြနိုင် (က၉၉ ၂/၁ စစ. ၆-၇)
နံပါတ် ၂– ၁ ရာဇဝင်ချုပ် ၉:၁-၂၁
နံပါတ် ၃– အယူဖောက်ပြန်သူများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏သဘောထား မည်သို့ဖြစ်သင့်သနည်း (ကက စ. ၃၉၉ အပိုဒ် ၃–စ. ၄၀၀ အပိုဒ် ၄)
နံပါတ် ၄– ခရစ်တော်သည် ချာ့ချ်ကို ပေတရုအပေါ်မတည်ဆောက်ခဲ့ (ကက စစ. ၁၂၀-၂ အပိုဒ် ၂)
ဖေ ၅ ကျမ်းစာဖတ်ရှုခြင်း– ၁ ရာဇဝင်ချုပ် ၁၁–၁၆
နံပါတ် ၁– အားပေးရာရင်းမြစ်တစ်ခုဖြစ်ပါ (က၉၉ ၂/၁၅ စစ. ၂၆-၉)
နံပါတ် ၂– ၁ ရာဇဝင်ချုပ် ၁၁:၁-၁၉
နံပါတ် ၃– ပေတရုအသုံးပြုခဲ့သည့်သော့များကား အဘယ်နည်း (ကက စ. ၁၂၂ အပိုဒ် ၃–စ. ၁၂၅ အပိုဒ် ၁)
နံပါတ် ၄– ခရစ်ယာန်စစ်များမဟုတ်သည့် “တမန်တော်များကိုဆက်ခံသူများ” (ကက စ. ၁၂၅ အပိုဒ် ၂–စ. ၁၂၇ အပိုဒ် ၅)
ဖေ ၁၂ ကျမ်းစာဖတ်ရှုခြင်း– ၁ ရာဇဝင်ချုပ် ၁၇–၂၃
နံပါတ် ၁– နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့ (က၉၉ ၃/၁ စစ. ၃၀-၁)
နံပါတ် ၂– ၁ ရာဇဝင်ချုပ် ၁၈:၁-၁၇
နံပါတ် ၃– အာမဂေဒုန်စစ်ပွဲသည် မည်သည့်နေရာတွင် ဖြစ်မည်နည်း (ကက စစ. ၄၁၃-၅ အပိုဒ် ၆)
နံပါတ် ၄– အာမဂေဒုန်တွင် မည်သူများနှင့် မည်သည့်အရာများဖျက်ဆီးခံရမည်နည်း (ကက စ. ၄၁၅ အပိုဒ် ၇–စ. ၄၁၆ အပိုဒ် ၄)
ဖေ ၁၉ ကျမ်းစာဖတ်ရှုခြင်း– ၁ ရာဇဝင်ချုပ် ၂၄–၂၉
နံပါတ် ၁– ၁ ရာဇဝင်ချုပ်—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၇၂-၃ အပိုဒ် ၂၂-၅)
နံပါတ် ၂– ၁ ရာဇဝင်ချုပ် ၂၉:၁-၁၃
နံပါတ် ၃– အာမဂေဒုန်ကို မည်သူကပ်ကျော်မည်နည်း (ကက စ. ၄၁၆ အပိုဒ် ၅–စ. ၄၁၇ အပိုဒ် ၂)
နံပါတ် ၄– အာမဂေဒုန်—ဘုရားသခင့်မေတ္တာတော်ကို မချေဖျက် (ကက စ. ၄၁၇ ၃-၅)
ဖေ ၂၆ ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၁–၅
နံပါတ် ၁– ၂ ရာဇဝင်ချုပ်ကျမ်း၏နိဒါန်း (ကမ စစ. ၇၃-၅ အပိုဒ် ၁-၆)
နံပါတ် ၂– ၂ ရာဇဝင်ချုပ် ၁:၁-၁၇
နံပါတ် ၃– အာမဂေဒုန်တွင် ကြားနေ၍မဖြစ်နိုင် (ကက စ. ၄၁၇ အပိုဒ် ၆–စ. ၄၁၈ အပိုဒ် ၂)
နံပါတ် ၄– မည်သူ့သြဇာက တိုင်းနိုင်ငံများကို အာမဂေဒုန်စစ်ပွဲဖြစ်မည့်အခြေအနေသို့ရောက်အောင် တွန်းပို့ပေးနေသနည်း (ကက စ. ၄၁၈ အပိုဒ် ၃-၄)
မတ် ၅ ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၆–၉
နံပါတ် ၁– စိုးရိမ်ပူပန်မှု၏ အလွှမ်းမိုးမခံပါနှင့် (က၉၉ ၃/၁၅ စစ. ၂၁-၃)
နံပါတ် ၂– ၂ ရာဇဝင်ချုပ် ၈:၁-၁၆
နံပါတ် ၃– ဗျာဒိတ်ကျမ်းပါ ဗာဗုလုန်ကိုခွဲခြားသိမြင်ခြင်း (ကက စ. ၂၀၅ အပိုဒ် ၁-၂)
နံပါတ် ၄– ရှေးဗာဗုလုန်သည် မည်သည့်အရာများကြောင့် ကျော်ကြားခဲ့သနည်း (ကက စ. ၂၀၅ အပိုဒ် ၃–စ. ၂၀၇ အပိုဒ် ၅)
မတ် ၁၂ ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၁၀–၁၅
နံပါတ် ၁– သင့်အတွေးအခေါ်ကို မည်သူပုံသွင်းသနည်း (က၉၉ ၄/၁ စစ. ၁၆-၈)
နံပါတ် ၂– ၂ ရာဇဝင်ချုပ် ၁၀:၁-၁၆
နံပါတ် ၃– ခရစ်ယာန်အမည်ခံဘာသာရေးများသည် အဘယ်ကြောင့် မဟာဗာဗုလုန်၏အစိတ်အပိုင်းဖြစ် (ကက စ. ၂၀၈ အပိုဒ် ၁–စ. ၂၀၉ အပိုဒ် ၁)
