မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် နို. ၁၅
“‘ကျွန်တော်တို့အတွက် ယေရှုအသေခံတယ်’ ဆိုတဲ့အသုံးအနှုန်းကို ကျွန်တော်တို့ကြားဖူးကြပါတယ်။ [ယောဟန် ၃:၁၆ ကိုကိုးကားပါ။] လူတစ်ဦးရဲ့သေခြင်းက ကျွန်တော်တို့အားလုံးကို ဘယ်လိုကယ်တင်နိုင်သလဲဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ရိုးရှင်းတဲ့အဖြေကို ပေးထားပါတယ်။ ‘ယေရှုကယ်တင်သည်—မည်သို့အားဖြင့်နည်း’ ဆိုတဲ့ဒီဆောင်းပါးက အဲဒါကို အတိအလင်းရှင်းပြပေးပါတယ်။”
နိုးလော့! နို. ၂၂ [လိပ်]
“လူသားတွေဟာ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်နေကြပါသလ။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူအများစုက ကမ္ဘာပေါ်မှာရှိတဲ့ အတိမ်းအစောင်းမခံတဲ့ဇီဝထုဟန်ချက်ဟာ ထာဝစတည်ရှိသွားမလဆိုတာကို သိချင်ကြတယ်။ ဘုရာသခင်က အလွန်စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ဖို့ကောင်းတယ်။ [နေဟမိ ၉:၆ ကိုဖတ်ပါ။] ဒီ နိုးလော့! က ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေအတွက် အနာဂတ်ဘယ်လိုရှိမလဲဆိုတာကို ဆွေးနွေးထားပါတယ်။”
ကင်းမျှော်စင် ဒီ. ၁
“နှစ်ရဲ့ဒီအခါသမယမှာ လူအများစုဟာ လက်ဆောင်ပေးတာ၊ အခြားကောင်းမှုပြုတာတို့နဲ့ အလွန်အလုပ်များနေကြတယ်။ အဲဒါက ရွှေပညတ်ကို သတိရစေပါတယ်။ [မဿဲ ၇:၁၂ ကိုဖတ်ပါ။] တစ်နှစ်ပတ်လုံး အဲဒီပညတ်နဲ့အညီအသက်ရှင်နိုင်မယ်လို့ မိတ်ဆွေထင်သလ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက ‘ရွှေပညတ်—လက်တွေ့ကျဆဲလော’ ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး စဉ်းစားဆင်ခင်စရာအကြောင်းများစွာကို ဖော်ပြပေးပါတယ်။”
နိုးလော့! ဒီ. ၈ [လိပ်]
“‘ကျွန်တော်နေမကောင်းဘူး’ လို့ဘယ်သူမှမပြောတော့မယ့်တစ်နေ့ ရောက်လလိမ့်မယ်လို့ သမ္မာကျမ်းစာက ကတိပေးထားတယ်။ [ဟေရှာယ ၃၃:၂၄ ကိုဖတ်ပါ။] အဲဒီကတိတော်နဲ့အညီ ဒီ နိုးလော့! စာစောင်က လူကြီးလူငယ်မရွေး လူသန်းပေါင်းများစွာခံစားရတဲ့ဖျားနာမှုကို အာရုံစိုက်စေပါတယ်။ အဲဒါကို ‘အဆစ်ရောင်ဝေဒနာရှင်များအတွက်မျှော်လင့်ချက်’ လို့ခေါင်းစတပ်ထားပါတယ်။ ဒီဆောင်းပါးတွေက အသိပညာပေးတာကို မိတ်ဆွေတွေ့ရမယ်လို့ ကျွန်တော်ယုံကြည်တယ်။”