မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် နို. ၁၅
“ပျော်ရွှင်ပြီးအဓိပ္ပာယ်ပြည့်ဝတဲ့အသက်တာကို ကျွန်တော်တို့အားလုံး ပိုင်ဆိုင်ချင်ကြတယ်။ ပျော်ရွှင်မှုရဲ့သော့ချက်နဲ့ပတ်သက်ပြီး ဒီကျမ်းချက်မှာပါတဲ့ယေရှုရဲ့စကားကို မိတ်ဆွေသဘောတူသလား။ [မဿဲ ၅:၃ ကိုဖတ်ပြပြီး တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ကို ဝတ်ပြုဖို့လိုတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့မွေးရာပါအခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းခြင်းက အသက်တာကို ဘယ်လိုအဓိပ္ပာယ်ပြည့်ဝစေနိုင်တယ်ဆိုတဲ့အကြောင်း ဒီမဂ္ဂဇင်းမှာရှင်းပြထားတယ်။”
နိုးလော့! နို.
“အရင်တုန်းကတော့ လူတွေက လမ်းညွှန်မှုရနိုင်ဖို့ သမ္မာကျမ်းစာမှာ ရှာဖွေကြတယ်။ ဒါပေမဲ့ အခုခေတ်လူအတော်များများက ကျမ်းစာနဲ့ပတ်သက်ပြီး သံသယတွေရှိနေတယ်လို့ပြောကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပြီးနောက် ၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပြပါ။] ကျမ်းစာကို ဘုရားသခင်မှုတ်သွင်းတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားအကြောင်း ဒီအထူးထုတ်နိုးလော့!မှာ ဖော်ပြထားတယ်။”
ကင်းမျှော်စင် ဒီ. ၁
“ဒီမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမလဲ။ [မျက်နှာဖုံးခေါင်းစဉ်ကို ဖတ်ပြပြီးနောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင့်ရည်ရွယ်ချက်က လူသားတစ်ရပ်လုံး စည်းစည်းလုံးလုံးရှိကြဖို့ပဲ။ [ဆာလံ ၄၆:၈၊ ၉ ကိုဖတ်ပါ။] စည်းလုံးမှု ဘယ်လိုရရှိမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာရှင်းပြချက်ကို ဒီမဂ္ဂဇင်းမှာဖော်ပြထားတယ်။”
နိုးလော့! ဒီ.
“လူတချို့က သေခြင်းဆိုတာ ဘဝပြောင်းတာလို့ ယူဆကြတယ်၊ တချို့ကျတော့ ဘဝနိဂုံးဆိုပြီး ယုံကြည်ကြတယ်။ မိတ်ဆွေကော၊ သေခြင်းဆိုတာ ကြောက်စရာကောင်းတဲ့အရာလို့ ယူဆသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယောဘက သူ့ရဲ့သေခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုခံစားခဲ့သလဲဆိုတာ ဒီကျမ်းချက်မှာ ဖော်ပြထားတယ်။ [ယောဘ ၁၄:၁၄၊ ၁၅ ကိုဖတ်ပါ။] ကျွန်တော်တို့သေဆုံးတဲ့အခါ ဘာဖြစ်သွားတယ်ဆိုတဲ့အကြောင်း ကျမ်းစာရှင်းပြချက်ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”