နံပါတ် ၄– မဟာဗာဗုလုန်မှထွက်ရန် အဘယ်ကြောင့် အရေးတကြီးလိုအပ် (ကက စ. ၂၀၉ အပိုဒ် ၂-၇)
မတ် ၁၉ ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၁၆–၂၀
နံပါတ် ၁– ဗာလဝတ်ပြုရေး၏စိတ်ဓာတ်မှ သင့်နှလုံးကိုကာကွယ်ပါ (က၉၉ ၄/၁ စစ. ၂၄-၇)
နံပါတ် ၂– ၂ ရာဇဝင်ချုပ် ၁၆:၁-၁၄
နံပါတ် ၃– နှစ်ခြင်းဟူသည် အဘယ်နည်း၊ ယုံကြည်သူများ အဘယ်ကြောင့်နှစ်ခြင်းခံကြရ (ကက စ. ၁၇၅ အပိုဒ် ၂–စ. ၁၇၆ အပိုဒ် ၁)
နံပါတ် ၄– ခရစ်ယာန်နှစ်ခြင်း—ဖျန်းခြင်းအားဖြင့်မဟုတ်၊ နို့စို့သူငယ်များအတွက်မဟုတ် (ကက စ. ၁၇၆ အပိုဒ် ၂-၇)
မတ် ၂၆ ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၂၁–၂၅
နံပါတ် ၁– လေးမြတ်ကြောင်း ဖွင့်ဟဖော်ပြရန် မတွန့်ဆုတ်နှင့် (က၉၉ ၄/၁၅ စစ. ၁၅-၁၇)
နံပါတ် ၂– ၂ ရာဇဝင်ချုပ် ၂၂:၁-၁၂
နံပါတ် ၃– ရေနှစ်ခြင်းသည် အပြစ်များကိုမဖြေလွှတ်ပေး (ကက စ. ၁၇၆ အပိုဒ် ၈–စ. ၁၇၇ အပိုဒ် ၃)
နံပါတ် ၄– မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းခံသနည်း (ကက စ. ၁၇၇ အပိုဒ် ၄–စ. ၁၇၈ အပိုဒ် ၆)
ဧပြီ ၂ ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၂၆–၂၉
နံပါတ် ၁– ဘုရားသခင်သည် “မဖြောင့်သော” နည်းများဖြင့် စီရင်တတ်သလော (က၉၉ ၅/၁ စစ. ၂၈-၉)
နံပါတ် ၂– ၂ ရာဇဝင်ချုပ် ၂၈:၁-၁၅
နံပါတ် ၃– မီးနှစ်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်နှစ်ခြင်းခံခြင်းနှင့်မတူ (ကက စ. ၁၇၉ အပိုဒ် ၁-၅)
နံပါတ် ၄– သမ္မာကျမ်းစာကိုသုံးသပ်သင့်သောအကြောင်းရင်းများ (ကက စစ. ၃၄၀-၂ အပိုဒ် ၃)
ဧပြီ ၉ ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၃၀–၃၃
နံပါတ် ၁– လူသားတို့သည် ယေဟောဝါဘုရားသခင်ကို မည်သို့ကောင်းချီးပေးနိုင်သနည်း (က၉၉ ၅/၁၅ စစ. ၂၁-၄)
နံပါတ် ၂– ၂ ရာဇဝင်ချုပ် ၃၃:၁-၁၃
နံပါတ် ၃– သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရကြောင်း ဟေရှာယနှင့် ယေရမိကျမ်းမှ သက်သေအထောက်အထား (ကက စ. ၃၄၂ အပိုဒ် ၄–စ. ၃၄၃ အပိုဒ် ၃)
နံပါတ် ၄– ယေရှု၏ပရောဖက်ပြုချက်များပြည့်စုံခြင်းက သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရကြောင်းသက်သေထူ (ကက စ. ၃၄၄ အပိုဒ် ၁-၂)
ဧပြီ ၁၆ ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၃၄–၃၆
နံပါတ် ၁– ၂ ရာဇဝင်ချုပ်ကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၇၆-၇ ၃၄-၆)
နံပါတ် ၂– ၂ ရာဇဝင်ချုပ် ၃၆:၁-၁၆
နံပါတ် ၃– သမ္မာကျမ်းစာသည် သိပ္ပံပညာနှင့်ညီညွတ် (ကက စ. ၃၄၄ အပိုဒ် ၃–စ. ၃၄၆ အပိုဒ် ၃)
နံပါတ် ၄– aသမ္မာကျမ်းစာနှင့်ပတ်သက်၍ ကန့်ကွက်ချက်များကိုတုံ့ပြန်ခြင်း (ကက စ. ၃၄၆ အပိုဒ် ၄–စ. ၃၅၀ အပိုဒ် ၁)
ဧပြီ ၂၃ ကျမ်းစာဖတ်ရှုခြင်း– ဧဇရ ၁–၆
