မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် အောက်. ၁
“အနာဂတ်မှာ ကျွန်တော်တို့ ဘာတွေရင်ဆိုင်ရမလဲဆိုတာကို လူတော်တော်များများ သိချင်ကြတယ်။ ကျွန်တော်တို့အချိန်နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ ကျော်က မှတ်တမ်းတင်ထားတဲ့ အချက်တစ်ချက်ကို ဖတ်ပြပါရစေ။ [မဿဲ ၂၄:၇ ကိုဖတ်ပြီး စာမျက်နှာ ၇ မှဆောင်းပါးကို ပြပါ။] ဒါက အနာဂတ်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာဖော်ပြတဲ့ အချက်အများကြီးထဲက တစ်ချက်သာဖြစ်ပါတယ်။ ဒီမဂ္ဂဇင်းက အနာဂတ်မှာဖြစ်ပျက်မယ့် အဖြစ်အပျက်တချို့ကို ဖော်ပြထားပါတယ်။” စာမျက်နှာ ၈ မှဆောင်းပါးကိုပြပါ။
နိုးလော့! အောက်.
“ဘုရားသခင်ရဲ့ တကယ့်သဘောသဘာဝနဲ့ပတ်သက်ပြီး ဘာသာတရားများစွာမှာ အမြင်အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့သားတော်ယေရှုက ဘုရားသခင်ကို ဘယ်လိုပုံဖော်ထားတာနဲ့ပတ်သက်ပြီး ကျမ်းတစ်ချက် ဖတ်ပြပါရစေ။ [ယောဟန် ၄:၂၄ ကိုဖတ်ပါ။] ဒီဆောင်းပါးမှာ “ဘုရားသခင်၏ သဘောသဘာဝကား အဘယ်နည်း” ဆိုတဲ့မေးခွန်းနဲ့ပတ်သက်တဲ့ ကျမ်းစာရှုထောင့်ကို စာမျက်နှာနှစ်မျက်နှာတည်းနဲ့ ဖော်ပြထားပါတယ်။” စာမျက်နှာ ၁၆ နှင့် ၁၇ မှဆောင်းပါးကိုဖော်ပြပါ။
ကင်းမျှော်စင် နို. ၁
“သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားသလဲဆိုတာကို လူတော်တော်များများ တွေးမိကြတယ်။ ဒါပေမဲ့ မီးငရဲအယူအဆက သူတို့အတွေးထဲဝင်လာတဲ့အခါမှာတော့ သေပြီးနောက် ဘာဆက်ဖြစ်တယ်ဆိုတာကို လူတွေ မတွေးလိုကြတော့ပါဘူး။ သေဆုံးသွားသူတွေရဲ့ အခြေအနေမှန်နဲ့ပတ်သက်ပြီး ကျမ်းစာဖော်ပြထားတဲ့ စိတ်ဝင်စားစရာ အချက်တစ်ချက်ကို ဖတ်ပြပါရစေ။ [ဒေသနာ ၉:၅ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းကို မိတ်ဆွေဖတ်ကြည့်မယ်ဆိုရင် သေခြင်း၊ ငရဲနဲ့ပတ်သက်ပြီး လန်းဆန်းမှုဖြစ်စေတဲ့အဖြေကို ရရှိပါလိမ့်မယ်။ လက်ဆောင်အနေနဲ့ ပေးထားခဲ့ပါရစေ။”
နိုးလော့! နို.
“အောင်မြင်မှုကို ကျော်ကြားတာ၊ ငွေကြေးပြည့်စုံတာ ဒါမှမဟုတ် ပညာကောင်းကောင်းတတ်တာနဲ့ လူတွေဆက်စပ်လေ့ရှိပါတယ်။ ဒီအရာတွေကို မပိုင်ဆိုင်ဘဲနဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်တယ်ဆိုတာ မိတ်ဆွေသိပါသလား။ အောင်မြင်ဖို့ ဘာလိုအပ်တယ်ဆိုတာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘယ်လိုဖော်ပြသလဲဆိုတာကို ဖတ်ပြချင်ပါတယ်။ [ဆာလံ ၁:၁-၃ ကိုဖတ်ပါ။] ဒီဆောင်းပါးက အောင်မြင်ဖို့အတွက် သော့ချက် ၆ ချက်ကို ဆွေးနွေးထားပါတယ်။” စာမျက်နှာ ၆ မှဆောင်းပါးကို ဖော်ပြပါ။