နံပါတ် ၁– ဧဇရကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၇၇-၈၀ အပိုဒ် ၁-၇; စစ. ၈၁-၂ အပိုဒ် ၁၄-၁၈)
နံပါတ် ၂– ဧဇရ ၄:၁-၁၆
နံပါတ် ၃– ခရစ်ယာန်များ မွေးနေ့ပွဲများကို အဘယ်ကြောင့်မကျင်းပကြသနည်း (ကက စစ. ၂၃၂-၃ အပိုဒ် ၄)
နံပါတ် ၄– ခရစ်ယာန်များသည် သွေးကို အဘယ်ကြောင့်ရှောင်ကြသနည်း (ကက စစ. ၃၇၃-၅ အပိုဒ် ၃)
ဧပြီ ၃၀ ရေးဖြေစစ်ဆေးခြင်း။ ကျမ်းစာဖတ်ရှုခြင်း– ဧဇရ ၇–၁၀
မေ ၇ ကျမ်းစာဖတ်ရှုခြင်း– နေဟမိ ၁–၅
နံပါတ် ၁– နေဟမိကျမ်း၏နိဒါန်း (ကမ စစ. ၈၃-၅ အပိုဒ် ၁-၅)
နံပါတ် ၂– နေဟမိ ၁:၁-၁၁
နံပါတ် ၃– ခရစ်ယာန်များသည် သွေးသွင်းခြင်းကို အဘယ်ကြောင့်လက်မခံကြသနည်း (ကက စ. ၃၇၅ အပိုဒ် ၄–စ. ၃၇၆ အပိုဒ် ၄)
နံပါတ် ၄– bသွေးသွင်းခြင်းနှင့်ပတ်သက်၍ အခိုင်အမာပြောဆိုချက်များကို တုံ့ပြန်ခြင်း (ကက စ. ၃၇၇ အပိုဒ် ၁–စ. ၃၇၉ အပိုဒ် ၂)
မေ ၁၄ ကျမ်းစာဖတ်ရှုခြင်း– နေဟမိ ၆–၉
နံပါတ် ၁– ခရစ်ယာန်အသင်းတော်သည် နှစ်သိမ့်မှုပေးရာရင်းမြစ်ဖြစ် (က၉၉ ၅/၁၅ စစ. ၂၅-၈)
နံပါတ် ၂– နေဟမိ ၉:၁-၁၅
နံပါတ် ၃– ဒုတိယမွေးခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း (ကက စစ. ၁၃၁-၂ အပိုဒ် ၆)
နံပါတ် ၄– ကယ်တင်ခြင်းသည် “ဒုတိယမွေးခြင်း” ခံရခြင်းအပေါ်မူမတည်
မေ ၂၁ ကျမ်းစာဖတ်ရှုခြင်း– နေဟမိ ၁၀–၁၃
နံပါတ် ၁– နေဟမိကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၈၆-၇ အပိုဒ် ၁၆-၁၉)
နံပါတ် ၂– နေဟမိ ၁၂:၂၇-၄၃
နံပါတ် ၃– cဒုတိယမွေးခြင်းခံရခြင်းနှင့်ပတ်သက်၍ ရှုမြင်ပုံများကိုတုံ့ပြန်ခြင်း (ကက စ. ၁၃၄ အပိုဒ် ၃–စ. ၁၃၅ အပိုဒ် ၂)
နံပါတ် ၄– ဘုန်းကြီးများထံဝန်ခံခြင်း—ကျမ်းစာနှင့် အဘယ်ကြောင့်မညီသနည်း (ကက စစ. ၃၁၆-၇ အပိုဒ် ၈)
မေ ၂၈ ကျမ်းစာဖတ်ရှုခြင်း– ဧသတာ ၁–၄
နံပါတ် ၁– ဧသတာကျမ်း၏နိဒါန်း (ကမ စစ. ၈၈-၉၀ အပိုဒ် ၁-၆)
နံပါတ် ၂– ဧသတာ ၁:၁-၁၅
နံပါတ် ၃– ဘုရားသခင်နှင့် လူကိုပြစ်မှားသောအပြစ်များဝန်ခံခြင်း (ကက စ. ၃၁၉ အပိုဒ် ၁-၇)
နံပါတ် ၄– ကြီးလေးသောအပြစ်များကို အကြီးအကဲများထံ အဘယ်ကြောင့်ဝန်ခံသင့်သနည်း
ဇွန် ၄ ကျမ်းစာဖတ်ရှုခြင်း– ဧသတာ ၅–၁၀
နံပါတ် ၁– ဧသတာကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၉၁-၃ အပိုဒ် ၁၆-၁၈)
နံပါတ် ၂– ဧသတာ ၅:၁-၁၄
နံပါတ် ၃– ဖန်ဆင်းခြင်းကိုယုံခြင်းသည် အဘယ်ကြောင့်ဆင်ခြင်ဉာဏ်ရှိရာကျသနည်း
နံပါတ် ၄– ဖန်ဆင်းခြင်းဆိုင်ရာကျမ်းစာမှတ်တမ်းကို သဘောပေါက်နားလည်ခြင်း
ဇွန် ၁၁ ကျမ်းစာဖတ်ရှုခြင်း– ယောဘ ၁–၇
နံပါတ် ၁– ယောဘကျမ်း၏နိဒါန်း (ကမ စစ. ၉၃-၇ အပိုဒ် ၁-၆)
နံပါတ် ၂– ယောဘ ၁:၆-၂၂
နံပါတ် ၃– လက်ဝါးကပ်တိုင်ကိုးကွယ်ခြင်းသည် အဘယ်ကြောင့် ကျမ်းစာနှင့်မညီသနည်း
နံပါတ် ၄– လူသားများ အဘယ်ကြောင့်သေဆုံးကြရသနည်း (ကက စစ. ၃၂၈-၃၀ အပိုဒ် ၃)
ဇွန် ၁၈ ကျမ်းစာဖတ်ရှုခြင်း– ယောဘ ၈–၁၄
နံပါတ် ၁– ရှောလု—သခင်ရွေးကောက်ရာတန်ဆာ (က၉၉ ၅/၁၅ စစ. ၂၉-၃၁)
နံပါတ် ၂– ယောဘ ၈:၁-၂၂
နံပါတ် ၃– သေလွန်သူများ အဘယ်နေရာသို့ရောက်ကြသနည်း၊ သူတို့၏အခြေအနေကား အဘယ်နည်း (ကက စ. ၃၃၀ အပိုဒ် ၄–စ. ၃၃၂ အပိုဒ် ၂)
နံပါတ် ၄– ယေဟောဝါသက်သေများသည် ငိုကြွေးခြင်းဆိုင်ရာရိုးရာဓလေ့၌ အဘယ်ကြောင့် မပါဝင်ကြသနည်း (ကက စ. ၃၃၂ အပိုဒ် ၃–စ. ၃၃၃ အပိုဒ် ၆)
ဇွန် ၂၅ ကျမ်းစာဖတ်ရှုခြင်း– ယောဘ ၁၅–၂၁
နံပါတ် ၁– ကတိတော်နှင့်ပတ်သက်၍ ဘုရားသခင်သည် နှေးတော်မမူ (က၉၉ ၆/၁ စစ. ၄-၇)
နံပါတ် ၂– ယောဘ ၁၇:၁-၁၆
နံပါတ် ၃– dသေခြင်းနှင့်ပတ်သက်သည့် မှားယွင်းသောရှုမြင်ပုံများကိုတုံ့ပြန်ခြင်း (ကက စ. ၃၃၄ အပိုဒ် ၁-၃)
နံပါတ် ၄– အိပ်မက်များ– မှုတ်သွင်းခံရခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် (ကက စစ. ၄၃၁-၃ အပိုဒ် ၃)
ဇူလိုင် ၂ ကျမ်းစာဖတ်ရှုခြင်း– ယောဘ ၂၂–၂၉
နံပါတ် ၁– သင့်အမြင် ကျယ်စေသင့်သလော (က၉၉ ၆/၁၅ စစ. ၁၀-၁၃)
နံပါတ် ၂– ယောဘ ၂၇:၁-၂၃
နံပါတ် ၃– ဆေးဝါးများ—ခရစ်ယာန်များအား တားမြစ်ထားသည့်အချိန် (ကက စစ. ၉၅-၇ အပိုဒ် ၂)
နံပါတ် ၄– အဘယ်ကြောင့် ခရစ်ယာန်များဆေးခြောက်ကိုရှောင်ရ (ကက စ. ၉၇ အပိုဒ် ၃–စ. ၉၈ အပိုဒ် ၂)
ဇူလိုင် ၉ ကျမ်းစာဖတ်ရှုခြင်း– ယောဘ ၃၀–၃၅
နံပါတ် ၁– ကျမ်းစာပရောဖက်ပြုချက်ကို သင်အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင် (က၉၉ ၇/၁၅ စစ. ၄-၈)
နံပါတ် ၂– ယောဘ ၃၁:၁-၂၂
နံပါတ် ၃– ခရစ်ယာန်များ အဘယ်ကြောင့် ဆေးလိပ်မသောက်ကြသနည်း (ကက စ. ၉၈ အပိုဒ် ၃–စ. ၁၀၀ အပိုဒ် ၃)
နံပါတ် ၄– အကျင့်ဆိုးများကိုအောင်မြင်ခြင်း—မည်သို့အားဖြင့်နည်း (ကက စ. ၁၀၀ အပိုဒ် ၄–စ. ၁၀၁ အပိုဒ် ၃)
ဇူလိုင် ၁၆ ကျမ်းစာဖတ်ရှုခြင်း– ယောဘ ၃၆–၄၂
နံပါတ် ၁– ယောဘကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ကမ စစ. ၉၈-၁၀၀ အပိုဒ် ၃၉-၄၃)
နံပါတ် ၂– ယောဘ ၃၆:၁-၂၂
နံပါတ် ၃– တိုင်းနိုင်ငံများကြောင့် မြေကြီးဆိုင်ရာဘုရားသခင့်ရည်ရွယ်ချက် ပျက်ပြားသွားမည်မဟုတ် (ကက စစ. ၂၂၇-၈ အပိုဒ် ၂)
နံပါတ် ၄– ယေဟောဝါသည် မြေကြီးကို မီးဖြင့်ဖျက်ဆီးမည်လော (ကက စ. ၂၂၈ အပိုဒ် ၃–စ. ၂၂၉ အပိုဒ် ၅)
ဇူလိုင် ၂၃ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၁–၁၀
နံပါတ် ၁– ဆာလံကျမ်း၏နိဒါန်း—အပိုင်း ၁ (ကမ စစ. ၁၀၁-၃ အပိုဒ် ၁-၅)
နံပါတ် ၂– ဆာလံ ၃:၁–၄:၈
နံပါတ် ၃– ယေရုရှလင်မြို့သစ်အဖွဲ့ဝင်များသည် လူဆိုးတို့ကိုဖျက်ဆီးပြီးနောက် မြေကြီးပေါ်သို့ ပြန်လာရန်မဟုတ် (ကက စ. ၂၃၀ အပိုဒ် ၁-၂)
နံပါတ် ၄– မြေကြီးဆိုင်ရာဘုရားသခင့်မူလရည်ရွယ်ချက်ပြောင်းလဲခဲ့ပြီလော (ကက စ. ၂၃၁ အပိုဒ် ၁-၅)
ဇူလိုင် ၃၀ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၁၁–၁၈
နံပါတ် ၁– ဆာလံကျမ်း၏နိဒါန်း—အပိုင်း ၂ (ကမ စ. ၁၀၄-၆ အပိုဒ် ၆-၁၁)
နံပါတ် ၂– ဆာလံ ၁၁:၁–၁၃:၆
နံပါတ် ၃– ဖျားနာသူများကို ကျွန်ုပ်တို့မည်သို့အားပေးနိုင်သနည်း (ကက စစ. ၄၁၈-၁၉ အပိုဒ် ၃)
နံပါတ် ၄– ပူဆွေးကြေကွဲနေသူများကို ကျွန်ုပ်တို့မည်သို့အားပေးနိုင် (ကက စ. ၄၁၉ အပိုဒ် ၄–စ. ၄၂၀ အပိုဒ် ၂)
ဩဂုတ် ၆ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၁၉–၂၆
နံပါတ် ၁– ကျန်းခံ့သောဆက်သွယ်မှု—သာယာသောအိမ်ထောင်ရေး၏သော့ချက် (က၉၉ ၇/၁၅ စစ. ၂၁-၃)
နံပါတ် ၂– ဆာလံ ၂၀:၁–၂၁:၁၃
နံပါတ် ၃– ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံရသူများအတွက် အားပေးမှု (ကက စ. ၄၂၀ အပိုဒ် ၃-၈)
နံပါတ် ၄– မတရားမှုများကြောင့် စိတ်ဓာတ်ကျဆင်းနေသူများကို သင်မည်သို့အားပေးနိုင်သနည်း (ကက စ. ၄၂၁ အပိုဒ် ၁-၄)
ဩဂုတ် ၁၃ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၂၇–၃၄
နံပါတ် ၁– ဖိလိပ္ပု—စိတ်အားထက်သန်သော ဧဝံဂေလိဟောပြောသူတစ်ဦး (က၉၉ ၇/၁၅ စစ. ၂၄-၅)
နံပါတ် ၂– ဆာလံ ၂၈:၁–၂၉:၁၁
နံပါတ် ၃– စီးပွားရေးပြဿနာများကြောင့် အကျပ်တွေ့နေရသူများအတွက် အားပေးချက်ကား အဘယ်နည်း (ကက စ. ၄၂၁ အပိုဒ် ၅–စ. ၄၂၂ အပိုဒ် ၁)
နံပါတ် ၄– ချွတ်ယွင်းချက်များကြောင့် စိတ်ဓာတ်ကျနေသူများအတွက်အားပေးမှု (ကက စ. ၄၂၂ အပိုဒ် ၂-၅)
ဩဂုတ် ၂၀ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၃၅–၃၉
နံပါတ် ၁– ရွယ်တူချင်းဖိအား—သင့်အကျိုးအတွက်ဖြစ်နိုင်မည်လော (က၉၉ ၈/၁ စစ. ၁၈-၂၁)
နံပါတ် ၂– ဆာလံ ၃၈:၁-၂၂
နံပါတ် ၃– ဆင့်ကဲဖြစ်စဉ်—သိပ္ပံဆိုင်ရာအကျပ်ရိုက်မှုတစ်ခု (ကက စစ. ၁၀၅-၇ အပိုဒ် ၂)
နံပါတ် ၄– ဆင့်ကဲဖြစ်စဉ်၊ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းနှင့် ကျိုးကြောင်းညီညွတ်မှု (ကက စ. ၁၀၇ အပိုဒ် ၃–စ. ၁၁၀ အပိုဒ် ၄)
ဩဂုတ် ၂၇ ရေးဖြေစစ်ဆေးခြင်:။ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၄၀–၄၇
စက် ၃ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၄၈–၅၅
နံပါတ် ၁– အမျက်ဒေါသကြောင့် ထိမိ၍အလဲမခံပါနှင့် (က၉၉ ၈/၁၅ စစ. ၈-၉)
နံပါတ် ၂– ဆာလံ ၄၉:၁-၂၀
နံပါတ် ၃– eဆင့်ကဲဝါဒီများ၏အခိုင်အမာပြောဆိုချက်များကိုတုံ့ပြန်ခြင်း (ကက စ. ၁၁၀ အပိုဒ် ၅–စ. ၁၁၃ အပိုဒ် ၂)
နံပါတ် ၄– အဘယ်ကြောင့် လူအမြောက်အမြား ယုံကြည်ခြင်းကင်းမဲ့ကြသနည်း (ကက စစ. ၂၆၂-၄ အပိုဒ် ၁)
စက် ၁၀ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၅၆–၆၅
နံပါတ် ၁– ကျွန်ုပ်တို့ကို စာတန်ဖျားနာစေသလော (က၉၉ ၉/၁ စစ. ၄-၇)
နံပါတ် ၂– ဆာလံ ၅၉:၁-၁၇
နံပါတ် ၃– လူတစ်ဦးသည် ယုံကြည်ခြင်းကို မည်သို့ရယူနိုင်သနည်း (ကက စ. ၂၆၄ အပိုဒ် ၂-၅)
နံပါတ် ၄– ဖြောင့်မတ်သောစနစ်သစ်အလားအလာ၌ယုံကြည်ခြင်းကို အလုပ်ဖြင့်သက်သေထူ (ကက စ. ၂၆၅ အပိုဒ် ၁-၅)
စက် ၁၇ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၆၆–၇၁
နံပါတ် ၁– “ကောင်းသောအဖို့” ကိုရွေးယူပါ (က၉၉ ၉/၁ စစ. ၃၀-၁)
နံပါတ် ၂– ဆာလံ ၆၉:၁-၁၉
နံပါတ် ၃– မိစ္ဆာပရောဖက်များကို မည်သို့ဝေခွဲနိုင်သနည်း (ကက စစ. ၂၂၁-၃ အပိုဒ် ၂)
နံပါတ် ၄– ပရောဖက်စစ်များသည် မည်သည့်နည်းနှင့် မည်သည့်အချိန်တွင် ကြိုဟောထားသည့်အရာများဖြစ်ပျက်လာမည်ကို အမြဲနားမလည်ခဲ့ကြ (ကက စ. ၂၂၃ အပိုဒ် ၃-၈)
စက် ၂၄ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၇၂–၇၇
နံပါတ် ၁– အဘယ်ကြောင့်ကတိတည်ရသနည်း (က၉၉ ၉/၁၅ စစ. ၈-၁၁)
နံပါတ် ၂– ဆာလံ ၇၃:၁-၂၄
နံပါတ် ၃– ပရောဖက်စစ်၏ကြွေးကြော်ချက်များသည် စစ်မှန်သောဝတ်ပြုရေးကိုမြှင့်တင် (ကက စ. ၂၂၄ အပိုဒ် ၁-၂)
နံပါတ် ၄– ပရောဖက်စစ်များကို သီးပွင့်သောအသီးအပွင့်များဖြင့်ဝေခွဲနိုင် (ကက စ. ၂၂၄ အပိုဒ် ၃–စ. ၂၂၆ အပိုဒ် ၁)
အောက် ၁ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၇၈–၈၁
နံပါတ် ၁– ဉာဏ်ပညာကိုရယူကာ ဆုံးမပဲ့ပြင်မှုကိုလက်ခံ (က၉၉ ၉/၁၅ စစ. ၁၂-၁၅)
နံပါတ် ၂– ဆာလံ ၇၈:၁-၂၂
နံပါတ် ၃– ကျွန်ုပ်တို့ကို မိစ္ဆာပရောဖက်များဟုဆိုသူများအား တုံ့ပြန်ခြင်း (ကက စ. ၂၂၆ အပိုဒ် ၂–စ. ၂၂၇ အပိုဒ် ၁)
နံပါတ် ၄– လူတစ်ဦးစီသေရမည့်အချိန်ကို ဘုရားသခင်ကြိုတင်ပိုင်းဖြတ်မထား (ကက စ. ၃၀ အပိုဒ် ၁-၃)
အောက် ၈ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၈၂–၈၉
နံပါတ် ၁– တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်” (က၉၉ ၉/၁၅ စစ. ၂၉-၃၁)
နံပါတ် ၂– ဆာလံ ၈၈:၁-၁၈
နံပါတ် ၃– ဖြစ်ပျက်သမျှသည် ဘုရားသခင့်အလိုတော်မဟုတ် (ကက စ. ၃၁ အပိုဒ် ၁–စ. ၃၂ အပိုဒ် ၄)
နံပါတ် ၄– ဘုရားသခင်သည် အရာရာကိုကြိုသိ၍ ကြိုစီမံထားတော်မမူ (ကက စ. ၃၂ အပိုဒ် ၅-၇)
အောက် ၁၅ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၉၀–၉၈
နံပါတ် ၁– မှားယွင်းခြင်းကိုငြင်းဆိုရန် အခိုင်အခံ့ဖြစ်စေ (က၉၉ ၁၀/၁ စစ. ၂၈-၃၁)
နံပါတ် ၂– ဆာလံ ၉၀:၁-၁၇
နံပါတ် ၃– အဖြစ်အပျက်များကို ကြိုသိ၍ ကြိုဖန်တီးနိုင်သည့် ဘုရားသခင်၏အစွမ်း (ကက စ. ၃၃ အပိုဒ် ၁-၄)
နံပါတ် ၄– ဘုရားသခင်သည် အာဒံနှင့်စပ်လျဉ်း၍ မိမိ၏ကြိုသိနိုင်စွမ်းကို အဘယ်ကြောင့်မသုံးခဲ့ (ကက စ. ၃၄ အပိုဒ် ၁-၃)
အောက် ၂၂ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၉၉–၁၀၅
နံပါတ် ၁– မေတ္တာ၏ထူးကဲကောင်းမွန်သောလမ်းစဉ်ကိုသင်ယူခြင်း (က၉၉ ၁၀/၁၅ စစ. ၈-၁၁)
နံပါတ် ၂– ဆာလံ ၁၀၃:၁-၂၂
နံပါတ် ၃– ဘုရားသခင်သည် ယာကုပ်၊ ဧသော သို့မဟုတ် ယုဒတို့၏ကံကြမ္မာကို ကြိုတင်မဖန်တီးခဲ့ (ကက စ. ၃၅ အပိုဒ် ၁-၃)
နံပါတ် ၄– ခရစ်ယာန်အသင်းတော်သည် မည်သည့်နည်းဖြင့် တင်ကြိုပိုင်းဖြတ်ခံခဲ့ရသနည်း (ကက စ. ၃၅ အပိုဒ် ၄–စ. ၃၆ အပိုဒ် ၁)
အောက် ၂၉ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၁၀၆–၁၀၉
နံပါတ် ၁– “ယေဟောဝါကိုယ်တော်တိုင်သည် ဉာဏ်ပညာကိုပေးသနားတော်မူ၏” (က၉၉ ၁၁/၁၅ စစ. ၂၄-၇)
နံပါတ် ၂– ဆာလံ ၁၀၇:၁-၁၉
နံပါတ် ၃– နက္ခတ်ဗေဒင်ပညာနှင့်ပတ်သက်၍ ကျမ်းစာရှုမြင်ချက်ကားအဘယ်နည်း (ကက စ. ၃၆ အပိုဒ် ၂–စ. ၃၇ အပိုဒ် ၃)
နံပါတ် ၄– ဘုရားသခင်ကိုယုံကြည်ဖို့ ခိုင်လုံသောအကြောင်းအချို့ကားအဘယ်နည်း (ကက စစ. ၁၉၅-၆ အပိုဒ် ၅)
နို ၅ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၁၁၀–၁၁၈
နံပါတ် ၁– အပေါကလစ်—ကြောက်ရွံ့ရန်လော၊ မျှော်လင့်ရန်လော (က၉၉ ၁၂/၁ စစ. ၅-၈)
နံပါတ် ၂– ဆာလံ ၁၁၂:၁–၁၁၃:၉
နံပါတ် ၃– ဆိုးယုတ်မှုနှင့်ဆင်းရဲဒုက္ခသည် ဘုရားသခင်မရှိကြောင်း သက်သေမထူ (ကက စ. ၁၉၆ အပိုဒ် ၆—စ. ၁၉၇ အပိုဒ် ၁)
နံပါတ် ၄– ဘုရားသခင်သည် ခံစားတတ်သော တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ် (ကက စ. ၁၉၇ အပိုဒ် ၂–စ. ၁၉၈ အပိုဒ် ၃)
နို ၁၂ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၁၁၉
နံပါတ် ၁– သင်၏အားသာချက်ကို သင်၏အားနည်းချက် မဖြစ်လာပါစေနှင့် (က၉၉ ၁၂/၁ စစ. ၂၆-၉)
နံပါတ် ၂– ဆာလံ ၁၁၉:၁-၂၄
နံပါတ် ၃– ဘုရားသခင်၌ အစမရှိ (ကက စ. ၁၉၈ အပိုဒ် ၄-၇)
နံပါတ် ၄– ဘုရားသခင့်နာမတော်ကိုအသုံးပြုခြင်းသည် ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ် (ကက စ. ၁၉၉ အပိုဒ် ၁-၄)
နို ၁၉ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၁၂၀–၁၃၇
နံပါတ် ၁– ဆာလံကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း—အပိုင်း ၁ (ကမ စစ. ၁၀၇-၉ အပိုဒ် ၂၃-၇)
နံပါတ် ၂– ဆာလံ ၁၂၀:၁–၁၂၂:၉
နံပါတ် ၃– ဘာသာတရားတိုင်းကောင်းသလော (ကက စ. ၁၉၉ အပိုဒ် ၅–စ. ၂၀၀ အပိုဒ် ၁)
နံပါတ် ၄– ယေရှုသည် မည်သို့သော “ဘုရား” ဖြစ်သနည်း (ကက စ. ၂၀၀ အပိုဒ် ၂-၃)
နို ၂၆ ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၁၃၈–၁၅၀
နံပါတ် ၁– ဆာလံကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း—အပိုင်း ၂ (ကမ စစ. ၁၀၉-၁၁ အပိုဒ် ၂၈-၃၂)
နံပါတ် ၂– ဆာလံ ၁၃၉:၁-၂၄
နံပါတ် ၃– fဘုရားသခင်ကိုယုံကြည်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ချက်များကို တုံ့ပြန်ခြင်း (ကက စ. ၂၀၀ အပိုဒ် ၄–စ. ၂၀၂ အပိုဒ် ၁)
နံပါတ် ၄– လူတို့သည် တရားမျှတသောအစိုးရတစ်ခုကို အဘယ်ကြောင့်မတည်ထောင်နိုင်ခဲ့ကြသနည်း (ကက စစ. ၃၇၉-၈၀ အပိုဒ် ၆)
ဒီ ၃ ကျမ်းစာဖတ်ရှုခြင်း– သုတ္တံ ၁–၇
နံပါတ် ၁– သုတ္တံကျမ်း၏နိဒါန်း—အပိုင်း ၁ (ကမ စစ. ၁၁၁-၃ အပိုဒ် ၁-၅)
နံပါတ် ၂– သုတ္တံ ၄:၁-၂၇
နံပါတ် ၃– သက်သာရာရရန်ဟူသည့် လူ့ကြိုးပမ်းမှုများ အဘယ်ကြောင့်မအောင်မြင်နိုင် (ကက စ. ၃၈၁ အပိုဒ် ၁-၆)
နံပါတ် ၄– ဘုရားသခင့်နိုင်ငံတော်သာလျှင် လူသားတို့၏ အမှန်လိုအပ်ရာများကိုဖြည့်ဆည်းပေး (ကက စ. ၃၈၂ အပိုဒ် ၁-၅)
ဒီ ၁၀ ကျမ်းစာဖတ်ရှုခြင်း– သုတ္တံ ၈–၁၃
နံပါတ် ၁– သုတ္တံကျမ်း၏နိဒါန်း—အပိုင်း ၂ (ကမ စစ. ၁၁၄-၆ အပိုဒ် ၆-၁၁)
နံပါတ် ၂– သုတ္တံ ၁၃:၁-၂၅
နံပါတ် ၃– ကျမ်းစာပရောဖက်ပြုချက်များသည် လုံးဝအားထားလောက်ကြောင်း ထင်ရှားခဲ့ (ကက စ. ၃၈၃ အပိုဒ် ၁-၄)
နံပါတ် ၄– ယနေ့အံ့ဖွယ်ကုသမှုများသည် ဘုရားသခင့်ဝိညာဉ်တော်အားဖြင့်မဟုတ် (ကက စ. ၂၅ အပိုဒ် ၁-၄)
ဒီ ၁၇ ကျမ်းစာဖတ်ရှုခြင်း– သုတ္တံ ၁၄–၁၉
နံပါတ် ၁– သုတ္တံကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း—အပိုင်း ၁ (ကမ စစ. ၁၁၇-၂၀ အပိုဒ် ၁၉-၂၈)
နံပါတ် ၂– သုတ္တံ ၁၆:၁-၂၅
နံပါတ် ၃– ယေရှုနှင့် သူ၏တမန်တော်များ၏ကုသမှုနှင့် မျက်မှောက်ခေတ်ကုသမှုများ၏ကွာခြားချက် (ကက စ. ၂၆ အပိုဒ် ၁-၄)
နံပါတ် ၄– ယနေ့ခရစ်ယာန်စစ်တို့ကို ခွဲခြားသိမြင်နိုင်ပုံ (ကက စ. ၂၆ အပိုဒ် ၅–စ. ၂၇ အပိုဒ် ၄)
ဒီ ၂၄ ကျမ်းစာဖတ်ရှုခြင်း– သုတ္တံ ၂၀–၂၅
နံပါတ် ၁– သုတ္တံကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း—အပိုင်း ၂ (ကမ စစ. ၁၂၀-၃ အပိုဒ် ၂၉-၃၈)
နံပါတ် ၂– သုတ္တံ ၂၀:၁-၃၀
နံပါတ် ၃– ကုသခြင်းဆုကျေးဇူးများကို ပထမရာစုတွင် အဘယ်ကြောင့်ပေးခဲ့ (ကက စ. ၂၈ အပိုဒ် ၁-၄)
နံပါတ် ၄– လူသားအားလုံးအတွက် စစ်မှန်သောကုသမှုနှင့်စပ်လျဉ်း၍ အဘယ်မျှော်လင့်ချက်ရှိသနည်း (ကက စ. ၂၉ အပိုဒ် ၁-၃)
ဒီ ၃၁ ရေးဖြေစစ်ဆေးခြင်း။ ကျမ်းစာဖတ်ရှုခြင်း– သုတ္တံ ၂၆–၃၁
[အောက်ခြေမှတ်ချက်များ]
a အချိန်ရသရွေ့ ရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးနည်းဖြင့် ဖြည့်ဆည်းပေးမည့် အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များစသည်တို့နှင့်ပတ်သက်သည့် တုံ့ပြန်ပုံများကို သုံးသပ်ပါ။
b အချိန်ရသရွေ့ ရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးနည်းဖြင့် ဖြည့်ဆည်းပေးမည့် အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များစသည်တို့နှင့်ပတ်သက်သည့် တုံ့ပြန်ပုံများကို သုံးသပ်ပါ။
c အချိန်ရသရွေ့ ရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးနည်းဖြင့် ဖြည့်ဆည်းပေးမည့် အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များစသည်တို့နှင့်ပတ်သက်သည့် တုံ့ပြန်ပုံများကို သုံးသပ်ပါ။
d အချိန်ရသရွေ့ ရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးနည်းဖြင့် ဖြည့်ဆည်းပေးမည့် အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များစသည်တို့နှင့်ပတ်သက်သည့် တုံ့ပြန်ပုံများကို သုံးသပ်ပါ။
e အချိန်ရသရွေ့ ရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးနည်းဖြင့် ဖြည့်ဆည်းပေးမည့် အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များစသည်တို့နှင့်ပတ်သက်သည့် တုံ့ပြန်ပုံများကို သုံးသပ်ပါ။
f အချိန်ရသရွေ့ ရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးနည်းဖြင့် ဖြည့်ဆည်းပေးမည့် အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များစသည်တို့နှင့်ပတ်သက်သည့် တုံ့ပြန်ပုံများကို သုံးသပ်ပါ။